Header Ads

ကိုယ့်ချစ်သူ အရည်ပျော်သွားလောက်တဲ့ ချီးကျူးစကားများ


မိန်းခလေးတွေဟာ ကိုယ့်ချစ်သူ ယောက်ျားလေးက ဘာကြီးဖြစ်နေမှ၊ သူတို့ကို ဘာလက်ဆောင်တွေ ပေးမှ ၊ ဘယ်ကို လိုက်ပို့ပေးမှ ဆိုတာထက် ချစ်သူ ယောက်ျားလေး နှုတ်ဖျားက ဖွင့်ဟ လာတဲ့ ချီးကျူး စကားလေးတွေကို ပိုတန်ဖိုးထား တတ်ကြ ပါတယ် ။

စိတ်ထဲက မပါပဲ ပြောတာမျိုးတော့ သူတို့ မလိုချင်ဘူးပေါ့လေ ။

ကိုယ့်ချစ်သူက သူ့ရင်ထဲက ပြောလာတဲ့ စကား ၊ ချီးကျူး စကားလေး တွေဟာ ရိုးစင်းလွန်း ရင်တောင် သူတို့ရဲ့ စိတ်ထဲ အမှတ် ထင်ထင် စွဲနေတတ် ကြပါတယ် ။ အဲ့ဒီ စကားလေးတွေ ကတော့ .....

1) သူ့ကို ဘယ်လောက်အထိ ချစ်ကြောင်းကို စိတ်လို လက်ရ ဖွဲ့နွဲ့ပြောဆိုတာမျိုး

" မင်းနဲ့သာဆို ကိုယ်ဟာ ငရဲပြည်ထိတောင် သွားရဲတယ် " ဆိုတာမျိုးကို နှစ်ဦးသား ကြည်နူးနေချိန် ပြောတယ်ဆိုရင် မိန်းခလေးတွေ အနေနဲ့ တကယ်ကို ကြည်နူး ပီတိ ဖြစ်ရမှာပေါ့။

2) သူနဲ့ ကိုယ် ရှိတဲ့ အချိန် ကိုယ့်အတွက် ဘယ်လောက်ထိ သက်တောင့် သက်သာနဲ့ အဆင်ပြေပြေ နေနိုင်တယ် ဆိုတာ ချီးမွမ်း တာမျိုး

" အခြားသူတွေနဲ့  အတူ ရှိနေချိန်တွေထက် မင်းနဲ့ အတူ ရှိတဲ့ အခါ အရာအားလုံး ပြီးပြည့်စုံသလို ခံစားရတယ် " ဆိုတဲ့ စကားမျိုးဟာ တစ်ဖက်လူကို အပြည့် အဝ ချီးမွမ်း ပြောဆိုလိုက် တာပါ ။ ဒီလို စကားမျိုး သင့်ချစ်သူ ကောင်မလေးက နှစ်ခြိုက် လိမ့်မယ် ဆိုတာ မယုံမရှိ ပါနဲ့ ။

3) ချိုမြိန်တဲ့ စိတ်ကူးလေးတွေကို ဖွင့်ဟ လိုက်တာမျိုး

ကိုယ့်ချစ်သူ ကောင်လေးက ကိုယ်နဲ့ ပတ်သက်ပြီး ရှေ့ရေးကို ဘယ်လိုလေး တွေးထားတယ် ၊ ဒါမှမဟုတ် ကိုယ့်အကြောင်းလေး ဘာလေးတွေ တွေးဖြစ်တယ် ဆိုတာမျိုးတွေ ဖွင့်ဟလာတဲ့ အခါ သူတို့ စိတ်ထဲ ကြည်နူးသွား တတ်ပါတယ် ။ ဥပမာ ... ကိုယ်တို့နှစ်ယောက် အိမ်ထောင်ကျပြီး မွေးလာတဲ့ သမီးလေးဟာ ချစ်နဲ့ တူရင် အရမ်းကောင်း တာပဲ ဆိုတာမျိုးပေါ့ ။

4) ရုပ်ရှင် ၊ စာအုပ် တခုခုထဲက အကြောင်းအရာ ၊ စာသားကို ကိုယ့်ချစ်သူရှေ့ ဖွင့်ဟလိုက် တာမျိုး

ကိုယ့်ချစ်သူနဲ့ ပတ်သက်တဲ့ စာသားလေး ၊ အကြောင်းအရာ လေးက ရုပ်ရှင်ထဲက ၊ ဒါမှမဟုတ် စာအုပ်ထဲက ဇာတ်ကွက် ၊ ရေးသားချက်တွေနဲ့ တိုက်ဆိုင်သွားတယ် ဆိုရင် ဒါကို ကိုယ့်ရှေ့ ဖွင့်ဟ လာတယ်၊ မှတ်သားပြီး ပြန်လည် ပြောပြလာတာ မျိုးတွေကို မိန်းခလေးတွေ ကြွေတတ် ပါတယ် ။

5) အမေ ထက်တောင် ပိုပြီး .... ဆိုတာမျိုး

ကိုယ့်ချစ်သူက ကိုယ့်ကို " မင်း ဟင်းချက်တာ အမေထက်တောင် ကောင်းသေးတယ် " ဆိုတာမျိုး ပြောလိုက်ရင် သူတို့ ရင်ထဲ ဘယ်လောက်ထိ ပျော်သွားကြသလဲ ဆိုတာ သင်သိမှာ မဟုတ်ပါဘူး ။ အမေကို စော်ကားတာမျိုး သူတို့ မကြိုက်ပေမယ့် သားရှင် အမေတွေနဲ့ နှိုင်းယှဉ် ချီးမွမ်းခံရတာတော့ သူတို့ သဘောကျကြ ပါတယ် ။

6) အပြင်လူ တယောက်ရဲ့ ချီးမွမ်းစကားကို ကိုယ့်ချစ်သူဆီ ပြန်ပြောပြတာမျိုး

ကိုယ့်ချစ်သူ ကောင်လေးနဲ့ ပတ်သက်တဲ့ အသိ မိတ်ဆွေ၊ သူငယ်ချင်းတွေက ကိုယ့်အကြောင်း ချီးမွမ်းပြောဆိုနေတာကို ချစ်သူ ကောင်လေးက ပြန်ပြောပြမယ် ဆိုရင် ကောင်မလေး အနေနဲ့ ဘယ်လောက်တောင် ပျော်မိလိမ့် မလဲ ။

Credit

No comments

Powered by Blogger.