သင့်ရဲ့ နာကျင်မှု အဆင့် သတ်မှတ်ချက် ဘယ်လောက်လဲ
1) သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ အပစ်ပယ် ခံရဖူးရင် (10) မှတ်
2) ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စ တခုကို ဘယ်လိုပဲ ရှင်းပြ ရှင်းပြ ကိုယ့်ကို လုပ်ပါတယ်လို့ စွပ်စွဲ ခံရဖူးရင် (10) မှတ်
3) ကိုယ့်ရဲ့ အားနည်းချက်ကို အလှောင်ခံခဲ့ရ ဖူးရင် (20) မှတ်
4) ကိုယ် အားငယ် အထီးကျန်နေတဲ့ အချိန် ကိုယ့်နားမှာ နှစ်သိမ့်ပေးမဲ့သူ တယောက်မှ မရှိခဲ့ဖူးရင် (30) မှတ်
5) ကိုယ့်ရဲ့ ချစ်သူက ကိုယ်ရှိနေရက်နဲ့ အခြား နောက်တယောက်နဲ့ ဖောက်ပြန်နေတာ ခံခဲ့ရဖူးရင် (10) မှတ်
6) ကိုယ့်ရဲ့ အရင်းနှီးဆုံး အယုံကြည် ရဆုံးသောသူ တယောက်ရဲ့ သစ္စာ အဖောက်ခံရ ဖူးရင် (20) မှတ်
7) ငယ်ငယ်ကထဲကနေ အရွယ် ရောက်တဲ့ အထိ မိမဆုံ ဖမဆုံ နေခဲ့ရ ဖူးရင် (50) မှတ်
8) ကိုယ့်မိဘတွေ ကိုယ့်ရှေ့မှာ သွေးထွက်သံယို ဖြစ်တဲ့အထိ ရန်ဖြစ်တာ မြင်ဖူးခဲ့ရင် (50) မှတ်
9) ကိုယ်ဒုက္ခရောက်နေတဲ့ အချိန် ဘယ်သူမှ ကိုယ့်ကို လာမကူညီပဲ ပစ်ထားခံခဲ့ ရဖူးရင် (10) မှတ်
10) မိဘတွေရဲ့ ဆူပူကြိမ်းမောင်း ရိုက်နှက်တာ ခံရဖူးရင် (10) မှတ်
11) အနှစ်နှစ် အလလ အချိန်အများကြီး ယူပီး စုခဲ့တဲ့ ပိုက်ဆံ ကျပျောက်ခဲ့ ဖူးရင် (20) မှတ်
12) တစုံတယောက်က ကိုယ့်ကို ရွံစရာ အဖြစ် သတ်မှတ် ပီးတော့ အမုန်းခံခဲ့ရ ဖူးရင် (20) မှတ်
13) အုပ်စုဖွဲ့ပီး ဝိုင်းပီး အနိုင်ကျင့် ခံခဲ့ရဖူးရင် (10) မှတ်
14) ထွက်လာတော့မဲ့ မျက်ရည်တွေကို အပြင် မကျလာအောင် အတင်း ကြိတ်မှိတ် တင်းခံခဲ့ ဖူးရင် (10) မှတ်
15) ကိုယ်က စေတနာနဲ့ ကူညီပေးပေမဲ့ အကောင်းမမြင်တဲ့ အပြင် အပြစ်မြင်ခံခဲ့ ရဖူးရင် (20) မှတ်
အမှတ် 100 ကျော်ခဲ့ရင် အရမ်း နာကျင်ခဲ့ရဖူး မှာပါ
အမှတ် 200 ကျော်ခဲ့ရင်တော့ သေချင်သွားလောက်အောင် နာကျင်ခဲ့ရ ဖူးမှာပါ
အမှတ် 300 အမှတ်ပြည့် ရခဲ့ ရင်တော့ မင်းဟာ နာကျင်ခဲ့တာ တွေများခဲ့ လွန်းလို့ နာကျင်မှုတွေနဲ့ အသားတောင်ကျနေလောက် ပါပီ
အမှတ် ဘယ်လောက်ပဲ ရရပါ ။ ကျနော် ရေးခဲ့တာတွေက အကုန် ကျနော် ဖြစ်ခဲ့ဖူးတာတွေကို ရေးထားတာပါ
နံပတ် တခုချင်းစီက ကျနော့်အတွက် နာကျင်ရတာတွေချည်း ပါပဲ ။
5 , 6 . 7 , 9 , 14 ကတော့ အနာကျင်ရဆုံးတွေ ပါပဲ..
ဟုတ်ကဲ့... ကျနော် အမှတ်ပြည့် 300 ရရှိပါတယ်..
HtetAungSoe
Post a Comment