စနေ သားသမီးများ ဒီတပတ်အတွက် ဆောင်ရန် ၊ ရှောင်ရန်များ
ဒီရက်ပိုင်းမှာ အလုပ်ထဲ ဖိအားတွေများလို့ မပျော်မရွှင် ဖြစ်တတ်ပါပေမယ့် သင့်ရဲ့ ကြိုးစားမှုကြောင့် အလုပ်ထဲမှာ ဂုဏ်သတင်း တက်စရာ ၊ရာထူး တက်စရာတွေ ကြုံရကိန်း ရှိပါတယ်။ ဒီရက်အတွင်း လူမှုရေး ၊စီးပွားရေး၊ ပညာရေး အောင်မြင်လိုတဲ့ ကိစ္စတွေမှာ သောကြာ သားသမီးများနှင့် တိုင်ပင် ဆောင်ရွက်တာ အကောင်းဆုံးပါ။
သင့်လုပ်ငန်း တိုးချဲ့တာနဲ့ တခြား အရေးကြီး ကိစ္စတွေမှာ သင့်ရဲ့ ကြီးကဲသူက အကူအညီ ပေးပါလိမ့်မယ်။ စပ်တူ အလုပ်တွေ၊ ရှယ်ယာ အလုပ်ကိစ္စတွေ ဒီအချိန် စလုပ်တာ အကောင်းဆုံးပါ။ ရပ်ခြားက လူမျိုးခြားအကူအညီ ပေးတတ်ပါတယ်။
ဒီကာလမှာ ရေထွက် ကုန်လုပ်ကိုင်သူတွေ၊ သီးနှံရောင်း ၀ယ်ဖောက်ကားသူတွေ အမြတ်အစွန်း များမယ့် ကာလပါ။ မိသားစုတွင်း ပြဿနာရှိရင် ဘယ်အရာမဆို ခေါင်းအေးအေးထားပြီးမှ ဆုံးဖြတ်သင့်ပါတယ်။ ပညာရေးကတော့ ကြိုးစားမှ လိုရာကို ရောက်မှာပါ။
ကျန်းမာရေးကတော့ ရင်၊ ၀မ်းစတဲ့ ရောဂါတွေဖြစ် တတ်ပါတယ်။ အိမ်ထောင်ရှင်များ နီးတကျက်ကျက် ဝေးတသက်သက် ဖြစ်တတ်ပေမယ့် ငယ်ရွယ်သူ ချစ်သူများကြား ကြည်နူးစရာတွေ မထင်မှတ် ဘဲပျော်ရတာ တွေ ကြုံရတယ်။
ငွေကြေး အကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားအား ယခုတစ်ပတ်လုံး သောကြာနံ အသီးအရွက် အညွှန်၊ ပန်းများဖြင့် ပူဇော်ပါ။
ပြည်ပ ထွက်ခွာလိုသူများ။ ။ ယခု တစ်ပတ်အတွင်း သံဃာတော်များကို အာရုဏ်ဆွမ်း ကပ်လှူဒါန်းပါ။
အလုပ်ရရှိရန် အခက်အခဲ ဖြစ်နေသူများ။ ။ ဘုရားရှင်အား နံနက်စောစော ပဋ္ဌာန်းဒေသနာဖြင့် ရွတ်ဖတ် ပူဇော်ပေးပါ။
အိမ်ထောင်ရေး ၊နှလုံးသားရေး အဆင်မပြေ သူများ။ ။ ဒီရက်ပိုင်းအိတ် ထဲတွင် ရည်ရွယ်သူ ဓာတ်ပုံကိုထည့်ထားကာ အချိန်ရတိုင်း မေတ္တာသုတ် ကို ရွတ်ဖတ်ပါ။
လူမှုရေး အတိုက်အခံ များသူများ။ ။မနက် မိုးလင်းတိုင်း ဘုရားရှင်ရှေ့တွင် အရဟံ သက်စေ့ ပုတီးစိပ်ပြီးမှ ကျန်သည့် အလုပ်ကိစ္စများ လုပ်ဆောင်ပါ။
ကျန်းမာရေး မကောင်းသူများ ။ ။ မိမိ အရပ်တွင် ရှိသော ဘုရားစေတီရှိ ဗောဓိညောင်ကို ထောက်ပေးခြင်း၊ တံတားခင်းခြင်းကို လုပ်ပေးပါ။
ထီကံကောင်းလိုသူများ။ ။ စက်ဘီးနှင့်ရောင်းသည့် ထီဆိုင်တွင် ၇/၈ အစ ၆ အဆုံး ဂဏန်းပါသော ထီကို ထိုးပါ။
OpinionLeadersMedia
Post a Comment