Header Ads

ကိုယ့်ကောင်မလေးက အကောင်းဆုံး ချစ်သူလားဆိုတာ သိနိုင်မယ့် အချက် (10) ချက်


တန်ဖိုး မသိသေးတဲ့ ကိုကို မောင်မောင်တို့ကို ကိုယ့်ချစ်သူမှာ ဒီအချက်လေးတွေ ရှိနေရင် တန်ဖိုးထားပြီး ချစ်တတ်ဖို့ပါပဲ။ ကြာရှည် တည်တံ့တဲ့ rs တော်တော် များများကို ကြည့်ကြည့်တဲ့ အခါမှာ ဒီလို ကြာကြာ ချစ်နိုင်ဖို့က မိန်းခလေးတွေ ဘက်ကလည်း အများကြီး လိုအပ်ပါတယ် ။

ဒါကြောင့် ဒီအချက်တွေနဲ့ ကိုယ့်ကိုယ်ကိုပြန် စမ်းစစ်ဖို့  လိုအပ်တယ်လို့ ထင်ပါတယ်။

1) သင့်ကို ပျော်ရွှင်မှု ပေးတတ်သူ

မိန်းခလေး တယောက်က သူ့ဘာသာသူ ဘယ်လောက်ပဲ အချေ ဆရာမကြီး ဖြစ်နေပါစေ ကိုယ့်ချစ်သူနဲ့ ကျရင် ပျော်ပျော် ရွှင်ရွှင်နေပြီး ရယ်လိုက် မောလိုက် စလိုက် နောက်လိုက်နဲ့ ကလေး တယောက်လို ကိုယ့် စိတ်နှလုံးကို ပျော်ရွှင်အောင် ထားနိုင်တဲ့ မိန်းခလေးမျိုးက ever man’s dream ပါပဲ ။

တယောက်နဲ့ တယောက် အပေးအယူ မျှမျှနဲ့ အတူတူ ရယ်ကြမယ် ၊ နောက်ကြမယ် ၊ အတင်း တုတ်ကြမယ် ၊ ပေါစရာ ရှိရင် ပေါမယ် အစရှိသဖြင့်ပေါ့ ။ သူနဲ့ ရှိနေရင်ကို ပျော်နေရရော ။ ဒီလို မိန်းကလေးမျိုး ဖြစ်ရဲ့လား ?

2) သင်နဲ့ စိတ်သဘောထား တူသောသူ

တယောက်နဲ့ တယောက်က100 % တူစရာ မလိုပါဘူး ။ မျက်လုံးတောင် တဖက်နဲ့ တဖက် မတူပဲ ။ ဒါပေမယ့် ဒီလို မတူညီတဲ့ လူတွေကြားမှာ ကိုယ်နဲ့ အကိုက်ညီဆုံး အတူ ညီဆုံး မိန်းခလေး တယောက် ရထားရင်တော့ ရွှေပေါ့ဗျာ ။ ရွှေ .... သူ့အကြိုက်၊ ကိုယ့်အကြိုက်ကို ညှိနှိုင်းလို့ ရတယ် ၊ စိတ်သဘောထားခြင်း လည်း တိုက်ဆိုင်တယ် ဆိုတဲ့ ဘ၀ လက်တွဲဖော်လောက် ဘယ်သူက ပိုသာနိုင်ဦးမှာလဲ ။

3) သင်ပြောသမျှတွေကို သေချာ နားထောင် ပေးတတ်သူ

တခါတလေ ယောကျာ်းလေး တွေက သူတို့ ဖြစ်လာ ကြုံလာတဲ့ ပြဿနာ တွေကို ကိုယ့်နား လာပြောနေတယ် ဆိုတာက သူတို့ စိတ်ပေါ့သွားအောင် ရင်လာဖွင့်တာ မျိုးက များပါတယ် ။ ဒါကို ကိုယ်က အခြေအနေကြည့်ပြီး သူ ရင်လာဖွင့်တာလား ၊ လာ တိုင်ပင်တာလား ဆိုတာကို သေချာ နားထောင်ပေး ရတယ် ။

