ညစ်တီးညစ်ပတ်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ တန်ဖိုး
အဲဒီ့ ရွာလေးမှာက ဓလေ့ထုံးစံလေး တခုတော့ ရှိတယ် ။ ဒီရွာက ကောင်မလေးတွေကို ယောက်ျားလေးတွေက လက်ထပ်ချင်တယ် ဆိုရင် နွားအကောင် အရေအတွက်နဲ့ တင်တောင်းရတယ် တဲ့ ။
ကောင်မလေးတွေရဲ့ တန်ဖိုးကို နွားတကောင်ကနေ ဆယ်ကောင်အထိ သတ်မှတ်ထား ကြတယ် ။အစောက ကောင်မလေးရဲ့ တန်ဖိုး ကိုတော့ နွား ၁ ကောင်သာ သတ်မှတ်ထား ပါတယ် ။ သူမ ကလည်း သူ့ကိုယ်သူ တန်ဖိုး သိပ်မရှိတဲ့သူ လို့ သတ်မှတ်ထား ပါတယ် ။
တနေ့တော့ အဲဒီ ရွာလေးကို ကုန်သည်လေး တယောက် ရောက်ရှိလာ ပါတယ် ။ အဲဒီ ညစ်တီးညစ်ပါတ် ကောင်မလေးကို မြင်တော့ မြင်မြင်ချင်းပဲ နှစ်သက်သွား ခဲ့တယ် ။ ကုန်သည်လေးက အဲ့ကောင်မလေးကို နွား ၁၂ ကောင် နဲ့ တင်တောင်းလိုက် ပါတယ် ။
ရွာက လူတွေလည်း လှုပ်လှုပ် ရှားရှား ဖြစ်သွားကြတယ် ။ အဲ့ ကောင်မလေးက နွား ၁၂ ကောင်တောင် တန်သလား ဘာလား ပေါ့ ။ ကောင်မလေးကလည်း သူ့ကို တန်ဖိုးထားတဲ့သူ ရှိတဲ့ အတွက် အဲဒီ တန်ဖိုးနဲ့ ကိုက်ညီအောင် ပြင်ပြင် ဆင်ဆင် နေထိုင်လိုက် ပါတယ် ။
အရင်လို ပေပေတေတေ မနေတော့ပဲ သပ်သပ် ရပ်ရပ် လှလှ ပပ ဝတ်ဆင်လိုက်တဲ့ အတွက် ကောင်မလေးဟာ အဲဒီရွာမှာ တကယ်ကို အလှပဆုံး နဲ့ တန်ဖိုး အရှိဆုံး မိန်းကလေး တယာက် ဖြစ်သွား ပါတော့တယ် ။
တကယ်တန်းတော့ လူတွေ အားလုံးဟာ သူ့တန်ဖိုးနဲ့ သူ ရှိကြပါတယ် ။ တန်ဖိုး ထားတတ်ဖို့ပဲ လိုပါတယ် ။ ကိုယ့်ကိုယ်ကို တန်ဖိုး ထားတတ်တဲ့ သူဟာ သူတပါး ကိုလည်း တန်ဖိုးထားတတ် လာပါလိမ့်မယ် ။ လူတဦးနဲ့ တဦး တန်ဖိုးထား ဆက်ဆံခြင်းဟာ လောကကြီးကို အလှဆင်ခြင်း တမျိုးပါပဲ ။
ကျနော်တို့ မြန်မာ နိုင်ငံသား များလည်း ကိုယ့်ကိုယ်ကို တန်ဖိုး ထားကြည့်မယ် ဆိုရင် တွေ့ကရာ ကွမ်းတံတွေး ထွေးခြင်း ၊ အမှိုက်ပစ်ခြင်း၊ စည်းကမ်း မပြည့်ဝခြင်း အစ ရှိတဲ့ အမူအကျင့်ဆိုး များကို စွန့်လွှတ်ပြီး နိုင်ငံကြီးသား ပီသတဲ့ အပြုအမူများကို ပြုလုပ်ကြ မှာပါ ။
သူတပါးကို တန်ဖိုး ထားတတ်မယ် ဆိုလျှင်လည်း ထစ်ခနဲ ရှိ ရန်ဖြစ်ခြင်း၊ လူသတ်ခြင်း အစ ရှိတဲ့ မကောင်းမှုများကို အလိုလို ရှောင်ကြဉ် လာတတ် ကြမှာပါ ။
ကိုယ့်ဘဝကို ကိုယ် တန်ဖိုးထားတတ်ရင် ပညာတတ်အောင် သင်ကြားကြ မှာပါ ။ ကိုယ့်နိုင်ငံကို ကိုယ်တန်ဖိုးထားရင် နိုင်ငံ တိုးတက်အောင် ကြံဆောင်ကြ မှာပါ ။ အဓိကအချက် ကတော့ တန်ဖိုးထားတတ်ခြင်းပါပဲ ။
Thant Oo
Post a Comment