ချစ်သူတွေကြား လမ်းခွဲခြင်းကို ဖြစ်ပေါ်စေတဲ့ အချက်များ...
ချစ်သူတွေ ဖြစ်နေပါလျှက် နဲ့ တယောက်နဲ့ တယောက် နွေးထွေးမှုတွေ ၊ သာယာမှုတွေ ခန်းခြောက်ပြီး အရင်ကထက် ဂရုစိုက်မှု တွေ ပိုနည်းသွားတဲ့ အခါမှာ... ဘယ်တော့မှ မထားခဲ့ဘူး ဆိုတဲ့ ချစ်သူတွေ လမ်းခွဲခြင်းကို ဖြစ်ပေါ်စေတတ်တယ် ။
တယောက်နဲ့ တယောက် အဆက်အသွယ် မလုပ်ပဲ အကြာကြီး ပစ်ထားတတ်ပြီး အနေ ကြာလာသွားတဲ့ အခါမှာ ..... သိပ်ချစ်ပါတယ် ဆိုတဲ့ ချစ်သူတွေ လမ်းခွဲခြင်းကို ဖြစ်ပေါ်စေ တတ်တယ် ။
အချိန်တွေ အားနေပါလျှက် မအားသေးဘူး ဆိုတဲ့ အကြောင်းပြချက်တွေ ပြပြီး အမြဲတမ်း မဟုတ်ခဲ့ ရင်တောင်မှ တခါတလေ ဖုန်းတွေ မခေါ်ဖြစ်တဲ့ နေ့ရက် ၊ အချိန်တွေ ကြာသွားတဲ့ အခါမှာ ..... ဘယ်တော့မှ မခွဲဘူး ဆိုတဲ့ ချစ်သူတွေ လမ်းခွဲခြင်းကို ဖြစ်ပေါ် စေတတ်တယ်
အွန်လိုင်း ပေါ်မှာ နှစ်ကိုယ်တူ မီးလေး စိမ်းပြီး (Active Now) အမြဲ ရှိနေပေမဲ့ တယောက် မဟုတ်ရင် ကျန် တယောက်ဘက်က မက်ဆေ့ခ်ျ စာစောင်လေးတွေ အရင်မပို့ ၊ အရင် မဟိုင်း ခဲ့ ကြပဲ နေသားကျလာတဲ့ အခါမှာ... အရမ်း မြတ်နိုးပါတယ် ဆိုတဲ့ ချစ်သူတွေ လမ်းခွဲခြင်းကို ဖြစ်ပေါ်စေတတ် တယ် ။
တယောက်ရဲ့ လုပ်ရပ်တွေကို ကျန်တယောက်က နားလည် ခွင့်မလွတ်နိုင်ပဲ သည်းခံမှု စိတ်တွေ စာနာစိတ်တွေ တဖြေးဖြေး ပျောက်ကွယ်သွားတဲ့ အခါမှာ.... ဘယ်တော့မှ မခွဲကြေး ဆိုတဲ့ ချစ်သူတွေ လမ်းခွဲခြင်းကို ဖြစ်ပေါ်စေ တတ်တယ် ။
နှစ်ဦး သဘောတူညီမူ ရှိ၊ မရှိ တိုင်ပင် ဆွေးနွေးမှုတွေ မသိရသေးပဲနဲ့ တယောက်ရဲ့ နောက်ကွယ်မှာ ကျန်တယောက်က လျှို့ဝှက်ချက်တွေ ထားပြီး မခို့တရို့ အပြုအမူတွေနဲ့ လုပ်ဆောင်တတ် လို့ တနေ့နေ့ ရိပ်မိသွားလို့ အပြစ်မကင်း သံသယ အထင်အမြင်တွေ မကင်းနိုင်ပဲ ရန်တွေဖြစ် ပြသာနာတွေ ဖြစ် ခဏ ခဏစကား များသွားတဲ့ အခါမှာ ..... ဘယ်တော့မှ ချန်ရစ် မသွားဘူး ဆိုတဲ့ ချစ်သူတွေ လမ်းခွဲခြင်းကို ဖြစ်ပေါ်စေတတ်တယ် ..... ။
ချစ်တဲ့သူတိုင်း လက်တွဲနိုင်ကြပါစေ ... ။
Credit
Post a Comment