ဒီလိုယောက်ျားလေးမျိုး သင့်မှာ ရှိနေပီလား
(1) သူ့ရဲ့ အမေက လွဲရင် ဘယ် မိန်းမ ကမှ ဆံပင် ကိုင်တာ ၊ ခေါင်း ကိုင်တာ မျိုးကို လက်မခံတဲ့ ယောက်ျား ..... သူတို့ တကယ် ချစ်တဲ့ မိန်းခလေးက ဆံပင် ဆောင့်ဆွဲ တတ်တာမျိုး ၊ နားရွက် လိမ်ဆွဲ တတ်တာ မျိုးလေးကိုပဲ အပြုံး မပျက်ဘူး ဆိုတာ မယုံမရှိနဲ့ .....
(2) ယောက်ျား သဘာဝ ပေပေ တေတေ ၊ ကပြက် ကချော် နိုင်ပြီး အချိန်ကို လေးစားရ ကောင်းမှန်း မသိတတ်တဲ့ ယောက်ျား ...... သူတို့ တကယ် ချစ်သွားတဲ့ မိန်းခလေးနဲ့ ချိန်းထားတဲ့ အချိန် နောက်ကျ သွားရင် စိတ်ဆိုးမှာ ကြောက်တတ် တာကြောင့် အချိန် အတိအကျ သွားတတ် ကြတယ် ဆိုတာ မယုံမရှိနဲ့ .....
(4) ဘယ်သူတွေ ဘယ်လို ဆုံးမ ဆုံးမ မနာခံ ခဲ့ဘဲ ခပ်ဆိုးဆိုး အကျင်းတွေကိုပဲ လုပ်ခဲ့တဲ့ ယောက်ျား ..... သူတို့ တကယ် ချစ်မိသွားတဲ့ မိန်းခလေး မကြိုက်တာ ဆိုရင် ကြိုးစားပြီး ပြုပြင် ပေးလာတတ် ကြတယ် ဆိုတာ
မယုံမရှိနဲ့ .....
(5) စိုးရိမ် ပူပန်တတ်တာ ဆိုတာ ဘာမှန်း မသိဘူး ၊ ပြီးတော့ သူတို့ကိုယ် သူတို့တောင် ဂရုစိုက်ရမှန်း မသိတဲ့ ယောက်ျား ..... သူတို့ တကယ် ချစ်သွားတဲ့ မိန်းကလေး နှာစီး ၊ ချောင်းဆိုး တာလေးက အစ လိုက်ပြီး စိုးရိမ် တကြီးနဲ့ ဂရုစိုက်နေ ဖို့ မှာတတ် သွားကြတယ် ဆိုတာ မယုံမရှိနဲ့ .....
ဒီလို ချစ်သူ ယောက်ျားလေးမျိုး သင့်မှာကော ရှိနေပြီလား ... ?
မယုံမရှိနဲ့ ။ တကယ် ရှိပါတယ် ။
Credit
Post a Comment