ချစ်သူကောင်း တစ်ယောက် ဖြစ်စေဖို့ လုပ်သင့်တဲ့ အချက် (10) ချက်
ရိုမန်တစ် ဆန်စေဖို့ ဖော်မြူလာတွေ ရှိပါတယ် ။ Date လုပ်တဲ့နေရာမှာ ယောက်ျားလေးတွေ ဘယ်တော့မှ အမှတ်တမဲ့နဲ့ ကျော်မသွားသင့်တဲ့ အရာတွေ ရှိပါတယ်။ ကိုယ့် ချစ်သူ ကောင်မလေးကို စိတ်ကျေနပ်စေဖို့ ယောက်ျားကောင်း တယောက်ရဲ့ အကျင့် 10 ခုကို ဖော်ပြပေးလိုက် ပါတယ်။
1) သူမကို လှတယ် ထင်အောင် လုပ်ပါ
ကိုယ့်ချစ်သူရဲ့ အလှကို ချီးကျုးခြင်းဟာ ချစ်သူကောင်းတွေရဲ့ အလုပ်ပါပဲ ။ ရိုးရှင်းပြီး ရိုးသားတာဟာ အရေးကြီးပါတယ် ။ သူမ ရှက်နေတတ်တဲ့ အချိန်တွေမှာ ချီးကျူးပါ ။ သင်မြင်ဘူးသမျှ ထဲမှာ အလှဆုံး ဖြစ်ကြောင်း ပြောပြပါ ။ မိန်းမတွေဟာ သူတို့ ချစ်တဲ့ သူတွေ အတွက် လှပေးချင် ကြပါတယ် ။
2) နားထောင်ပေးပါ
သူမ စကားပြောလိုက် တာနဲ့ သူမပြောတာကို အာရုံစိုက်ပြီး နားထောင်ပါ ။ သူမ ရင်သားကို ငမ်းနေရလို့ ဘာမှ မသိလိုက်တာမျိုး ဖြစ်မသွားပါနဲ့ ။ ချစ်သူကောင်း တယောက်ဟာ ပြန်ပြီး စိတ်ပါဝင်စားမှုနဲ့ မေးမြန်းပါတယ်။ သူမ ပြောတာ စိတ်ဝင်တစား နားထောင်တာဟာ သူမရဲ့ အမြင်တွေကို လေးစားပြီး သူမကို စိတ်ဝင်စားတာပါပဲ။
3) သူမကို စိတ်ချပါ
ယုံကြည်မှု ဆိုတာ ချစ်ဇာတ်လမ်းကောင်း အားလုံးရဲ့ အခြေခံပါ ။ သူမ ကို မေးခွန်းတွေ စေ့စေ့ ပေါက်ပေါက် မမေးပဲ သူမ သူငယ်ချင်းနဲ့ အပြင် သွားခိုင်းလိုက် တာဟာ သင် သူမကို ယုံကြည်ကြောင်း ပြလိုက်တာပါပဲ။ သင်ကရော သင်ဘာလုပ်လုပ် သဝန်တို နေတဲ့ လိုက် Check နေတဲ့ ရည်းစား တယောက် လိုချင်ပါသလား ? သူမလည်း တူတူပါပဲ ။
4) သူမနဲ့ သူမရဲ့ မိသားစုကို လေးစားပါ
သူမ ရှေ့မှာ အရမ်း မာနထောင်လွှား ပြ မနေပါနဲ့ ။ သူမရဲ့ မိသားစုကို လေးစားပြပါ ။ အမှတ်တွေ ပိုရရုံမက သူမ မိဘတွေ အပေါ် လေးစား ကြင်နာ ပြတာဟာ သင် သူမကို အတည် ကြံတာ ဖြစ်ကြောင်း ပြောပြနေသလို ပါပဲ ။ သူမရဲ့ မိဘတွေဆီ လက်ဆောင်လေးတွေ ယူသွားပါ ။
