Header Ads

သင့်ချစ်သူကောင်မလေး သင့်ကို ပိုချစ်လာစေမယ့် နည်းလမ်း (5) ခု


ကျနော်တို့တွေ အရွယ်တွေလည်း ရောက်ပြီ ။ လိင်ကိစ္စတွေလည်း တွေ့ကြုံခဲ့ ဖူးပြီးပြီ ။ ယောက်ျားတွေ အတွက်တော့ လိင်ကိစ္စ ဆိုတာက ထသွား ထလာ လိုမျိုး လွယ်ကူတယ် ဆိုပေမယ့် အမျိုးသမီးတွေ အတွက်တော့ သူတို့သာယာမှုကို ခံစားရပြီး ဒီကိစ္စကို စိတ်ပါ လာအောင် လုပ်ဆောင်ပေးဖို့ လိုအပ်တယ် ။

အမျိုးသမီး တယောက်ကို ဘယ်လိုမျိုး စိတ်ပါလာအောင် လုပ်ပေးရမလဲ ဆိုတာကို ကျနော်တို့ အခု ပြောပြသွားတော့မှာ ဖြစ်တယ် ။

ဒီအချက်တွေဟာ ဆိုရင် သင့်ရဲ့ ကာင်မလေးကို မိန်းမရိုင်းလေး တယောက်အဖြစ် ပြောင်းလဲ သွားစေနိုင်တဲ့အချက်တွေ ဖြစ်ပါတယ် ။

1) စွဲမက်မှု

သင့်အနေနဲ့ အမြဲတမ်း ခေါင်းသုံးစရာ မလိုပါဘူး ။ သင့်ရဲ့ ချစ်သူ အပေါ်ကို စွဲမက်မှုလေးတွေ ပြသပါ ။ ပြောရမယ် ဆိုရင် ရင်ကို ထိသွားစေမယ့် စကားလုံးလေးတွေ ပြောဆိုတာမျိုး ရွှန်းရွှန်း စားစား စိုက်ကြည့်တာမျိုးဟာ သူတို့ကို သွေးပူလာစေ ပါတယ် ။

2) မှော်ဆန်တဲ့ အထိအတွေ့

ပထမဆုံး ပြောချင်တာ ကတော့ အန္တရာယ်များတဲ့ နေရာတွေကို သတိထားပါ ။ အထူးသဖြင့် သင် ကိုင်တွယ်ရမယ့် နေရာတွေဟာ သူခံစားမှု ရှိပြီးတော့ စိတ်ပါလာစေမယ့် နေရာမျိုးတွေ ဖြစ်ရပါမယ် ။ တယောက်ယောက်ကို ပွတ်သပ် ထိတွေ့ခြင်း ဟာလည်း သွေးပူလာစေနိုင်မယ့် အချက် တချက် ပါပဲ ။

3) သူ့ ဆံပင်လေးတွေကို ဆော့ကစား ပေးပါ

တကယ်ကို မိုက်တဲ့ အချက်ပဲ လို့ သင်တို့ကို ပြောချင်တယ် ။ ကောင်မလေး တယောက်ရဲ့ ဆံပင်ကို စိတ်ဝင်စားတာမျိုး ၊ သူ့ဆံပင်ကို ကိုင်တွယ် ကြည့်ရှုတာ မျိုးဟာ သူ့ကို သိပ်ပြီးတော့ ကျေနပ်စေ ပါတယ် ။

အတင်းအကြမ်းကြီး ဆောင့်ဆွဲတာမျိုးတော့ မလုပ်နဲ့ပေါ့ ။ သူ့ဆံပင်လေးတွေကို သင့်ရဲ့ လက်ကြားလေးထဲမှာ ဆော့ကစားပြီးတော့ သူဘယ်လိုမျိုး ခံစားလာရလဲ ဆိုတာ စောင့်ကြည့်လိုက် ။

4) အမျိုးသမီး အုပ်စုလိုက် ချိန်းတွေ့ပါ

ဒါက နဲနဲတော့ ထူးဆန်းသလို ဖြစ်နေလိမ့်မယ် ။ ဒါပေမယ့် အမျိုးသမီးတွေက တယောက်ထဲထက် စာရင် အုပ်စုနဲ့ ဆိုရင်ပိုပြီးတော့ စိတ်ပါတတ်ကြတယ် ။ သူတို့ဟာ တစုံတယောက် ဖြစ်လာချင် ပေမယ့် အမျိုးသားတယောက် ရှေ့မှာတော့ ရှက်ရွံ့ပြီး ဖုံးကွယ်ထားတတ် ကြတယ် ။ ယုံစမ်းပါ ... တကယ် အလုပ် ဖြစ်တယ် ။

5) ယောကျာ်းဆန်ဆန် အနံ့ မျိုး

အမျိုးသားတွေဟာ ပုံမှန် အားဖြင့်တော့ သဘာဝက ပေးတဲ့ လက်ဆောင် တခု ရှိတယ် ။ အဲဒါကတော့ အမျိုးသားတွေရဲ့ ကိုယ်သင်းနံ့ ပါပဲ ။ ဒါဟာ အမျိုးသမီး တယောက်ကို ဆွဲဆောင် နိုင်စွမ်း ရှိတယ် ။ ဒါပေမယ့် အပိုတွေ မလုပ်ပါနဲ့ ။

သင်သုံးနေကြ ရေမွှေး တခု ဒါမှမဟုတ် Body Spray တခုကိုပဲ သုံးစွဲပါ ။ သင့်ရဲ့ ကောင်မလေးဟာ ဒီကိုယ်သင်းနံ့ကို ယစ်မူးပြီးတော့ သူ့ခေါင်းကို သင့်လည်ပင်းနား မှာပဲ တချိန်လုံး အပ်နေပါလိမ့်မယ် ။

Min Thu

No comments

Powered by Blogger.