အရပ်ပုတဲ့ မိန်းခလေးတွေရဲ့ အားသာချက် (9) ခု
အရပ်ပုလို့ စိတ်ညစ်နေပါ သလား ။ အရပ်ပု လို့ သူများတွေက သင့်ကို စနောက်နေလား ။ စိတ်မညစ်ပါနဲ့ ။ အဲ့ဒါ သင့်ကို ချစ်လို့ စကြတာပါ ။ အရပ်ပုတဲ့ မိန်းခလေး ဖြစ်ရတာ ဒီလိုမျိုး ကောင်းကျိုးလေးတွေ ရမှာမို့ ဂုဏ်ယူလိုက် ပါနော် ။
1) အရမ်း ချစ်စရာကောင်းလို့ လူတွေ သတိထား မိတယ်
သင့်ကို အမျိုးသား အများစုက ချစ်စရာ ကောင်းတယ် လို့ မြင်ကြပါတယ် ။
2) ကလေးတွေက သင့်ကို ချစ်ကြတယ်
ကလေးတွေက အရပ်ရှည်ရှည် ထောင်ထောင် မောင်းမောင်းဆို နည်းနည်းလေး ရွံ့ကြ ပါတယ် ။ သင့်ကိုတော့ သူတို့ အရမ်း ချစ်ကြ ပါလိမ့်မယ် ။
3) သင့်ကို ကာကွယ်ပေးချင် ကြတယ်
အရပ် ပုတဲ့ မိန်းခလေးတွေကို ယောက်ျားလေးတွေက ဒါမှမဟုတ် လူတွေ အများအားဖြင့် ကာကွယ်ပေးချင်ကြပါတယ်။
ဝလို့ လှလို့ ၊ ပုလို့ နုလို့ ဆိုတဲ့ မြန်မာစကားပုံ ရှိတယ် မဟုတ်လား ။ အရပ်ပုတဲ့ မိန်းခလေးတွေဟာ အရပ်ရှည်တဲ့ မိန်းခလေးတွေထက် ပိုနုကြပါတယ် ။
5) ဒေါက်ဖိနပ် ဘယ်လောက်မြင့်မြင့် စီးလို့ရတယ်
အရပ်လေး ပုနေလို့ စိတ်ပူစရာ မလိုဘူးနော်။ ဒေါက်ဖိနပ်စီးပြီး ရှည်အောင် လုပ်လို့ရတာပဲ။ ဒေါက်ဖိနပ်ဘယ်လောက်မြင့်တာ စီးစီး စီးလို့ရတယ်နော်။ ပိုပြီးလည်း ယုံကြည်မှုရှိစေတယ်။
6) ချစ်သူ ကောင်လေးကို ကုန်းပိုးခိုင်းလို့ ရတယ်
ကိုယ်က ပုပုသေးသေးလေး ဆိုတော့ ခလေးလေး တယောက်လိုပဲ ချစ်သူ နောက်ကျောကို ခိုစီးလို့ ရပါတယ် ။
7) ချစ်သူက ကိုယ့်ထက် အရပ်ပုမှာ စိတ်ပူစရာ မလိုတော့ ပါဘူး
အရပ်ရှည်တဲ့ ကောင်မလေးတွေဆို အရပ်ပုတဲ့ ကောင်လေးတွေနဲ့ ချစ်သူထားရမှာ ၀န်လေးကြပါတယ် ။ အရပ်ပုတဲ့ ကောင်မလေးတွေ ကတော့ ဒါတွေကို စိတ်ပူစရာ မလိုပါဘူးနော် ။ သင်ချစ်မယ့် ချစ်သူကောင်လေးကလည်း သင့်ထက် အရပ် ပိုရှည်မှာ သေချာပါတယ် ။
8) အရိပ်ခိုလို့ ရတယ်
ဒါကတော့ အကောင်းဆုံး အားသာချက် တခု ပါပဲ ။ နေပူရင် အရပ်ရှည်တဲ့ သူတွေဘေး ကနေ အရိပ်ခိုလို့ ရတယ်လေ။
9) ပိတ်စ သိပ်မကုန်ဘူး
အဝတ်အစား ချုပ်တဲ့ အခါမှာ ပိတ်စ အကုန်အကျ အရမ်းကို သက်သာ ပါတယ် ။
သင် အရပ်ပုတာကို ဂုဏ်ယူလိုက်ပါတော့ ...
အရပ် ပုလို့ စိတ်ညစ်နေတဲ့ ကောင်မလေးတွေကို Mention ခေါ်လိုက်ပါအုံး ...
Credit
Post a Comment