သူ့ဘက်က ဘယ်လို လုပ်ရမလဲ လို့ မမေးလာ မချင်း သူပြောသမျှလေးကို အရင်ဆုံး နားထောင်ပေး ၊ သူ စိတ်သက်သာရာ ရအောင် ကူပြောပေး၊ ပြီးရင် စိတ်ပျော်သွားအောင် ပြန်လုပ်ပေး ။ ဒီလိုမျိုး သေချာ နားထောင်ပေးတဲ့ မိန်းခလေးမျိုး ဖြစ်ပါစေနော် ။

4) သင့်ကို ပွင့်ပွင့်လင်းလင်းပြောတဲ့သူ။

RS တခုမှာ communication က အရမ်း အရေးကြီး တာနော် ။ တယောက်နဲ့ တယောက် ပွင့်ပွင့် လင်းလင်း ပြောဖို့က main ပဲ ။ ခက်တာက မိန်းမနဲ့ ယောကျာ်းတွေမှာ ရယ်ရတဲ့ logic တခု ရှိတယ် ။ မိန်းခလေးကလည်း စဉ်းစားတယ် ... ငါ အဲဒီလောက် စိတ်ကောက်ပြပြီး ရွဲ့နေတာ ဒီကောင် နားမလည်သေး ဘူးလား ? ဆိုပြီး ဘာဖြစ်နေလဲ မပြောဘူး ၊ ယောကျာ်းလေးက ဘာဖြစ်နေလဲ မေးရင်လည်း ဘာမှ မဖြစ်ဘူး ဆိုပြီး ဒီအတိုင်း စိတ်ကောက်နေ တာမျိုး ။ ဟော ... ယောကျာ်းလေးကလည်း .... ငါ ဘာလုပ်မိမှန်းလည်း မသိဘူး ၊ မေးတော့လည်း မဖြေဘူး ၊ ဘာကို ဘယ်လို ချော့ရမလဲ လည်း မသိတော့ဘူး ။ အစ ရှိသဖြင့် ပေါ့နော် ။ ဒါ ကြုံဖူးတွေ့ဖူး တာလေး တွေပါ ။

အမှန် တကယ်တော့ ပွင့်ပွင့် လင်းလင်း ပြောတတ်ခြင်းက အကောင်းဆုံးပဲ ။ ကိုယ် ဘာဖြစ်ချင်တယ် ၊ ဘာလိုချင်တယ်၊ ဘာကို မကြိုက်ဘူး၊ ဘာကို ဘယ်လို ဖြစ်တယ် ၊ ကိုယ်လိုချင်တာကို ပွင့်ပွင့် လင်းလင်း ပြောမှသာလျှင် တဖက်သား ကလည်း ကိုယ့်ကို နားလည်မှာလေ ။ ဒါမှ သူလည်း ပြုပြင်စရာ ရှိတာ ပြုပြင်၊ ရှင်းပြစရာရှိတာ ရှင်းပြ ၊ အစရှိတဲ့ solution ကို ဦးတည်တဲ့ လမ်းကို လျှောက်မှ အဆင်ပြေမှာပါ ။ ဒါကြောင့် ငုံပြီးနေနေတဲ့ မိန်းခလေးထက် ပွင့်ပွင့် လင်းလင်း ပြောတတ်တဲ့ မိန်းခလေးက ပိုကောင်းတယ်လို့ ထင်ပါတယ် ။

