မိန်းခလေးတွေ ရည်းစားနဲ့ ပြတ်ပီးမှ ဘာကြောင့် ပိုလှလာတာလဲ..
မိန်းခလေး တစ်ချို့ဟာ ရည်းစားနဲ့ ပြတ်ပြီးမှ ပိုပို လှလာတတ်တာမျိုး ရှိတယ်.. မိန်းကလေးတိုင်းတော့ မဟုတ်ဖူး ၁၀၀ မှာ ၃၀% လောက်တော့ရှိမယ် ထင်တယ်.. ဘာလို့လဲဆို တစ်ချို့ ချစ်ခြင်းတွေဟာ ငရဲနဲ့တူတယ်..
ငရဲ ဆိုတာက တခါရောက်ပြီးရင် လွှတ်မြောက်ဖို့လည်းခက် ကယ်သူတွေလဲမဲ့ ရုန်းထွက်မရ နောက်ဆုတ်မရနဲ့ စုန်းစုန်းတွေမြုပ် … ဝဋ်ကြွေး မကုန်မချင်း ပေးဆပ်ရပြီး ဝဋ်ကြေမှ အေးချမ်းခွင့် ရသွားတတ်တာမျိုး မလား
တစ်ချို့ Relationship က အချစ်နဲ့ငရဲ တွဲပြီးလာတယ်.. အပြန်အလှန် မေတ္တာသက်ဝင် ချစ်ခင်ပါတယ် ဆိုပြီး RS တစ်ခုကို စကြတယ်.. ဒါပေမယ့် သစ္စာဖောက်မှု အနိုင်ယူ ဗိုလ်ကျမှု ပွေရှုပ်မှု အောက်တန်းကျမှု ဆိုးသွမ်းပြီး လူမဆန်မှု အခြေအနေ မတူညီမှု ဥပေက္ခာပြုပြီး အလေးမထားမှု မြတ်နိုးတတ်ဖိုးထားမှု မရှိခြင်းတွေနဲ့ ပြည့်နှက်နေတဲ့အခါ အဲ့တာ ငရဲနဲ့ မခြားပါဖူး..
တကယ့် ငရဲလို မီးပူအိုးထဲ ဇောက်ထိုး မဆင်းနေရပေမယ့်လည်း ရင်ထဲက အသဲကတော့ မီးမြှိုက်သလို အမြဲ ဗျာပါဒတွေဝေပြီး ပူပန်သောကနဲ့ ငိုကြွေးပြီး အပူမီးလောင်ကျွမ်း နေရတာပါပဲ..
ဝဋ်ကြွေး မကုန်တဲ့အခါ သံယောဇဉ် မပြတ်ဖူး.. မခွဲနိုင်ပါဖူး.. တနေ့တော့ ပြင်လာမှာပါ.. တနေ့တော့ ကောင်းလာမှာပါ.. တနေ့တော့ ငါ့အချစ်တွေ နားလည်လာမှာပါ ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ လွဲမှားတဲ့ အချစ်ငရဲကြီးမှာ မျက်ရည် ငရဲအိုးထဲ နေ့စဉ်ပေါလော မျောနေကြရတာပဲ..
ဝဋ်ကြွေး ကုန်သွားတဲ့အခါကျ ကျမစိတ်ကုန် သွားပါပြီ.. လက်လျော့လိုက်ပါပြီ.. ရှင်လဲ လွတ်ရာကျွတ်ရာကိုသွားပြီး ကြိုက်တဲ့ဘုံဘဝမှာ ကြိုက်တဲ့ ကောင်မတွေနဲ့ စံမြန်းပါတော့ ဆိုပြီး စိတ်တွေနာပြစ် လမ်းတွေ ခွဲပြစ်တာနဲ့ ငရဲကနေ ကိုယ်လဲ ကျွတ်တန်းဝင် သွားတော့တာပဲ..
အဲ့တော့ ကျွတ်တန်းဝင် ပြီးတဲ့နောက် တနေ့တခြား လှအောင်နေ ဝအောင်စား ကျော့နေအောင်ဝတ် သိုးနေအောင်အိပ် ပျော်သလိုနေရင်း စိတ်ချမ်းသာ လူကျန်းမာနဲ့ လူမွေးလူရောင်တွေ ပြောင်လာရော.. အဲ့တော့ မိန်းကလေး တစ်ယောက်ဟာ ငရဲနဲ့တူတဲ့ ချစ်ခြင်းကနေ လွှတ်မြောက်တဲ့အခါ စိတ်တွေချမ်းသာ လွတ်လပ်ပျော်ရွှင်ပြီး လူလဲ သူ့အလိုလို လှသွားတော့တာပဲ..
ကိုယ်ထင်တာပြောတာပါ.. ကိုယ်လဲ တစ်ချိန်က တောသူမ ဘဝနဲ့ ငရဲမှာ သုံးနှစ်လောက် ဇောက်ထိုးမြုပ်မိသေးတယ်..
ဝဋ်ကြေွးကုန်ပြီး လမ်းခွဲပြီးတော့မှ ကိုယ့်သဘောနဲ့ကိုယ် ကိုယ်အလို ရှိသလို ကိုယ့်ဘဝကိုယ် စီမံပြီး ခုလိုတနေ့တခြား နန့်တတ်လာတော့တာပါပဲရှင် 😂
credit
Post a Comment