Header Ads

လိမ်မာလိုက်တဲ့ ချစ်သူလေး..


" ကိုကို ​ဆေးလိပ်​ ​သောက်​မလား ... ချစ်​ ဝယ်​​ပေးမယ်​​လေနော် "

" ငင့် ... ချစ်​ပဲ ကိုကို ​သောက်​တာ မကြိုက်​ဘူးဆို "

" ​သြော်​ ကိုကိုရယ်​ ကိုယ်​ချစ်​သူပဲ နားလည်​​ပေးရ မှာ​ပေါ ''

" ပြီး​တော့ ကိုကို ဘီယာ​ သောက်​အုံးမှာလား ..
သောက်​ဖို့ ပိုက်​ဆံ မရှိရင်​ ချစ်​ဆီမှာ ယူ​နော်​ ..
ချစ်​မှာ ပိုက်​ဆံ ​ပေါတယ်​ "

" အဆန်းအပြား​တွေ ကြား​နေရတယ်
အိမ်​မက်​များ မက်​​နေတာ​တော့ မဟုတ်​​လောက်​ပါဘူး​နော်​ "

" ရော် ... ကိုကို ကလည်း လုပ်​ပြီ .. ဘယ်​က အိမ်​မက်​ကမှာလဲ​ အတည်​ပါ
ကိုကိုအတွက်​ပဲ အကုန်​လိုက်​​လျော​ ပေးရမှာ​ပေါ့ မဟုတ်​လား."

" ဟာ အချစ်​ ဒီ​နေ့ဘာ​နေ့မို့လဲ မသိဘူး ...
ဘာလို့ ဒီ​လောက်​ သ​ဘော​ကောင်း ​နေရတာလဲ"

" ဘာ​နေ့ မဟုတ်​ပါဘူး ချစ်​လို့ပါ
ကိုကိုရဲ့ ဘာလဲ မချစ်​ရဘူးလား "

" ​သြော်​ ချစ်​ပါ ... ချစ်​ပါ ဗျာ"

" ​သြော်​ ဒါနဲ့ ချစ်​ .... ကိုကို ခုည ​ဘောလုံးပွဲ ကြည့်ဦးမယ်​​နော်​ "

" ဒါများ ကြည့်​လေ ​ပြော​နေစရာ မလိုပါဘူး
ကိုကို ​ဘောပွဲကြိုက်​တာ ချစ်​လည်း အသိပဲ "

" ဟာ ချစ်​က တအား သ​ဘောကို ​ကောင်း​နေတာဘဲ ​နော်​ "

" ချစ်​လို့ ပါဆို ကိုကို ကလည်း "

" အဟိ "

" ကိုကို ဘာလုပ်​လုပ်​ ချစ်​ အကုန်​ ခွင့်​လွှတ်​တယ်​ နားလည်​တယ်
ယောက်ျား​လေး ဆို​တော့ အ​သောက်​အစား အ​ပျော်​အပါးနဲ့  မကင်းတာလည်း ရပါတယ် ဘာမဖြစ်​ပါဘူး ...
ဒါ​ပေမယ့် ကိုကို့ကို​ ​တောင်းဆိုချင်​တာ တစ်​ခု​တော့ ကိုကို့ ဘက်​က လိုက်​​လျော ​ပေးပါ​နော်​ "

" ဘာလဲ ချစ်​ရဲ့
ချစ်​ဘက်​က နားလည်​မှ​တော့ ကိုကိုဘက်​က ချစ်​​တောင်းတဲ့ အရာ တ​ခု လိုက်​​လျောမူ ပြု​ပေးမယ်
ကဲ ပြော ဘာလဲ  .. "

" ကိုကို "

" အင်း ... ​ပြော ဘာမလုပ်​ရဘူး လဲ "

" Gym ​တော့ ကိုကို ဘယ်​​တော့မှ မ​ဆော့ပါနဲ့လို့ "

" အိုက်​စ်​ ..... စ်​ .. စ်​ ..."

" ဟာ ကိုကို .. "

သြော် ..​ သူက ဥက္ကာမင်း​မောင်​လို ဖြစ်​မှာ စိုးရိမ်​လို့ နဂို တားဆီးသမျှ အကုန်​ လိုက်​​လျော​ပေး​နေတာကိုး.. 😂😂😂

ပိုင်​ ( ဆန်းသစ်​စ)

No comments

Powered by Blogger.