5) သင့် ဂုဏ်ပကာသနကို မမက်မောသောသူ

သင်က ဘာလုပ်လဲ ဆိုတာထက် သင်က ဘယ်လိုလူလဲ ဆိုတာကို ပိုပြီး ချစ်မြတ်နိုး တတ်တဲ့ မိန်းခလေး မျိုးပါ ။ ဒီလို မိန်းခလေးမျိုးက ကိုယ့်ချစ်သူ တိုးတက်ဖို့ အတွက် အမြဲ ကူညီ ဖေးမပေး တတ်တယ် ။ သင့်ရဲ့ စိတ်ကို ချစ်တာဖြစ်တဲ့ အတွက် သင့်ကို အမြဲ လေးစားပြီး ချစ်နေပေးတတ် ပါတယ် ။

6) သင့်အလုပ်နဲ့ ပတ်သက်ပြီး မဝေဖန်တတ်သူ

ဝေဖန်တယ် ဆိုတာ အဆိုးဘက်က တပျစ်တောက်တောက် ဝေဖန်တာကို ပြောတာပါ ။ အကောင်းဘက်ကို ဦးတည်ပြီး အပြုသဘော ဆောင်တဲ့ စကားမျိုး မဟုတ်ပဲ ကိုယ့်အလုပ်ကို အမြဲ ဝေဖန်ပြောနေတဲ့ မိန်းခလေးဆိုရင်တော့ ဝေးဝေးသာ ရှောင်ပါ ။

မိန်းမ တယောက်က ကိုယ့်ယောကျာ်းအတွက် အကောင်းဆုံး လုပ်ပေးနိုင်ခြင်း ကတော့ ပံ့ပိုးမှုနဲ့ နားလည်မှုပါပဲ။ ကိုယ့်အလုပ်ကိုလည်း ကူညီ ပံ့ပိုးပေးတယ် ၊ အပြုသဘောဆောင်တဲ့ အကြံပေးချက်တွေ၊ အကူအညီတွေ ပေးတတ်တဲ့ မိန်းခလေးမျိုးဆို လက်မလွှတ်လိုက် ပါနဲ့ ။

7) သင့်ကို အတင်း မပြောင်းလဲသူ

သင်နဲ့ ပတ်သက်တဲ့ မကောင်းတဲ့ တချို့အရာတွေကို ပြုပြင် ပြောင်းလဲပေးတာ ကိုတော့ လက်ခံလို့ ရပင်မယ့် သူ့ရဲ့ ပုံစံခွက်ထဲက လူ အဖြစ်ထားတဲ့ မိန်းခလေးမျိုး ကတော့ မကောင်းပါဘူး ။

Great Girlfriend ဆိုတာမျိုး ကတော့ သင့်ရဲ့ imperfections တွေကို နားလည်ပေးတယ် ၊ အတင်းကြီး ပြောင်းလဲလို့ မရတဲ့ အပေါ်မှာ အချိန်ယူပြီး သင့်ကို နားလည်အောင် ပြောတယ် ။ ညှိနှိုင်းတယ် နားလည်ပေး တယ် ။ သင့်ရဲ့ကိုယ်ပိုင် လွတ်လပ်ခွင့် တခုကို နှစ်ဖက်လုံး အဆင်ပြေအောင် ညှိနှိုင်းပြီး သဘောတူညီမှုကို ယူတယ် ။

8) သင့်ရဲ့ ခံယူချက်အပေါ် လေးစားသူ

တချို့ မိန်းခလေးတွေ ရှိတယ်။ ကိုယ့်ချစ်သူကို အရမ်း နှိမ်တယ် ၊ အရမ်း နိုင်တယ် ။ မလေးမစား ဆက်ဆံတာတွေ ရှိတယ် ။ သင့်ရဲ့ ခံယူချက်တွေ အပေါ်မှာ လေးစားမှု မရှိတဲ့ မိန်းခလေးက နံပါတ် ၁ ရှောင်ရန် ပါပဲ ။

