သမီးနောက်ကို ဘုရားမသွားတော့ဘူး
" ဖေဖေ ဖေဖေ သမီး နောက်တခါ ဘုရားပေါ်ကို မသွားတော့ဘူး "
" ဘာဖြစ်လို့လဲ သမီးရ "
" သမီး ဘုရားပေါ်ကို ရောက်တော့ တွေ့တဲ့ လူတွေတိုင်းက ဘုရား ဝတ်ပြုနေတဲ့ အချိန်မှာတောင် ဖုန်းသုံးနေတဲ့ သူနဲ့ အတင်း ပြောနေတဲ့သူနဲ့ ဘယ်သူမှ တလေး တစား မရှိကြဘူး ...
သူတို့တွေ အားလုံးဟာ သူတော်ကောင်း ယောင် ဆောင်နေကြတာပဲ ဖေဖေ "
" အင်း ... ဒါဆို သမီး ဘုရား မသွားတော့ဖို့ မဆုံးဖြတ်ခင် ဖေဖေ သမီးကို တခုလောက် လုပ်ခိုင်းလို့ရမလား
" ပြောကြည့်လေ ဖေဖေ ဘာများလဲ "
" ဒါဆို သမီး ဟောဒီ့ ဖန်ခွက်ထဲ ရေအပြည့် ထည့်ပြီး ဘုရားကို ၃ ပတ် လမ်းလျောက် ရမယ်
ဒါပေမယ့် ရေတော့ လုံးဝ မဖိတ်ရဘူးနော် "
" ဒါလေးများ အေးအေးဆေးဆေး လုပ်နိုင် ပါတယ် ဖေဖေ "
..
..
..
..
" ဖေဖေရေ ... သမီး ပြန်ရောက်ပီ ... ဒီမှာကြည့် ... ရေတွေ လုံးဝ မဖိတ်ဘူး "
" ဟုတ်ပါပီ ဒါဆို ဖေဖေ သမီးကို မေးခွန်း ၃ ခု မေးမယ်
(1) သမီး ဘုရားပေါ်မှာ ဖုန်း သုံးနေတဲ့သူတွေ တွေ့ခဲ့လား
(2) အတင်း ပြောနေတာတွေရော ကြားခဲ့လား
(3) သမာဓိပျက်နေတဲ့ သူတွေရော ရှိခဲ့လား ..... "
" သမီး ဘယ်လိုလုပ် တွေ့ခဲ့မှာလဲ ဖေဖေရယ်
အဲဒါတွေကို သွားကြည့်ရင် သမီး ဖန်ခွက်ထဲကရေတွေ ဖိတ်သွားမှာပေါ့
ကိုယ့်ဟာကိုယ် အာရုံ စိုက်ထားရတာ သူတို့ကို မကြည့်အား ပါဘူး "
" အ ဖေဖေ လိုချင်တာ အဲဒါပဲ သမီး
သမီး ဘုရားကျောင်းကို သွားတယ် ဆိုရင် လုပ်သင့်တာက ကိုယ့်အလုပ်ကို ကိုယ် အာရုံစိုက်ပြီး ဘုရားကို အာရုံပြုနေဖို့ပဲ ကျန်တာတွေက ကိုယ့်ကိစ္စ မဟုတ်ဘူး
ကိုယ့်သမာဓိ မပျက်ဖို့ပဲ အရေးကြီးတယ် မဟုတ်လား သမီး
ဘယ်သူတွေ တရားပျက်ပျက် ကိုယ် မပျက်ဖို့ လိုတယ် သမီး
ဒါဆိုရင် သမီး ဘဝ တစ်လျှောက်မှာ ဘယ်လို အဖြစ်အပျက်နဲ့ပဲ ကြုံရကြုံရ ကိုယ့်ရဲ့ အတွင်းစိတ်ထဲမှာသာ အာရုံ အပြည့်အဝ စူးစိုက်ထားမယ် ဆိုရင် ပြင်ပ ဘယ်အရာကမှ သမီးကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နိုင်တော့မှာ မဟုတ်ဘူး သမီး "
" ကျေးဇူးပါ ဖေဖေ
ဖေဖေ ပေးတဲ့ သင်ခန်းစာက သမီးအတွက် အရမ်းကို ကောင်းလွန်းပါတယ် ဖေဖေ "
Credit
Post a Comment