Header Ads

တခါမှ Bottom 3 မှာ မထိုင်ရသေးတဲ့ ဖြိုးမြတ်အောင်


ဇာတ်ရှိန် တဖြည်းဖြည်း မြင့်လာတဲ့ မြန်မာအိုင်ဒေါ သီချင်းဆို ပြိုင်ပွဲမှာတော့ ပရိသတ် အားပေးမှု များပြားပီး နာမည်ကြီးနေတဲ့ ဖြိုးမြတ်အောင် တစ်ဦးတည်းသာ ဘော်တွန်သရီးမှာ မထိုင်ရဖူးတဲ့သူ ဖြစ်လာပါတယ်။ ယခုဆိုရင် Result Show ငါးကြိမ် ပြီးခဲ့ပြီဖြစ်ပေမယ့် ဖြိုးမြတ်အောင်ကတော့ တစ်ကြိမ်မှ ဘော်တွန် 3 မှာ မထိုင်ရသေးတာပဲ ဖြစ်ပါတယ်။



တခြား ပရိသတ်ကြား နာမည်ကြီးနေသူ တစ်ယောက်ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုကတော့ နှစ်ကြိမ် ထိုင်ရြ့ပီး ဖြစ်ပါတယ်။ ပထမ အကြိမ်မှာ ပြည့်ဖြိုး ၊ နန်းရွှေရည် ၊ စွမ်းပြည့်အောင် ၊ ဒုတိယ အကြိမ်မှာ နန်းရွှေရည်၊ နော်ဂျက်၊ ငွေဇင်လှိုင်း ၊ တတိယအကြိမ်မှာတော့ ပြည့်ဖြိုး ၊ ချမ်းမြေ့မောင်ချို ၊ နီလန်း စတုတ္ထအကြိမ်မှာ မေမဒီ၊ ဇော်ကြီး၊ နေခန့်မင်းသစ် ပဉ္စမအကြိမ်မှာ နေခန့်မင်းသစ် ၊ ချမ်းမြေ့မောင်ချို ၊ ငွေဇင်လှိုင်း တို့ဟာ ဘော်တွန်သရီးမှာ ထိုင်ခဲ့ရပါတယ်။



from MI

No comments

Powered by Blogger.