အန်ကယ် ဦးသိန်းတန်ဆီသို့ ပေးစာ..
လေးစားရပါသော.. ဦးသိန်းတန် ( မြန်မာပြည်) ခင်ဗျာ
ကျွန်တော်ဟာ ဦးသိန်းတန်ရဲ့  အနုပညာ တန်ဖိုးကိုလည် သိရှိလေးစားသူ တစ်ယောက်ပါ..
ဦးသိန်းတန် ရဲ့ အကဲဖြတ် စွမ်းရည်အရ ဖြိုးမြတ်အောင် ကို တစ် ပေးထားတာကိုလည် အငြင်းမပွါး လိုပါ..
ဖြိုးမြတ်အောင် ကောင်းသလို ကျန်သည့် ခလေးတွေမှာလည် သူအစွမ်းနှင့်သူ ကောင်းကြပါတယ် ဆိုတာ ဦးသိန်းတန် ဝန်ခံရပါလိမ့်မည်..
ဝေဖန် သုံးသပ်ချက်တွေမှာ ဒိုင်ကျင့်ဝတ်နဲ့ မညီ ဘဲ ပြောင်ပြောင်တင်းတင်း ဘက်လိုက်မှုတွေ တွေ့ရပါတယ်..
ဖြိုးမြတ်အောင်ကို အမွှန်းတင် ချင်နေတာနဲ့ ကျန်ကလေးတွေကို နှစ်သိမ့်သည့်စကားမပြောဘဲ ရင်ထဲမရောက်ဘူးဆိုသည့် စကားဖြင့် စိတ်ဓါတ်အရာ ချီုးချလိုက်တာဟာလည် ဦးသိန်းတန်ရဲ့  အတ္တကို ပိုပြီး ပေါ်လွင်စေခဲ့ပါတယ်
ဖြိုးမြတ်အောင် ကောင်းတာ လက်ခံပါတယ်..
သို့ သော်လည်း... ကျန်သည့် ခလေးတွေအတွက် Vote ပေးမဲ့သူတွေကို ဝေဝါးသွားအောင် အပြစ်တွေထောက်ပြပြီး တစ်ပတ်ပြီး တစ်ပတ် လွန်းကျူးလာတဲ့ ဦးသိန်းတန် ရဲ့  မှတ်ချက်ကြောင့် ဖြိုးမြတ်အောင်ဟာ အခြား ပရိတ်သတ် ရဲ့ မြေဇာပင် လို ဖြစ်ရပါလိမ့်မယ်..
ဖြိုးမြတ်အောင်ဟာ မိဘကို လုပ်ကျွေးတယ်.. ဘာသာတရားကို ကိုင်းရှိုင်းတယ် ဆိုတော့ ကျန်သည့်ခလေးတွေ ထဲမှာ အဲလို ခလေးမရှိဘူး ဆိုသည့် သဘောမျိုး တန်းပြောနေတာက မပြောသင့်သလို..
တခြားဘာသာ ကိုးကွယ်သည့် ခလေး ပါခဲ့လျင်လည်း ဘာသာရေး ခုတုံးကြောင့် ဖြူစင်တဲ့ သူတို့ ရင်ထဲ တမျီုးမြင်ပြီး myanmar idol လည်း နာမည်ပျက် ရပါလိမ့်မည်..
ဖြိုးမြတ်အောင် ကို သူရသာတီမယ်တော် စောင့်ရှောက်တယ် လို ဦ့းသိန်းတန်က ပြောတော့
အနုပညာ ပိုင်းမှာ အမြင့်ဆုံး စွမ်ရည်ရှိတဲ့.. ဦးသိန်းတန် ရဲ့ ဘာသာရေး စွမ်းရည်ဟာ အနိမ့်ဆုံး အဆင့်မှာဘဲရှိတယ် ဆိုတာ သိလိုက်ရပါတယ်..
ပညာရှိ သတိဖြစ်ခဲ့တာလား... ကံ ကံ၏ အကျိုးကို မယုံကြည်တာလား...
မြတ်စွာဘုရား အဆုံးအမ ကိုသာ လိုက်နာကျင့်သုံးတဲ့ ကျွန်တော်တို့  ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေမှာ မိမိကိုယ်သာ အားကီုးရာပါ
တန်ခိုးရှင်ကိုလည်း မကိုးကွယ်သလို သူရသတိ ဆိုတာလည် မရှိပါဘူး။ ရှိတယ် စောင့်ရှောက်တယ်လို့ ပြောတဲ့ သူဟာလည် လွဲမှားသော မိစ္ဆာဝါဒီ အယူမှားကြောင့် သရဏဂုံပျက်ပြီး တန်ဘိုးမဲ့သော သူတယောက် ဖြစ်ရပါတယ်..
သူရသတိကြောင့် ဖြိုးမြတ်အောင် ကောင်းတာလား.. သူရဲ့ ပင်ကိုယ်အရည်အချင်းကြောင့် ကောင်းတာလာ ဆိုတာ ဦးသိန်းတန် ကောင်းကောင်း သိပါတယ်။
တဆက်ထဲသိအောင် ပြောလိုက်ပါ့မယ်.. ဦးသိန်းတန် ရဲ့ အတ္တကြောင့် ဖြိုးမြတ်အောင်ကို Vote နေတဲ့ သူတွေရဲ့ မဲတွေ တခြားသူတွေဆီ ယိမ်းသွားခဲ့မယ် ဆိုရင်တော့...
နောက်တနေ့...
ပြည်သူအားကို ဦးသိန်းတန် ရဲ့ အတ္တ ကျော်ဖြတ်နိုင်ပါ့မလား ဆိုတာ..
Crd ပိတောက်မြေ ခေတ္တလူပြည်
Post a Comment