Header Ads

YBS ကားပေါ်မှာ ဒီလို ခါးပိုက်နှိုက်တွေကို သတိထားကြပါ (ရုပ်သံ)


YBS နဲ့ ခရီးသွားလာ​နေကြတဲ့ မိဘပြည်​သူများ ကား​ပေါ်​ရောက်​ရင်​ မိမိတို့ရဲ့ အဖိုးတန်​ပစ္စည်းများ ထည့်ထားတဲ့ လွယ်​အိတ်​ စလင်းဘက်​အိတ်​များကို ​ရှေ့သို့ သိမ်းပြီး လွယ်​ပါ ကိုင်​ထားပါ။ ​တွေးချင်​ရာ​တွေး ​ငေးချင်​ရာ ​ငေးမ​နေကြပါနဲ့။


ဒီကား​ပေါ်မှာ နှိုက်​သွားတဲ့ ခါးပိုက်​နှိုက်​ ​တွေဟာ ကျွန်​​တော်​ ပထမ​နေ့ တင်​ထားတဲ့ ​ဆေး​ကျောင်းသူ​လေးကို နှိုက်​သွားတဲ့ ခါးပိုက်​နှိုက်​ ​တွေပါပဲ။ ဒီတစ်​​ခေါက်​ သူတို့ရဲ့ သား​ကောင်​ဖြစ်​သွားတဲ့ သူကတော့ ဗိုလ်​ကြီးမိန်းမ ပါ။ အပြာ​ရောင်​ ဂျက်​ကက်​ ဆံပင်​ bob cut နဲ့ ညီမငယ်​ပါ။


အကျီင်္ ငါးပိ​ရောင်​ ကတုံးဆံ​ထောက်​နဲ့ ခါးပိုက်​နှိုက်​က အိတ်​နဲ့ကွယ်​ ​ပေးပါတယ်။ လက်​၀ဲဘက်​ တက်​တူး ရှပ်​အကျီင်္အဖြူ နဲ့ ချာတိတ်​က နှိုက်​ပါတယ်။ သူတို့ နှိုက်​မယ့် သား​ကောင်​ကို ​တွေ့ရင်​ ​ခေါင်းကုတ်​ ပြီး​တော့ အချင်းချင်း အချက်​ပြပါတယ်။ နှိုက်​ပြီး သွားတာနဲ့ မျက်​နှာကို သပ်​ ပြီး အချက်​​ပေးပါတယ်။ ချက်​ချင်း လူခွဲ ပြီး အဆင်းပေါက်​ဘက်​ကို ​ရွှေ့ပါတယ်။


ခုလို ဖြစ်​စဉ်​​လေး​တွေ တင်​ပြ​ပေး​နေတာ ခရီးသွားပြည်သူ​တွေ အသိ သတိ ရှိ​စေချင်​လို့ ပါ။ ခုချိန်​ထိ ပြည်​သူ့ရဲ ​တွေရဲ့ ထိ​ရောက်​တဲ့ ၀န်​​ဆောင်​မှု အားရစရာမရှိပါ။  မြန်​မာပြည်​မှာ လူဖြစ်​လာကြတဲ့ ခရီးသည်​များ ကိုယ့်အားကိုယ်​ကိုး ကိုယ့်အန္တရာယ်​ကိုယ် ​ကာကွယ်​ကြပါလို့... အောက်တွင် ရုပ်သံကြည့်နိုင်သည်။



Ko Aung Kawlin

No comments

Powered by Blogger.