Header Ads

ကလေး 13 ယောက်ကို အမှန်တကယ် ပြန်တွေ့ပါပီ (ရုပ်သံ)


ထိုင်းနိုင်ငံ မယ်ဆိုင်ဂူ အတွင်းမှာ (၁၀) ရက် အကြာ ပိတ်မိနေတဲ့ တောဝက်ဘောလုံးအသင်းရဲ့ နည်းပြ (၁)ဦး နဲ့ အသင်းသား (၁၂) ဦး စုစုပေါင်း (၁၃) ဦးကို ၂၀၁၈ ခုနှစ် ဇူလိုင်လ (၂) ရက်နေ့ ညပိုင်းမှာ တွေ့ရှိရကြောင်း သတင်းထုတ်ပြန် လိုက်ပါတယ်။



ထိုင်းရေတပ်ရဲ့  ထုတ်ပြန်တဲ့ရုပ်သံက သူတို့ အသံတွေကတော့ လှိုင်ဂူထဲက ကလေးတွေကို ကယ်ဆယ်ရေး အဖွဲ့ ထဲမှာ ပါဝင်တဲ့ နိုင်ငံခြားသား တဦးက ဘယ်နှစ်ယောက်လဲလို့  အင်္ဂလိပ်လို မေးပါတယ်။ ၁၃ ယောက်လို့ နားလည်တဲ့ ခလေးတွေက ပြန်ဖြေပါတယ်။ သူတို့အားလုံး ငိုနေကြတာ တွေ့ ရပါတယ်။



ဒီနေ့ ဘယ်နှစ်ရက်လဲလို့  ကလေးတယောက်က မေးသံကြားရပါတယ်။ ကယ်ဆယ်ရေး အဖွဲ့ ဝင် နိုင်ငံခြားသားတွေ က.. ငါတို့ တွေ ရောက်လာပြီ အများကြီး လာကြပြီ.... ၁၀ရက်တောင် ကြာပြီ မင်းတို့ အရမ်း စိတ်ဓါတ် သန်မာတဲ့ ကလေးတွေဘဲ... လို့  ဂုဏ်ပြုသံကိုလည်း ကြားရပါတယ်။ ကလေးတွေကို စတွေ့တွေ့ချင်း ရုပ်သံဖိုင်ကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်...


source - Navy Seal
Loveshortnotes

No comments

Powered by Blogger.