စီးပွားရေး အတွက် အကျိုးပေးတဲ့ လက်တွဲဖော်..
💰 စီးပွားရေး လုပ်ငန်း တစ်ခု လုပ်ကိုင်တော့မယ် ဆိုရင် တစ်ယောက်ထဲ တစ်ကိုယ်တော် လုပ်ရတဲ့ လုပ်ငန်းကိစ္စများ ရှိသလို၊ တစ်ချို့ လုပ်ငန်းတွေမှာ ကိုယ်က ငွေကြေး စိုက်ထုတ်ရတာမျိုး၊ အကြံဉာဏ် နှင့် လုပ်အားကို တစ်ခြား တစ်ယောက်ဆီမှ လိုအပ်တာမျိုး ရှိနိုင်ပါတယ်၊ စပ်တူ ရှယ်ယာ လုပ်ငန်းများ၊ လုပ်ငန်းတူ စီးပွားပူပေါင်း ဆောင်ရွက်ပါက တွဲဖော်တွဲဖက် ကောင်းဖို့ လိုပါသည်။
အောက်ပါ နေ့နံများဖြင့် လက်တွဲ၍ စီးပွားရေး လုပ်ကိုင်ပါ...
၁) တနင်္ဂနွေ သားသမီးများက ကြာသပတေး သားသမီးများဖြင့် တွဲဖက်၍ စီးပွားရေး လုပ်ကိုင်ပါ
၂) တနလာင်္ သားသမီးများကတော့ သောကြာ သားသမီးများဖြင့် တွဲဖက်၍ စီးပွားရေး လုပ်ကိုင်ပါ
၃) အင်္ဂါ သားသမီးများကတော့ တနင်္ဂနွေ သားသမီးများဖြင့် တွဲဖက်၍ စီးပွားရေး လုပ်ကိုင်ပါ
၎) ဗုဒ္ဓဟူး သားသမီးများက တနင်္လာ သားသမီးများဖြင့် တွဲဖက်၍ စီးပွားရေး လုပ်ကိုင်ပါ
၅) ကြာသပတေး သားသမီးများက အင်္ဂါ သားသမီးများဖြင့် တွဲဖက်၍ စီးပွားရေး လုပ်ကိုင်ပါ
၆) သောကြာ သားသမီးများကတော့ စနေ သားသမီးဖြင့် တွဲဖက်၍ စီးပွားရေး လုပ်ကိုင်ပါ
၇) စနေ သားသမီးကတော့ ဗုဒ္ဓဟူး သားသမီးများဖြင့် တွဲဖက်၍ စီးပွားရေး လုပ်ကိုင်ပါ
⚜️ ဆရာမင်းထက်စံမှ မေတ္တာစေတနာဖြင့် ကိုယ်တိုင်တွက်ချက် ရေးသားသည်..
⚜️ ခုနှရက်သား၊ သမီးများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး၊ ကောင်းခြင်း သုခအဖြာဖြာ နှင့် ပြည့်စုံကြပါစေ
Post a Comment