Header Ads

သူချစ်ရတဲ့ မိန်းမနဲ့ သူ့ကိုချစ်တဲ့ မိန်းမ..


သူ့ကို ငိုအောင် လုပ်ပစ်ခဲ့တယ် ဆိုပြီး မီဒီယာတွေ ရှေ့မှာ ဂုဏ်ယူစွာ ဟားတိုက်ရယ်မောခဲ့တဲ့ Selena ထက် သူငိုနေတဲ့အချိန် သူ့မျက်ရည်တွေကို တိတ်တဆိတ် သုတ်ပေးခဲ့တဲ့ Hailey ကို ရွေးခဲ့တယ်

သူ့ကို မီဒီယာတွေ ရှေ့မှာ ရိုက်ပုတ်ပြီး ငါဟေ့ ဆိုပြီး JB ရဲ့ မာနတွေကို ရိုက်ချိုးခဲ့တဲ့ Selena ထက် အမြဲတမ်းသူ့ကို ကြင်နာစွာ ငေးကြည့်နေတတ်တဲ့ အဲ့ဒီ ကလေးမလေးကို ရွေးချယ်ခဲ့တယ်

JB က ပန်းစည်းလေး ယူသွားပြီး မွေးနေ့ပွဲကို သွားတာတောင် security တွေနဲ့ နှင်လွှတ်လိုက်တဲ့ Selena ထက် အမြဲတမ်း JB ကို အထင်ကြီးတဲ့ အကြည့်တွေနဲ့ ကြည့်နေတတ်တဲ့ Hailey ကို သူရွေးခဲ့တယ်

Selena အိမ်ရှေ့မှာ တစ်ညလုံး တောင်းပန်ခဲ့တာတောင် ထွက်တွေ့ဖို့ နေနေသာသာ လက်ခလယ် ထောင်ပြပြီး မျက်နှာလွှဲခဲ့တဲ့ Selena ထက် JB ကိုဆို အရိပ်တကြည့်ကြည့် ကြည့်နေတတ်တဲ့ Hailey ကို သူရွေးခဲ့တယ်

JB ကိုဆို လူရာမသွင်းတဲ့ Selena တို့ရဲ့ အသိုင်းအဝိုင်းထက် အမြဲတမ်း တံခါးမရှိ ဓားမရှိ ကြည်ဖြူစွာနဲ့ လေးစားချစ်ခင်တဲ့ Hailey တို့ အသိုင်းအဝိုင်းကို သူရွေးချယ်ခဲ့တယ်.. Selena ကြောင့် သူငိုခဲ့ရချိန်တိုင်း Hailey က အကြိမ်ကြိမ် နှစ်သိမ့်ပေးခဲ့မှာပဲ ဆိုတာ တွေးကြည့်လို့ ရပါတယ်

ယောကျာ်းတစ်ယောက်ဟာ သူ့တကယ် ချစ်တဲ့သူအတွက် မျက်ရည် ကျကောင်းကျလိမ့်မယ်.. ဒါပေမယ့် နောက်ဆုံးမှာတော့ သူ့ကို ပျော်ရွှင်စေတဲ့ မိန်းကလေးကိုပဲ ရွေးချယ်လိမ့်မယ်

JB မှန်ပါတယ်... ကိုယ်ချစ်တဲ့သူကို တန်ဖိုးထားတဲ့ သူရဲ့ လက်ထဲပဲ ထည့်ပေးချင်ပါတယ်

မပျော်တော့ဘူးဆို အချိန်မရွေး လှည့်ထွက်ခဲ့ပါ.. နောက်လှည့် ကြည့်လိုက်တိုင်း အမြဲ ရှိနေမယ့် ထာဝရ ပရိသတ်ပါ ❤️

Em

No comments

Powered by Blogger.