save လုပ်ခံခဲ့ရပေမယ့် ၀မ်းမသာနိုင်တဲ့ နေခန့်မင်းသစ်
Myanmar Idol ရဲ့ top - 6 မှာ ပရိသတ်တွေ ရွေးချယ်တဲ့ voting result အရ နေခန့်မင်းသစ်ဟာ Voting အနည်းဆုံး ဖြစ်ခဲ့တဲ့အတွက် နောက်ဆုံး Save Song သီချင်းကို ကိုလေးဖြူရဲ့ ယုံကြည်ရာ သီချင်းနဲ့ သီဆိုခဲ့ပါတယ်။
နေခန့်မင်းသစ်ဟာ ယုံကြည်ရာ သီချင်းကို တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံး သီဆိုနိုင်ခဲ့တဲ့အတွက် ဒိုင်လေးဦးဟာ ခေါင်းခြင်းဆိုင် တိုင်ပင်ပီး နေခန့်မင်းသစ်ကို ပြန်လည် Save လုပ်ခဲ့ပါတယ် ။ ဒီတပတ် top 6 မှာ ထုတ်ပယ်ရမဲ့ နေခန့်မင်းသစ်ကို Save လုပ်ခဲ့တာကြောင့် လာမယ့် တပါတ်မှာ ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် ၂ ဦးကို ထုတ်ပယ်မှာ ဖြစ်ပါတယ် ။
ဒိုင်တွေရဲ့ save လုပ်ခြင်းကို ခံရတဲ့ နေခန့်မင်းသစ်ဟာ သူ့ကို Save လုပ်တဲ့ အတွက်လည်း ဝမ်းမသာကြောင်း ၊ နောက်တပတ် ထုတ်ခံရမည့် ၂ ဦးထဲတွင် သူမပါပဲ သူ့သူငယ်ချင်းများ ပါသွားပါက တသက်လုံး နောင်တ ရနေမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။
ဆက်ပြီးတော့ သူဟာ top 11 ရောက်ကထဲက အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးအတွက်လည်း ကြိုတင်ပြင်ဆင် ထားကြောင်း ပြောကြားခဲ့ပါတယ် .... ။ ပရိသတ်တွေ ကလည်း စိတ်ထားကောင်းတဲ့ နေခန့်မင်းသစ်ကို အားပေးကြမယ် လို့ ထင်ပါတယ်။
Loveshortnotes
Post a Comment