Header Ads

ကိုယ့်ချစ်သူမိန်းခလေးနဲ့ အပြင်သွားရင် လိုက်ဖက်ညီစေဖို့


ကိုယ့်ချစ်သူ ကောင်မလေးနဲ့ အပြင်သွားတဲ့ အခါ ဖြစ်ဖြစ် ၊ Shopping ထွက်တဲ့ အခါမှာပဲ ဖြစ်ဖြစ် ချစ်သူနှစ်ဦး လိုက်ဖက်ညီဖို့ လိုပါတယ် ။ ဒါဆိုရင် သာမန် ချစ်သူ စုံတွဲ ဆိုတာထက် ပိုပြီးတော့ လူအများက စိတ်ဝင်တစား ရှိကြပါတယ် ။ ဒါ့အပြင် သင်တို့ အချစ်ခရီးလမ်း အတွက်လည်း များစွာ အထောက်အကူ ပြုစေပါတယ် ။

ဒါ့ကြောင့် ကိုယ်ချစ်သူ ကောင်မလေးနဲ့ အပြင်သွားတဲ့အခါ ဖက်ရှင်ကျပြီး ဘယ်လို လိုက်ဖက်ညီအောင် ဝတ်ဆင် နေထိုင်ရမလဲ ဖတ်ရှုကြည့်ပါ ။

1) လက်ကို တွဲထားပါ

ကိုယ့်ချစ်သူနဲ့ အပြင်သွားရင် လက်တွဲထားတတ်တဲ့ အကျင့်ကို မွေးမြူပါ ။ ပိုမိုရင်းနှီးမှု ရစေတယ် ။ ဒါ့အပြင် အများအမြင်မှာလည်း ကြည့်ရတာ လိုက်ဖက်မှု ရှိတယ် ။ အထူးသဖြင့်တော့ ကိုယ့်ချစ်သူ မိန်းခလေးအတွက် အကာအကွယ် များစွာ ဖြစ်ပါတယ် ။ လက်တွဲပြီး ကြွှားကြွှားဝင့်ဝင့် လျှောက်ကြည့်ပါ ။ တနေ့ထက် တနေ့ ပိုပြီး ချစ်လာကြမှာပါ ။

2) ကာလာ အရောင် လေးတွေ တူတာဝတ်ပါ

သူမ နဲ့ လိုက်ဖက်ညီတဲ့ ကာလာလေးတွေကို shopping ထွက်တိုင်း ရှာဝယ်ဖို့ မမေ့ပါနဲ့ ။ အမှတ်တရ လက်ဆောင်ပေးတဲ့ အခါမှာလည်း အရောင်တူတာလေးတွေ ရွေးချယ်ပြီး ပေးသင့်ပါတယ် ။ ဒါ အပေါ်ယံ အလုပ်လို့ ထင်ကောင်း ထင်နိုင်ပေမယ့် သူမ စိတ်ထဲမှာတော့ သင့်ကို အစွဲလန်းကြီး စွဲလန်းသွားစေ မှာပါ ။

3) သူမကို ချီးကျုးဖို့ မမေ့ပါနဲ့

မင်း ဒီနေ့ အရမ်း လှတယ်နော် ၊ ကိုယ်ထင်တာထက် ပိုလှတယ် ၊ တနေ့ထက် တနေ့ ပိုလှ လာတယ် ၊ ကိုယ်တို့နှစ်ယောက်က သူမတူအောင်လိုက်ဖက် ညီတယ် သိလား ၊ အခြားသူတွေ ငေးတော့မှာပဲ မနာလိုဘူးချစ်သူ .... စသဖြင့် ချစ်သူ ကျေနပ်လောက်တဲ့ ချီးကျူးမှုကို ပြောဆိုတတ်ဖို့ လိုပါတယ် ။ သူမ အလှ အပ ချယ်သ ထားတာ ဦးဆုံး ပထမ သင့်ဆီက လှတယ်လို့ ပြောဆိုမှုမျိုး လိုအပ်လို့ပါ ။ ဒါ့ကြောင့် ချီးကျုးဖို့ မမေ့ပါနဲ့ ။


4) ဘာလုပ်လုပ် အတူတူ လုပ်ပါ

အအေး သောက်မှာလား ၊ ရေခဲမုန့် စားမှာလား ၊ ကော်ဖီလား ..... နှစ်ယောက် အတူတူ လုပ်ပါ ။ သီးခြားခွဲထွက်တာမျိုး မလုပ်ပါနဲ့ ။ ကော်ဖီ မကြိုက်လည်း ချစ်သူ ကျေနပ်အောင် သောက်ပါ ။ အရေးကြီးတာ သူမနဲ့ အရာအားလုံး ထပ်တူ ကျအောင် နေနိုင်တယ် ဆိုတဲ့ စိတ်ခံစားမှု ပေးနိုင်ဖို့ပါ ။

မေးစရာ မလိုအောင် သူ့အကြိုက် သိနေရင်တော့ သင့်အတွက် အမှတ်အပြည့် ပေါ့ ။ ဒီအချက်ကလေးတွေကို သတိထားပြီး ချစ်သူတွေအပြင်သွားရင် ဖက်ရှင် ကျကျ၊ ဆွဲဆောင်မှု ရှိရှိ လျှောက်လှမ်းကြည့် ကြပါ ။ စကားလုံးတွေထက် အပြုအမူတွေက တခါတလေ ပို အရေးကြီးပါတယ် ။

LinMoeSet

No comments

Powered by Blogger.