ရစ်လုံးလေးတယောက်ရှိရင် လုံလောက်ပီ
" .... ကတောင် ကတောင် ...."
" ကိုကို "
chat head လေးက ပေါ်လာတယ် ။ ထင်တဲ့ အတိုင်းပဲ ချီးထုပ်လေး ဆီက ။
New feeds ကို ဟိုပွတ် ဒီပွတ် လုပ်နေတုန်း ကိုယ့်မီးစိမ်းလေးကို ဘယ်လို အာရုံခံနေတယ် မသိ။
" ကိုကို လို့ ....
reply ကြာတယ်
ဘယ်ကောင်မလေးနဲ့ chact နေတာတုံးးး "
သူပြောတဲ့ reply ကြာတယ် ဆိုတာ
၃ စက္ကန့်လောက်လေး နောက်ကျ မိတာလေး ရယ်ပါ ။
" omm , omm , မကြာတော့ ပါဘူး ကိုကို့ သဲ ရဲ့ ။
ကိုကိုလည်း အခုမှ လိုင်းပေါ် တက်လာတာ "
" သွားပါ
ကိုကိုက လိုင်းပေါ် ရောက်တာနဲ့ သဲ အကောင့်လေးကို ဘာမြူ ဒါ တြိဂံ ထဲ ပို့ထားတာ "
" အာ... အဲ့လို မဟုတ်ပါဘူး ကိုကို့ သဲ ကလည်း
လွန်ခဲ့တဲ့ မိနစ် ၃၀ လောက် ကပဲ ကိုကို တို့ ဖုန်းပြောထားတာရော "
" မသိဘူး
သဲ သိတာ ကိုကို သဲကို အရင်လို မချစ်တော့ဘူး
စိတ်ပျက်နေပြီ ဟုတ်တယ် မလား "
" အာ .... မဟုတ်ပါဘူး ...
အခုလည်း ကိုကို က ဘယ်ကောင်မလေး ကိုမှ စကား မပြောဘူးရယ်
ပျင်းနေလို့ troller page တွေထဲ ဝင်ဖတ်နေတာ "
" အော် .... ကိုကို က သဲနဲ့ စကား ပြောတာ ပျင်းတယ်ပေါ့ ဟုတ်လား "
" ဟမ် "
စပြီး ရစ်ပြီ ။
" အာ ... အာ့လို မဟုတ်ဘူးလေ ကိုကို့ သဲရဲ့ "
" ဟုတ်ပါတယ် ..... နောက်ပြီး ဒါတွေ ကြည့်အုံး "
sent a photo ဆိုပြီး ကျုပ်ဆီ ပုံတွေ ရောက်လာတယ်။
ဒင်းလေး ကျုပ် အကောင်ထဲ ဝင်မွှေ ထားပြီ ။
သူ့ password ပေးတာတော့ မှားပြီ ။
" သူ့ကို ဘာလို့ love react ပေးထားတာလဲ ရှင်းပါ "
ငါးပါးတော့ မှောက်ပြီ ထင်တယ် ။ ကျုပ် အကျင့်က ha ha react ရယ် ၊ love react ဆီကိုပဲ ရောက်ရောက်နေ တာ အကျင့်လေ ။
love react ပေးထားတယ် ဆိုတဲ့
ပုံလေးကို ကြည့်လိုက်တယ် ။
'' အာ ... သဲ အာ့ အိချောပို လေ ။
ကိုကို့ idol ''
'' ဟမ် . . ဟုတ်လား
ဟီးးး ဆောတီး ကိုကို love react စိတ်ရောက်ပြီး ဘယ်သူမှန်း မကြည့် လိုက်မိဘူး
ဟမ် . . ခဏလေးပါ ဘယ်သူက ဘယ်သူ့ idol "
" အိချောပိုက ကိုကို့ i dol "
" ပြန်ပြောပေးပါအုံး ကိုကို ပြန်ပြောပါအုံး "
" အိချောပို "
" စိတ်ဆိုးတယ် ကိုကို စိတ်တအား ဆိုးတယ်
တကယ်ဆို ကိုကို့ idolက သဲ ပဲ ဖြစ်ရမှာ
ပြီးတော့ ကိုကို love react ပေးရမဲ့သူကလည်း သဲ ပဲ လေ "
" ဟုတ် နောက်ဆို အိချောပို ကို love react မပေးတော့ ပါဘူး "
" ပေးလည်း ပေးမရတော့ ပါဘူး
ကိုကို့ အကောင့်နဲ့ block လိုက်ပြီ "
" ဟမ် "
သွားပါပြီ ။ see first ထားထားတဲ့ အိချောပို လေးတော့ block ခံ ထိသွားပြီ ။
" နောက်ပြီး သူက ဘယ်သူလဲ "
ss ရိုက်ထားတဲ့ ပုံကို လာပြတယ်။
ကျုပ် post တစ်ခု အောက်မှာ လာ မန့် ထားတဲ့ ကောင်မလေး တယောက် ။
" အာ့ သူငယ်ချင်းလေ "
" ဟွင်း ... ဟွင်း
သူငယ်ချင်းသာ ပြောတယ်
ကိုကို့ ကို ရိသဲ့သဲ့ လာ လုပ်နေတာ "
" သူငယ်ချင်းပါ ကိုကို့ ရဲ့ သဲရယ် "
" ဟင့်အင်း သူငယ်ချင်းတွေ ဘာတွေ နားမလည်ဘူး ....
