အချစ်ကြောင့် ခံစားနေသူများ ဖတ်ပါ
လူတိုင်း လူတိုင်းမှာ သိပ်ချစ်ရတဲ့ ချစ်သူ ဆိုတာ ရှိကြ ပါတယ် ။ အဲဒီသူနဲ့ ပေါင်းဖက် ရရင် အရမ်း ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ် ။ ဒါပေမယ့် မပေါင်းဖက်ရ ရင်လည်း စိတ်ဆင်းရဲ စရာ မရှိပါဘူး ။ အဲ့ဒါ ကံဆိုး တာလည်း မဟုတ်ပါဘူး ။ ချစ်တိုင်းလည်း မညားတတ်ဘူး ဆိုတဲ့ စကားလေး ရှိပါတယ် ။
ဘဝမှာ ကိုယ် လိုချင်တာကို မရနိုင်ပေမယ့် ရှိနေတဲ့ အရာကို လိုချင်လာအောင် လုပ်လို့ ရပါတယ် ။ ဆိုလိုတဲ့သဘောက သင့်ကို မချစ်တဲ့သူ (ဒါမှမဟုတ်) သင်က ချစ်တဲ့သူကို ပိုင်ဆိုင်ခွင့် မရနိုင် ပေမယ့် သင့်ကို ချစ်တဲ့သူတွေကို ချစ်ခွင့် ရှိပါသေးတယ် ။
" ပျော်ရွှင်ခြင်း ဆိုတဲ့ တံခါး တချပ် ပိတ်သွားပေမယ့် နောက်တံခါး တချပ် ပွင့်လာ ပါတယ် ။ ဒါပေမယ့် ကျမတို့က ပိတ်သွားတဲ့ တံခါးကို အကြာကြီး ကြည့်နေမိလို့ နောက်တံခါး တချပ်ကို မမြင်ပဲ ဖြစ်နေကြတာပါ " ဟဲလင်ကဲလား ။
ကျနော်တို့ ဟာ ကိုယ့်ကို မချစ်နိုင်တဲ့သူကို မစွန့်လွတ်နိုင်ရင် ကျနော်တို့ကို တကယ်ချစ်တဲ့ သူတွေ အတွက် အချိန်ပေးဖို့ နည်းသွား ပါလိမ့်မယ် ။
လောကကြီးမှာ ဘယ်အရာမှ မတည်မြဲ ပါဘူး ။ အရာရာဟာ ပျက်ဆီး လွယ်ပါတယ် ။ လောကမှာ တစ်ခြားသူ တယောက်ကို လွမ်းဆွတ်ရင်း အချိန်ကုန် မခံပါနဲ့ ။ ဘဝမှာ ရှိနေတဲ့ အရာတွေ အားလုံးကို ဘယ်သူမှ မပိုင်ဆိုင်နိုင်ပါဘူး ။
ဒါ့ကြောင့် ကိုယ့်ကို စွန့်ခွာသွားတဲ့ သူတွေကို ခွင့်လွတ်ပေး လိုက်ပါ ။ ဒါပေမယ့် နောက်တခါ ပြန်ပြီး ယုံကြည်ရင်တော့ မိုက်မဲရာကျ ပါတယ် ။
ဘဝမှာ အချစ် ဆိုတဲ့ အရာကို ချနင်းချင်ပြီး ပျော်ရွှင်စွာ နေထိုင်လိုရင်
- အများကြီး မချစ်မိ ပါစေနဲ့ ။
- လူတွေ အပေါ် ပုံအောပြီး မယုံမိ ပါစေနဲ့ ။
- လူတွေ အပေါ် တအားကြီး မဝေဖန်ပါနဲ့ ။
- အများကြီး မမျှော်လင့်ပါနဲ့ ။
- ပြီးတော့ စကားတွေ သိပ်မပြောပါနဲ့ ။
ကိုယ်အတတ်နိုင်ဆုံး လူတစ်ယောက် အပေါ်ကို မချစ်မိအောင် ကြိုးစားပါ ။ လူတယောက်ကို ချစ်မိပြီ ဆိုရင် ဘယ်လို ခံစားရနိုင်တယ် ဆိုတာ သိမှာပါ ။
လူတယောက်က သင့်ကို မချစ်နိုင်ဘူး ဆိုရင် ဝမ်းနည်းစရာ မရှိပါဘူး ။ သင်က ဘာလို့ ၀မ်းနည်းနေရ မှာလဲ ။ သင့်ကို လုံးဝ မချစ်တဲ့ လူတယောက်ကို စွန့်လွှတ်ရတာပါ ။ သူကတော့ သူ့ကို အရမ်း ချစ်ပြီး ဂရုစိုက်တဲ့ လူတယောက်ကို ဆုံးရှုံးရတာလေ ။ ကိုယ့်ကို မချစ်နိုင်တဲ့ သူနဲ့ ပေါင်းဖက် မိရင် စိတ်ဆင်းရဲနိုင် ပါတယ် ။ အရာရာကို ရဲရင့်စွာ ရင်ဆိုင်ပြီး မလိုအပ်တာတွေကို စွန့်လွှတ် ခဲ့ပါ ။
အချစ် အတွက်ကြောင့် လူတွေ အောင်မြင်တယ် ဆိုတာ မရှိပါဘူး ။ ကိုယ့်ရဲ့ ကြိုးစားမှုကြောင့်သာ အောင်မြင်ကြတာပါ ။ ဒါ့ကြောင့် ခင်ဗျားတို့ရဲ့ ဘဝအောင်မြင်မှုကို အတားအစီး ဖြစ်စေတယ် ဆိုရင် အချစ် ဆိုတဲ့ အရာကို ဘဝထဲ ကနေ ရဲရဲကြီး ကန်ထုတ် လိုက်ပါ ။ သင်ဟာ တနေ့မှာ အကြီးအကျယ် အောင်မြင်လာ ပါလိမ့်မယ် ။
အချစ်ဟာ လူတိုင်းအပေါ် မတူညီတဲ့ ခံစားမှုတွေ ပေးလို့ ဒီစာလေးကိုတော့ အချစ်အတွက် စိတ်ဓာတ် ကျနေတဲ့ သူတွေသာ ဖတ်ပေးပါ ။ ဒီစာကို ဖတ်ပြီး ရင်ထဲမှာ ဝေဖန်အကြံ ပေးစရာ သို့မဟုတ် ရင်ဖွင့်စရာများ ရှိနေရင် commentမှာ ရေးခဲ့ပါ ။
Ko Ye
Post a Comment