ထောက်လှမ်းရေး မိန်းခလေးတွေ...
မိန်းခလေး တယောက်က ယောက်ျား တယောက်ကို ဖုန်းထဲက လှမ်းမေးတာလေး တွေက ပညာသား ပါတယ်နော် ။
ဥပမာ နေ့လည်စာ " စားပြီးပြီလား " လို့ မေးတာ ၊ နေ့လည်စာကို ဘယ်သူနဲ့ ဘယ်မှာ စားနေတာလည်း ဆိုတဲ့ အဖြေကို လိုချင်လို့ ။
" ဘယ်ရောက်နေလဲ ဟင် " ဆိုတာ ဘယ်ရောက်နေတာလဲ ၊ အိမ်မှာ မဟုတ်ပဲ အပြင်သွားတာ ဘာလို့ မပြောလဲ ဆိုတဲ့ အဓိပ္ပါယ် ။
" မပြန်သေးဘူးလား " နောက်ကျနေမှာ စိုးလို့ ဆိုတာ ပြန်သင့်နေပြီ ဘယ်အချိန် ရှိနေပြီလဲ ၊ ဘယ်သူနဲ့ ဘယ်ရောက်နေ လို့လဲ ဆိုတာ ပြောချင်တဲ့ အဓိပ္ပါယ် ။ " အင်း အခုပြန်နေပြီ " ဆိုတာပဲ သူတို့ ကြားချင်တယ် ။
ညအိပ်ခါနီး " VDO Call လေး ပြောမယ် " ဆိုတာ ဘယ်ရောက်နေလဲ ၊ အိမ်မှာပဲလား ၊ အိပ်ယာထဲမှာ ရှိနေလား ဆိုတာ သိချင်တာ ။ လွမ်းတာလည်း နည်းနည်း ပါတာပေါ့ ။ သဘောက " ဒီည ဘယ်မှ မသွားနဲ့ ... အိပ်ခါနီး Video Call ပြောမယ် " လို့လည်း ဆိုလိုတာ ။
" ကိုကို့ကို လွမ်းလို့ ... မီးကို ပုံပို့ပေးပါလား " လို့ ပြောရင် အခု လက်ရှိ ပုံလား ၊ ဘေးမှာ ဘယ်သူရှိလဲ ၊ မှန်ထဲမှာ အရိပ်ပေါ်လား ၊ ဘာလို့ အိမ်သာထဲမှာ ရိုက်တာလဲ ၊ ဘာစားနေတာလဲ ၊ ဘယ်နားရောက်နေတာလဲ ၊ ဘယ်လို ဝတ်ထားလဲ ဆိုတာ အကုန် သိချင်လို့ ပို့ခိုင်းတာ ။
မိန်းခလေးတွေက သူတို့ရဲ့ မေးခွန်းတိုင်း ၊ ဂရုစိုက်မှုလေး တိုင်းမှာ သူတို့ ထောက်လှမ်းချင်တာ လေးတွေ အမြဲ ထည့်ထား တတ်တယ် ။
နောက်ဆုံး " ချစ်လား " လို့ မေးရင်တောင် " အင်း " လို့ ဖြေလား ၊ ချစ်တယ် ဖြေလား ၊ ချစ်တယ် ပြောတာ စိတ်မပါသလို ကြီးလား ၊ အသံက ဘာလို့ တိုးတိုးလေး ပြောတာလဲ ၊ ချစ်တယ် ဆိုတာကို ဘယ်သူ ဘေးမှာ ရှိလို့လဲ ဆိုတာကိုပါ ထောက်လှမ်းပြီးသား ။
MyIdol
Post a Comment