ကျမ ရွေးချယ်မယ့်သူ
ကျမကို စိတ်ပူတတ်တဲ့ သူကိုပဲ ကျမ ရွေးချယ်မှာပါ.. ကျမကို စိတ်ပူစေတဲ့သူကို ရွေးချယ်မှာ မဟုတ်ပါဘူး..
ကျမလက်ကို လူကြားထဲ တွဲပြီး ခေါ်ရဲတဲ့ သူကိုပဲ ကျမ ရွေးချယ်မှာပါ.. ကျမလက်ကို လူကြားထဲ မတွဲရဲတဲ့ သူကို ရွေးချယ်မှာ မဟုတ်ပါဘူး..
ကျမကို လက်တွေကျကျ ပြောနိုင်တဲ့ သူကိုပဲ ရွေးချယ်မှာပါ.. ကျမကို လက်တွေ့ အကောင်အထည် မဖော်ပြတဲ့ သူကို ကျမ ရွေးချယ်မှာ မဟုတ်ပါဘူး..
ကျမ သာမန်လူ တစ်ယောက်ကိုပဲ ရွေးချယ်မှာပါ.. သာမန်ထက် ပိုတဲ့ သူကို ကျမရွေးချယ်မှာ မဟုတ်ပါဘူး..
ကျမ စကားကို နားထောင်တတ်တဲ့ သူကိုပဲ ကျမ ရွေးချယ်မှာပါ... ကျမကို တရားချမဲ့သူကို ကျမ ရွေးချယ်မှာ မဟုတ်ပါဘူး..
ကျမကို ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ သူကိုပဲ ကျမ ရွေးချယ်မှာပါ.. ကျမကို ပါးစပ်တစ်မျိုး စိတ်ထဲတစ်မျိုးနဲ့ အုံပုံးလိုသူကို ကျမ ရွေးချယ်မှာ မဟုတ်ပါဘူး..
ကျမကို လိမ်ပြောပြီး ဝန်ခံရဲတဲ့ သူကိုပဲ ကျမ ရွေးချယ်မှာပါ.. ကျမကို ဖြေရှင်းချက် ပေးတတ်တဲ့ သူကို ကျမ ရွေးချယ်မှာ မဟုတ်ပါဘူး..
ကျမကို ယုံကြည်တဲ့ သူကိုပဲ ကျမ ရွေးချယ်မှာပါ.. ကျမအပေါ် သံယတွေများတဲ့ သူကို ကျမ ရွေးချယ်မှာ မဟုတ်ပါဘူး...
ကျမကို ဂရုစိုက် နိုင်တဲ့သူကိုပဲ ရွေးချယ်မှာပါ.. ကျမ အပေါ် လစ်လျူရှု ထားမဲ့သူကို ကျမ ရွေးချယ်မှာ မဟုတ်ပါဘူး.. ☺☺
crd Romio
Post a Comment