Header Ads

အရည်အချင်းရှိတဲ့ မိန်းမ


ကိုယ်ပိုင် အရည်အချင်း ရှိတဲ့ မိန်းမ ဆိုတာ ဘယ်လောက်ပဲ ဟောင်နွမ်း စုတ်ပြဲနေပါစေ ၊ ဘယ်အချိန် ဖတ်ဖတ် အရာသာ ရှိတဲ့ စာအုပ်ကောင်း တအုပ်လို ပါဘဲ ။ စာတတ်တဲ့သူ ကတော့ စာအုပ်ကောင်း တ​အုပ်ရဲ့ တန်ဖိုးကို သိလို့ မြတ်နိုးပေမယ့် ၊ အသိ နုံနဲ့တဲ့ စာမတတ်သူ ကတော့ တန်ဖိုး မသိသလို နားလည်း မလည်တတ်ကြ ပါဘူး ။

အဲ့ဒီလို အသိဥာဏ် နည်းပါးတဲ့ စာမတတ်သူနဲ့ လက်ထပ်လိုက် ရတဲ့ မိန်းမသား တယောက်ရဲ့ ဘဝ ကတော့ တသက်တာလုံး သောကကို ရင်မှာ ပိုက်လို့ မိုက်နောင်တ တွေနဲ့ အပူကြီးလို့ လွတ်ဖို့ နည်းလည်း မမြင်ပါဘူး ။

ဝိသာခါကို သူ့ဖခင်က ယောက်ခမအိမ် ကို သွားတော့ မှာလိုက်တဲ့ စကားမျိုး ကို အသိလိမ္မာ ရှိတဲ့ မိန်းမမြတ်တွေက ကောင်းကောင်း သိလို့ လိုက်နာတယ် ။ အဲ့ဒီတော့ အတွင်းမီးကို အပြင် မထုတ် သလို အပြင်က မီးကိုလည်း အတွင်း မယူ ၊ ပူမိသမျှ ရင်ထဲမှာ ဗလောင်ဆူ ရင်ဖွင့်စရာရယ်လည်း ​မရှိ တငွေ့ငွေ့ အပူကြီးကို အိမ်ရှင်မတွေက ရင်မှာပိုက်လို့ အိမ်ထောင်ရေး အကျယ် ချုပ်ထဲ မပျော်မမွေ့နဲ့ သေတပန် သက်တဆုံး နေရတော့တာက မိဘုရား အဖြစ် ခံယူထားတဲ့ မိန်းမသားတွေရဲ့ဘဝ ။

အဲ ... သူတို့ရဲ့ ယောက်ျားတွေ ကြတော့ ... အိမ်တ​ခုလုံးကို အုပ်ချုပ် ပေးဆပ်မှု မှန်သမျှ အပြည့်အဝ ခံစား ထောင်ပိုင်ဘုရင်ကြီးများ အဖြစ် နန်းစံတော့တာ ။

ဒီကြားထဲ မိသားစု ဆိုတာပါ ပါလာလို့ကတော့ ယောက်ခမ ယောင်းမ မျက်နှာကြည့်လို့ သူ့အိမ်မှာ ခြေသုပ်ပုဆိုးလို ခစား ရိုကျိုး ၊ ဘဝက ဆိုးသထက် ဆိုး ။ လူတိုင်း မဟုတ်ပေမယ့် တချို့ မသိသာ ဆိုးဝါးတဲ့ မိသားစုမျိုးနဲ့ တွေ့ရင်တော့ အညွန့်ပါ ကျိုးရော ။

အဲ့ဒီ​တော့ ကိုယ် ချစ်ရတဲ့ လင်ယောက်ကျား ကပါ ကိုယ့်အပေါ် ငြိုငြင်လို့ မလိုချင်တော့ဘူး ဆိုရင်တော့ .... ? ။

နာကျင်ပါ ခံစားပါ ဝမ်းနည်းပါ လွမ်းပါ ဆွေးပါ ။ တန်ဖိုး မသိသူတွေနား ကတော့ ရှောင်ခွာ လိုက်တာ အကောင်းဆုံးး ။ နောက်ဆုံး တနေ့ နာကျင်ရမှာ သူ လွမ်းဆွေးရမှာက သူပါ ။ သူ့အတွက် နားလည်ခြင်း တွေနဲ့ ပေးဆပ်လို့ သူ့ကို သိပ်ချစ်တဲ့ မိန်းမတယောက် ဆုံးရှုံးသွားတာ ။ ကိုယ်က ဘယ်လောက်ပဲ ပေးချင်ချင် စာမတတ်လို့ မလိုချင်တာက သူပါ ။

အဲ့ဒီတော့ ... ကုန်ခဲ့ရတဲ့ အချိန်တွေ ငိုခဲ့ရတဲ့ မျက်လုံးလေးတွေ နာကျင် ခဲ့ရတဲ့ နှလုံးသား ဒါတွေ အားလုံး ပြည်ဖုံး ကားချလို့ သူမရှိတော့တဲ့ နေ့ရက်တိုင်းကို တရက်ခြင်း တရက် အားတင်းပြီး ဘဝကို အလှပဆုံး ပြန်လည် တည်ဆောက်လို့ ... တနေ့နေ့ ပြန်ဆုံတဲ့ အခါမှာ ကိုယ်ဟာ သူထားခဲ့တုန်းကနဲ့ မတူ အရာရာ ပြောင်းလဲ ဘဝကို အကောင်းဆုံး ရှင်သန် ရပ်တည်ရဲတဲ့ ထက်မြတ်တဲ့ မိန်းမသား အဖြစ် မဆန်းပြားနဲ တည်ငြိမ်တဲ့ အလှဆုံး အပြုံးတ​ချက်နဲ့ သာ ပြုံးပြလိုက်စမ်းပါ ။ သူ့ အရှုံးတွေကို ကောင်းကောင်းမြင်လို့ ဘဝမှာ ဘုန်းဘုန်း လဲပြီး သေချင်စိတ် ပေါက်သွားစေရအောင် ။

( စာမတတ်သူဆိုတာ အတန်းပညာကို မဆိုလိုပါ )

MayKha

No comments

Powered by Blogger.