သင်လည်း သူမကို သင့်လို ပိုကောင်းတဲ့ လူတယောက် ဖြစ်လာအောင် အားပေးပါ ။ သူမ စိတ်ဓာတ် ကျနေရင် အားပေး ပေးပါ ။ သူမ ကောင်းမယ် ထင်တဲ့ သင်တန်းတွေ တက်ခိုင်းပါ ။ သင် သူမ အပေါ် ဘယ်လောက်ဂရုစိုက်လဲ ဆိုတာဟာ သင်တို့ရဲ့ ချစ်ဇာတ်လမ်းကို သက်တမ်း တိုးသွားစေ ပါတယ် ။
6) သင့်ကိုယ်သင် ပိုကောင်းလာအောင် ပြုပြင်ပါ
အဲဒါက သူမက သင့်အပေါ် ကောင်းသော လွှမ်းမိုးခြင်းနဲ့ ဘယ်လောက် လွှမ်းမိုးမှု ရှိတယ် ဆိုတာ ပြနေသလိုပါပဲ ။ ကိုယ်အလေးချိန် ချတာ ဖြစ်ဖြစ်၊ စာပို ကြိုးစားတာ၊ အရက် အရမ်းမသောက်တော့တာ ၊ ဆေးလိပ် ဖြတ်တာတွေဟာ သူမ အပေါ် သင်က ပိုကောင်းတဲ့ ပါတနာ ဖြစ်လာအောင် ကြိုးစားပေးတာ ပါပဲ ။
7) တက်ကြွနေပါ
သူမကို ဦးဆောင်ခိုင်း တာဟာ ပထမ မှာတော့ သူမကို ဘုရင်မ တပါးလို ခံစားရစေ ပေမယ့် ရေရှည်မှာ ဘယ်သူမှ နောက်ကနေတဲ့ ယောက်ျားမျိုးကို မလိုချင်ကြ ပါဘူး။ သင်ဟာ သင်ပဲ ဖြစ်နေပါ။ ကိုယ့်အတွေး အမြင်နဲ့ ကိုယ် ရပ်တည်ပါ ။ သူမကို သင် သန်မာကြောင်း ပြပါ ။
8) အသေးစိတ် လေးတွေကို သတိပြု မိပါ
သူမရဲ့ ဆံပင်မှာ ဟိုက်လိုက် ဖောက်လာပါ သလား ? ကိုယ်အလေးချိန် ကျသွား ပါသလား ? ဝတ်စုံ အသစ် ဝတ်ထား ပါသလား ? သင်က သူမကို ဂရုစိုက်ပြီး နေတာကို သူမ ကြိုက်ပါတယ် ။ အဲဒါဟာ သင်က အသေးစိတ် မြင်တတ်တဲ့လူ ဆိုတာလဲ သူမ သိသွားစေ ပါတယ် ။
9) သူမကို မပျင်းစေပါနဲ့
ချစ်ဇာတ်လမ်းကောင်း ဆိုတာ ဘယ်တော့မှ အရှိန် သေမနေ ပါဘူး။ အဲဒါကြောင့် သင်တို့ရဲ့ တက်ကြွစိတ်တွေ ပျောက်မသွားအောင် သူမ အမြဲတမ်း ခန့်မှန်းနေရအောင် လျှို့ဝှက်ဆန်းကြယ် ဖြစ်နေရပါမယ် ။ စိတ်ကူးယဉ်ဆန်တာဟာ သူမကို ပိုပြီး ပျော်ရွှင်စေ ပါတယ် ။
10) အိပ်ရာထဲမှာ ဖြေဖျော်မှုပေးပါ ( အိမ်ထောင်ရှင်တွေ အတွက်)
လိင်ကိစ္စဟာ အရေးကြီးတယ် လို့ ပြောတာဟာ နှိမ့်ချတာပါ ။ ချစ်သူကောင်း တယောက်ဟာ သူ့ကောင်မလေးရဲ့ အချစ်ကိစ္စ လိုအပ်ချက် အားလုံးကို ဖြည့်ဆည်းပေးနိုင် ပါတယ်။ လိင်ကိစ္စ လုပ်ချင်တာနဲ့ သူမကို ပျော်စေချင်တာ ကွာခြား ပါတယ် ။ ဘယ်တော့မှ မနှုးမနှပ်ပဲ တန်းမလုပ်ပါနဲ့ ။ သင် ပြီးသွားတာနဲ့လည်း အိပ်ပျော် မသွားပါနဲ့ဦး ။
Gentleman
Post a Comment