block လိုက်ပြီ "
" ငွှာ "
" ဒီတယောက်က ရော ဘယ်သူတုန်း
ကိုကို့ ကို မောင်လေး ဘာလေးနဲ့
သူများကိုကို ကို cb မှာ လာပြောနေတာ "
ss တခုကို လာပြတယ် ။
" ငင့် , အာ့ ကိုကို့ အစ်မ လေ
သဲလေး ယောင်းမ ''
" ငင် .... ဟုတ်လား "
ဟီး block လိုက်မိပြီ
ပြန် ဖြေ ပေးလိုက်အုံးနော် ကိုကို
ဟီး . . ဟီးးး ''
'' အေးပါ . . အေးပါ ''
အော် . . မြင်မြင်သမျှ အကုန် block
ပစ်နေတာ ။
'' ကိုကို့ ''
'' ဝေ့ ''
'' အခု ဖုန်းခေါ် ''
''စောနကပဲ ပြောပြီးပြီလေ ''
" မရဘူး အခုခေါ်
ဘာလဲ မခေါ်ချင်ဘူးလား "
" ဟမ် . . ခေါ်ပြီ ခေါ်ပြီ "
ချက်ချင်းပဲ ဖုန်းခေါ်ရတယ် ။
တစ်စက္ကန့် နောက်ကျ တာနဲ့ နွဲ့ဆိုး ဆိုးတော့မှာ ။
" ဟယ်လို ကိုကို့သဲ ... ဘာတွေများ ပြောချင်လို့လဲ "
" ကိုကို .... အခုတစ်လော feelတာတွေ များနေတယ် နော် ''
" ဟမ် ....... ဟုတ်လား "
" feel နေတာတွေက လည်း နှစ်ခွတွေ
ဘယ်တျောက်ကို target ထား နေတာလဲ "
" အာ .... သဲ ကလည်း ဘယ်တျောက်မှ မ target ပါဘူး "
" ဟုတ်လို့လား . . . "
" ကိုကို့ သဲ ကို password ပေးထား တာပဲ "
" omm , ဒါပေမဲ့ နောက်တစ်ခါ feel စရာ ရှိ ရင် only me နဲ့ သဲ ကို tag တွဲပြီး feel "
" ဟုတ် "
" ကိုကိုနော် ...
အခုခေတ်က မိန်းမတွေက စနှိုက် အရင် ကြော်တဲ့ ခေတ် ။ အစစ အရာရာ ကိုကို က သတိထား "
" ဟုတ် "
" သဲ လည်း အဖွားကြီး မြန်မြန်ဖြစ်တော့မှာ.. တနေ့နဲ့ တနေ့ ကိုကို့ ကိုပဲ လိုက် စိတ်ပူနေ ရတယ်.. လူကြီး ဖြစ်ပြီး ကလေးကပဲ အစစ အရာ အရာ ဆုံးမနေရသလို ဖြစ်နေပြီ "
ဟိုက်ရှားဘား ။ ကျုပ် ကို ဆုံးမ နေတာများ လူကြီးကျနေတာပဲ ။
'' ဟုတ် ''
" ကိုကို . . သဲက ချစ်တယ်နော်... အလို မလိုက်ဘူး
သဲကို ထားမယ် လို့သာ ကြံကြည့် ဓါးနဲ့ လိုက်ထိုးမှာ ''
" အမငီးး ကြောက်ပါပီ "
" ဟင်း ဟင်း သဲ စကားလည်း နားထောင် ကြားလား "
" ဟုတ် "
'' သဲက ကြည့် ကိုကို့ ချော့နေရတာ ကိုကို လည်း သဲ ကို ချော့ဖို့ ကြံပါအုံး ''
'' ဟုတ် ''
'' သဲ ပြောတာ နားမထောင် လို့ကတော့
နမ်းဖို့ မပြောနဲ့ လက်တောင် ပေးမကိုင် တော့ဘူး
ချစ်တယ် ဒါပဲ ''
အော် ....... ပြောချင်ရာ ပြောပြီး ဖုန်း ချသွားလေ ပြီ ။
ဒီလိုလေး ကျုပ်ကို ချစ်ပေးနေတဲ့ ရစ်လုံးလေးတစ်ယောက် ရှိနေတာ ကျုပ်အတွက် လုံလောက်နေပါပြီ ။
ခဲတံ
Post a Comment