ချစ်သူကို အမြဲရစ်တဲ့ ရစ်လုံးလေးတွေ ကြုံတွေ့ရနိုင်တဲ့ ဆိုးကျိုးများ..
ကိုယ်က သူ့ကို အရမ်း ချစ်လို့ ရစ်တာ ၊ မချစ်ရင် ဂရုတောင် မစိုက်ဘူး ဆိုတဲ့ စကားက မှန်ပေမယ့် ခဏလဏ ရစ်နေရင်တော့ ကြာရင် အဆင်မပြေဘူးနော် ။
ကိုယ့် ချစ်သူက ဘယ်လောက်ပဲ သည်းခံနိုင်တယ် ပြောပြော အရမ်းကြီးတော့ မရစ်ပါနဲ့ ရစ်လုံးလေးတွေရေ….။ ဒီလိုသာ အမြဲတမ်း ရစ်နေမယ်ဆိုရင်တော့ ကြာလာရင် ကြုံတွေ့ရနိုင်မယ့် ရစ်လုံးလေးတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးက….
စစတွဲတဲ့ အချိန်မှာတော့ ကိုယ်ရစ်တာလေးတွေကို သူ့အနေနဲ့ စိတ်မဆိုးတဲ့အပြင် ချစ်စရာ ကောင်းတယ် လို့တောင် မြင်နေပါလိမ့်မယ်။
ဒါပေမယ့် ကိုယ်က ခဏခဏရစ်နေမယ်… အချိန်ရှိတိုင်း ဘာမဟုတ်တဲ့ ကိစ္စလေးတွေကအစ အပြစ်မရှိ အပြစ်ရှာပြီး ရစ်နေမယ်ဆိုရင် သူ့အနေနဲ့လည်း ဒီလို ရစ်တာတွေကို စိတ်ကုန် လာပါလိမ့်မယ်။
ပထမအနေနဲ့ ဒီလိုတွေ ခဏခဏ ရစ်တဲ့ အတွက်ကြောင့် သင်တို့နှစ်ယောက်ကြားမှာ ပြဿနာတွေ ဖြစ်ပြီး ခဏခဏ ရန်ဖြစ်လာပါလိမ့်မယ်။
ဒီအချိန်မှာတော့ သူ့ဘက်ကလည်း ခဏလောက်ပဲ စိတ်ဆိုးပြီး သင့်ကို ပြန်ချော့မှာပါပဲ…။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သင့်လုပ်ရပ်တွေကို စိတ်ကုန်တာတင်မကပဲ စိတ်ပျက်လာပါလိမ့်မယ်။
သာမာန် အချိန်မှာ သွားရစ်လိုက်မယ် ဆိုရင်တော့ သင့်ကို သေချာရှင်းပြပြီး ပြန်ချော့မှာ မှန်ပေမယ့်… သူ့မှာ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေ ရှိနေတဲ့ အချိန်မှာသာ သွားရစ်လိုက်လို့ကတော့ သင့်ကို ပြန်အော်ပြီး နှစ်ယောက်သား စကားများတဲ့ အထိတွေ ထပ်ဖြစ်လာနိုင်ပါတယ်။
ချစ်သူရည်းစား သက်တမ်း ကြာလာတာနဲ့ အမျှ ကိုယ့်ဘက်ကလည်း ဒီပုံစံ အတိုင်းပဲ တချိန်လုံး လိုက်ရစ်နေမယ်ဆိုရင်တော့ သင်တို့နှစ်ယောက်ရဲ့အချစ်ရေးဟာ ကြာလာရင်အဆင်မပြေတော့ပါဘူး….။