တယောက်နဲ့ တယောက်ရဲ့ ခံယူချက်တွေ အပေါ်မှာ အပြန်အလှန် လေးစားမှုတွေ ရှိရမယ် ။ သဘောမတူချင် နေဦး ၊ အနည်းဆုံး လေးလေး စားစားနဲ့ နားလည်ပေး ရမယ် ။ ဘယ်တော့ အခါမှ ကိုယ့်ချစ်သူရဲ့ ခံယူချက်အပေါ် မစော်ကားမိပါစေနဲ့ ။

9) သေအောင် မရစ်တဲ့သူ

သေအောင် မရစ်တဲ့သူ ဆိုတာ တခြား မဟုတ်ဘူး။ မိန်းခလေးတိုင်းတော့ ရစ်ကြတာပဲလေ ။ ဒါကတော့ သိပြီးသားပဲ ။ ဒီလို မဟုတ်ပဲ ရစ်တာထက် ကို ပိုရစ်တဲ့ မိန်းခလေးမျိုး ကတော့ perfect girlfriend ထဲ မပါဘူးရယ်။ ကိုယ်ရော သူရော စိတ်သက်သာရာ ရအောင် ကိစ္စသေးသေးလေးတွေ ဆိုရင် နားလည် ပေးလိုက်တဲ့ မိန်းခလေးမျိုး ကတော့ အကောင်းဆုံး ပါပဲ ။ နားလည်ပေး လိုက်ပြီး မေ့လိုက်လို့ ရတာမျိုး ဆိုရင် နားလည် ပေးလိုက်ပါ ။ Move on and Upgrade ဒါဟာ ရင့်ကျက်မှုရဲ့ ပထမခြေလှမ်းပဲ မဟုတ်လား ?

10) သင့် မိသားစုနဲ့ သူငယ်ချင်းတွေ အပေါ်မှာလည်း ကောင်းမွန်စွာ ဆက်ဆံတတ်သူ။

သူငယ်ချင်းတွေနဲ့ အတူတူ အပြင်သွားမလား ၊ ဒါမှမဟုတ် မိသားစုနဲ့ တွေ့မလား ။ ဒီလို ကိုယ်နဲ့ ပတ်သက်တဲ့ အသိုင်းအ၀ိုင်း ထဲမှာ လုံးဝ fit in ဖြစ်နေတဲ့ မိန်းခလေးမျိုးပါ ။ အားလုံးနဲ့ လိုက်လျောညီထွေစွာ နေတတ်တယ် ။ ပျော်စရာ ရှိရင် ပျော်မယ်၊ လေးလေးစားစား နေစရာရှိရင် နေမယ် ။ ဒီလို ကိုယ့် အသိုင်းအ၀ိုင်းနဲ့ ကိုက်ညီအောင် နေတတ်တဲ့ မိန်းခလေးမျိုးကို ယူမှ နောင်ခါမှ စိတ်ချရမှာ ။

-----------------------
ဒါကတော့ Great Girlfriend ဟုတ်လား မဟုတ်လား သိရဖို့ စစ်နိုင်တဲ့ အချက် ၁၀ ချက်ပါ ။ မေ့ အတွေးမေ့အမြင်ကို ရေးထားတာမို့ အမြင်မတူတာရှိရင် ကွဲလွဲနိုင် ပါတယ်နော် ။ မေသက် ကတော့ on the road to great girlfriend ပါ ။ ဒါတွေ အကုန် လိုက်နာနိုင်အောင် ကြိုးစားနေ တုန်းပါပဲ ။ ယောကျာ်လေးတွေ အနေနဲ့ လည်း ဒီလို အချက်တွေနဲ့ ပြည့်စုံတဲ့ မိန်းခေလးမျိုး ရထားရင် ကောက်သာ ယူပလိုက်တော့နော် ။ ကဲ ညီမလေးတို့ ရော ? Are you a great girlfriend ?

ချစ်သူတိုင်းကို ပိုအဆင်ပြေစေလိုသော ရည်ရွယ်ချက်ဖြင့်...

May Thet

No comments

Powered by Blogger.