နှစ်ဆပြန်ပီး တုန့်ပြန်တတ်တယ်
သာမန် အမှားတွေအတွက် လွယ်လွယ်လေးနဲ့  ခွင့်လွှတ်ပေးတတ်ပါတယ် . တော်ရုံစော်ကားမှုတွေအတွက် ပြုံးပြုံးလေးနဲ့  နားလည်ပေးတတ်ပါတယ် . သိပ်ပီး မထိခိုက်လိုက်တဲ့ စော်ကားမှုတွေကိုလည်း အေးအေးချမ်းချမ်း ဖြေရှင်းပေးတတ်ပါတယ်
ခံစားမှု မကျော်လွန်တဲ့ လှည့်စားမှု တွေကိုလည်း အ " ချင်ယောင်ဆောင် နေလိုက်ပါတယ် . ကိုယ့်အတွက် သိပ် အရေးမပါတဲ့ အတင်းအဖျင်းတွေကိုလည်း မကြားချင်ယောင်ဆောင် နေလိုက်ပါတယ် . ကိုယ့်ကို ဒဲ့လာမငြိတဲ့ စောင်းမြောင်း ပြောဆိုမှု တွေကိုလည်း မမြင်ချင်ယောင်ဆောင် မကြားသယောင် နေတတ်ခဲ့ပါတယ် ……
ဒါပေမဲ့ … သည်းခံတတ်လွန်းလို့ တော့ မထင်နဲ့... မပြတ်သားနိုင်သေးတာရယ် တခါထဲ ပြတ်သားလို့ မရတဲ့ တချို့ သော အကြောင်းအရာတွေကြောင့် ခေါင်းငုံခံနေခဲ့တာ..
ကိုယ့်ရဲ့ မွေးရာပါ နှလုံးသားကိုက မရက်စက်တတ်လို့  . ကိုယ့်ရဲ့ ပင်ကို စိတ်ကိုက အေးချမ်းမှုကိုပဲ မက်မောလို့ . ကိုယ့်ရဲ့ ဦးဏှောက် အသိဥာဏ်ထဲမှာ စာနာစိတ်ထားရမယ် ဆိုပြီး စွဲမြဲတဲ့ အသိရှိနေလို့  . ကိုယ့်ရဲ့ ခံယူချက်ကိုက ဝဋ်လည်မဲ့ အရာမှန်သမျှ ရှောင်ရှားရမယ်ဆိုပြီး ခံယူထားခဲ့လို့  တော်တန်ရုံ ကိစ္စတွေကို အကျယ်မချဲ့ ပဲ အေးအေးဆေးဆေး ဖြေရှင်းလိုက်တာ ……
တချို့ က သူက သဘောကောင်းပါတယ် ဆိုပြီး လိုတာထက်ပို အနိုင် လိုချင်ကြတယ် . ငါတို့  ဘာအမှားလုပ်လုပ် ပြောပြီးပြီးသွားတာပဲ ဆိုပီး လိုတာထက်ပို စော်ကားမော်ကား ပြောချင်ကြတယ် . ငါ ဘာလုပ်လုပ် ခွင့်လွှတ်ပါတယ် ဆိုပီး လှည့်စားချင်ကြတယ်
ငါ ဘယ်လိုလိမ်လိမ် နားလည်ပေးနိုင်ပါတယ် ဆိုပီး ယုံကြည်မှုကို ချနင်းချင်ကြတယ်.. ဟုတ်ပါတယ် ကြိုက်သလို မှားခွင့်ပေးထားတယ်. လုပ်ချင်သလိုလုပ် ခေါင်းငုံ့ ထားပါတယ်.…
ခွင့်လွှတ်မှု " နားလည်ပေးမှု " စာနာမှု " သည်းခံမှု ဆိုတဲ့ အရာတွေမှာလည်း အတိုင်းအတာဆိုတာ ရှိပါတယ်.. အတိုင်းတာကျော်သည် အထိတော့ မစော်ကားမိစေနဲ့  . မကျေနပ်တာကို ပြောပြီးရင် ပြီးသွားတာပဲ ဆိုပီး နေတတ်သူတွေရယ် . ကိုယ့်အပေါ် စော်ကားပီး အနိုင်ယူ သွားသူတွေကို လွယ်လွယ်လေးနဲ့  ခွင့်လွှတ်တတ်သူတွေကို အထင်သေးတဲ့ ပုံစံနဲ့  သွားပြီး မဆက်ဆံနဲ့  …
သူတို့ တွေဟာ တည်ငြိမ် အေးချမ်းသလောက် ရက်စက်ရင်လည်း နှစ်ဆ ရက်စက်တတ်ပါတယ် . မုန်းတီးသွားရင်လည်း သေတောင် လှည့်ကြည့်လိမ့်မယ် မထင်နဲ့  . လူတစ်ယောက်ကို ငြိုးတေးမိလိုက်ရင်လည်း နှစ်ဆ ကလဲ့စားပြန်ချေတတ်တယ်
လူတစ်ယောက်ကို သည်းမခံမှု မရှိတော့တဲ့အခါ ပြန်တုန့် ပြန်ရင်လည်း နှစ်ဆပြန်တုန့် ပြန်ရမှ ကျေနပ်ကြတဲ့သူတွေလေ…
လူတိုင်းဟာ သူ့ တန်ရာတန်ကျေး ရှိသလို ' သူ့ ဗီဇနဲ့ သူ သူ့ စိတ်နဲ့ သူ ရှင်သန်နေကြတယ် . လိုက်လျောတတ်လို့  လွယ်တယ်ထင်ပြီး " ဘယ်တော့မှ တဖက်သားကို အထင်မသေးပါနဲ့ … ရပါတယ်ဆိုပြီး စော်ကားချင်တိုင်းမစော်ကားမိခဲ့ရင် ကိုယ့်အလှည့် ကျရင်လည်း ခံနိုင်ရည်ရှိအောင် ကြိုးစားထားပါ .…
ပြုံးပြုံးလေး နေတတ်လို့  လုပ်ချင်ရာလုပ်ပြီး " sorry " သွားမပြောနဲ့ … မေ့ လွယ်ပျောက်လွယ်တယ် ဆိုပီး အကြိမ်ကြိမ် မစော်ကားမိစေနဲ့ …
" လိုတာထက် ပိုသွားရင် တုန့် ပြန်တတ်တဲ့ မာနလူတိုင်းမှာ ကိုယ်စီ ရှိတယ် " ကိုယ့်အလှည့် နှစ်ဆပြန် တုန့် ပြန်ခံရမှ ဘုရားကယ်ပါဆို ဘုရားလည်း မကယ်နိုင်ပါဘူး တဲ့ …။
MayNoe
Post a Comment