တွဲခဲ့တဲ့သံယောဇဉ်နဲ့ တစ်ယောက်ကို တစ်ယောက် ချစ်တဲ့ အချစ်တွေကြောင့်သာ မပြတ်နိုင်ပဲ ဆက်တွဲနေကြပေမယ့် ဒီအချစ်ရေးမှာ ပျော်ရွှင်မှုတွေက ပျောက်ဆုံးသွားပါလိမ့်မယ်။ လူတိုင်းက ကျောပူသာ ခံနိုင်မယ် နားပူတော့ မခံနိုင်ကြဘူးလေ။
မိန်းကလေးတိုင်းကတော့ ကိုယ့်ချစ်သူကို ချစ်လို့ရစ်တာ မှန်ပေမယ့်လည်း ခဏခဏ ဒီစကားတွေ၊ ဒီအကြောင်းတွေနဲ့ပဲ အပ်ကြောင်းထပ်ပြီး ရစ်နေမယ်၊ ဘာမဟုတ်တာ လေးတွေကအစ ပြဿနာ ရှာပြီး ရစ်နေမယ်ဆိုရင်တော့ တစ်ဖက်က သင့်ကို သည်းမခံနိုင်တော့ပဲ ထားသွားတာမျိုးနဲ့ ကြုံတွေ့ရတတ်ပါတယ်။
ဒီလိုနဲ့ ပြတ်သွားကြတဲ့ စုံတွဲတွေလည်း အများကြီး ရှိပါတယ်။ ပြတ်လည်း ပြန်ဆက်ကြတဲ့ အတွဲတွေ ရှိပေမယ့်လည်း ခဏခဏ ပြတ်နေမယ် ဆိုရင်တော့ ရေရှည်မှာ မကောင်းဘူးနော်…။
တစ်ဖက်လူအနေနဲ့ကလည်း ခဏခဏ ဒီအကြောင်းတွေ၊ ဒါတွေနဲ့ပဲ လိုက်ရစ်နေတာတွေ၊ ကိစ္စသေးသေးလေးတွေ ဘာမဟုတ်တာလေးတွေကအစ လိုက်ရစ်နေတာတွေကို ပြန်ရှင်းပြနေရမှာ၊ ပြန်ချော့နေရမှာကို စိတ်ကုန်သွားတတ်ပါတယ်။
ဒီလိုတွေ ဖြစ်လာရင် တခြားသူထက် ကိုယ့်စိတ်ပဲ ပိုပြီးပင်ပန်းပါတယ်။ ကိုယ်ပဲ ပိုပြီး ဒေါသဖြစ်ရပါတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့လည်း ကိုယ်မကြိုက်ရင် မကြိုက်ဘူး ဆိုတာကို သူနားလည်အောင် သေချာပြောထားပါ…။
သူ့ဘက်က ပြန်ပြောတာတွေကိုလည်း လက်ခံသင့်တာဆို လက်ခံပေးပါ။ သူ့ဘက်က မကောင်းဘူး ထင်ရင်လည်း အစောထဲက လမ်းခွဲလိုက်တာ သင့်အတွက် ပိုကောင်းပါတယ်။
နောက်ပြီး ကိစ္စတစ်ခု၊ အကြောင်းအရာ တစ်ခုကို ဘာမှ သေချာမသိပဲ သွားရစ်တာ၊ ပြဿနာ ရှာတာမျိုးတွေ မလုပ်မိ ပါစေနဲ့နော်…။ ရစ်သင့်တာလောက်ပဲ ရစ်မယ် ဆိုရင်တော့ သင့်ချစ်သူလည်း သင်ရစ်တာလေးတွေကို စိတ်မကုန်တဲ့ အပြင် ပိုချစ်လာမှာပါ…။
တရားလွန်ကြီး တစ်ချိန်လုံး လိုက်ရစ်နေရင်တော့ သင်တို့နှစ်ယောက်ရဲ့ အချစ်ရေးက ပျော်ရွှင်မှုတွေ ကုန်ခမ်းသွားပါလိမ့်မယ်။
ဒီတော့ ရစ်လုံးလေးတွေ အနေနဲ့လည်း ရစ်သင့်တာကိုပဲရစ်ပြီး ပျော်ရွှင်တဲ့ ချစ်သူဘဝလေးကို ကိုယ်ချစ်ရသူနဲ့ အတူတူ ဖြတ်သန်းနိုင် ပါစေနော်…။
Credit - Original Writer
Post a Comment