မိန်းခလေးတွေ အိမ်ထောင်ပြုတော့မယ် ဆိုရင်
1 = ကြီးတာကို ရှာပါ။
2= အရှည်ကို ကြည့်ပါ။
3 = ဝင်ဆန့်မဆန့် သိပါ။
4 = တော်မတော် စမ်းသပ်ပါ။
5 = အနေတော်ကို ရွေးပါ။……
-
-
မိန်းကလေးတွေ အိမ်ထောင် ပြုတော့မယ် ဆိုရင်...
1 = ကြီးတာကို ရှာပါ ဆိုတာ ဥာဏ်ပညာ ကြီးတာကို ပြောတာပါ။ ဥာဏ်ပညာ ကြီးသူမှသာ အိမ်ထောင်ကို ဦးစီးဦးဆောင် ပြုနိုင်မှာ မဟုတ်ပါလား ။
2 = အရှည်ကို ကြည့်ပါ ဆိုတာ ကိုယ့်ရဲ့ ဘဝလက်တွဲဖေါ် ဖြစ်မယ့်သူက ကိုယ်နဲ့ စိတ်ထားခြင်း ကိုက်ညီရဲ့လား၊ စိတ်ထားလေး ကောင်းရဲ့လား၊ ကိုယ့်အပေါ် ကောင်းရဲ့လား အကဲခတ် ကြည့်ပါလို့ ပြောတာပါ။ ဒါမှ ရေရှည် တည်တံ့ နိုင်မှာ မဟုတ်ပါလား ။
3 = ဝင်ဆန့် မဆန့် သိပါ ဆိုတာ လူတော သူတောထဲ ဝင်ဆန့်မဆန့် ကို သိအောင် လုပ်ဖို့ ပြောတာပါ။ သူခိုး၊ ဂျပိုး၊ မုဒိန်းကောင်၊ ကလေကချေ ၊ အောက်တန်းစားတွေ ဖြစ်နေရင် လူတော မတိုးလို့ ကိုယ်ပဲ ဒုက္ခရောက်ရမှာ မဟုတ်ပါလား ။
4 = တော်မတော် စမ်းသပ်ပါ ဆိုတာ ကိုယ့်နဲ့ သင့်တော်၏ မသင့်တော်၏ စမ်းသပ် ခိုင်းတာပါ။ သူ့ရဲ့ ဆွေမျိုး အသိုင်းအဝန်းတွေ ၊ သူ့ရဲ့ နေထိုင်မှု စရိုက်တွေ၊ ပြောပုံဆိုပုံ နေပုံထိုင်ပုံ ဘယ်လို ရှိတယ် သိမှ ကိုယ်နဲ့ သင့်တော် မသင့်တော် သိမှာ မဟုတ်ပါလား ။
5 = အနေတော်ကို ရွေးပါ ဆိုတာ သိပ်ချမ်းသာလွန်းတဲ့သူ၊ သိပ်ဆင်းရဲတဲ့သူ၊ သိပ်ချောလွန်းတဲ့သူ ၊ သိပ်ရုပ်ဆိုးလွန်းတဲ့သူ၊ သိပ်ဝလွန်းတဲ့သူ၊ သိပ်ပိန်လွန်းတဲ့သူ စသည်ဖြင့် အစွန်းတဖက် ထွက်နေတဲ့ သူကို မရွေးပဲ ကိုယ်နဲ့ လိုက်ဖက်ညီမယ့် အနေတော်ကို ရွေးပါလို့ ပြောတာပါ။ ဒါမှ စိတ်ချလက်ချ စိတ်လက်ချမ်းသာ နေနိုင်မယ် မဟုတ်ပါလား ။
Tin Aung Win
Post a Comment