Header Ads

ပညာရေး စနစ်အသစ် ပြဌာန်းလိုက်ပြီ


ဒုတိယ တန်း နှင့် ရှစ်တန်း အထိကို လေးယောက်တစ်အုပ်စု စာမေးပွဲကို တိုင်ပင်နှီးနှောပြီး ဖြေရမယ် ၊ လေးယောက်ပေါင်းကို Question တစ်ရွက် Answer paper တစ်ရွက်ပဲဖြေရပါမယ်။

တစ်ယောက်ကရေး သုံးယောက်က ဘေးကပြော၊ လေးယောက်ကို ရွေးချယ်ရာမှာလည်း အတော်ဆုံးတစ်ယောက် အသင့်တင့် နှစ်ယောက်လောက်နဲ့ အညံ့တစ်ယောက် စသည်ဖြင့် လေးယောက်ကို ဆရာ ဆရာမများမှ စီစစ်ရွေးချယ် ရမယ်။ စာမေးပွဲ GRADE ကိုလည်း ကျောင်းသားနှင့် မိဘ မည်သူမှ မသိအောင် လျို့ဝှက်ထားရပါမယ် တဲ့…… ။

ထပ်စုံစမ်းလို့ သိရှိရသမျှကတော့ တစ်ယောက်ခြင်း နှစ်ကြိမ် လေးယောက်ပေါင်း နှစ်ကြိမ် စစ်ဆေးမှာ ဖြစ်ပြီး.. အကယ်၍ ကျောင်းသားတစ်ယောက်သည် လေးယောက်ပေါင်း စာမေးပွဲတွင် အောင်ပြီး တစ်ယောက်ချင်းစာမေးပွဲတွင် ကျနေပါက အမှတ်ကို ကုစားပေးမည် ဖြစ်သည်…. ။ နောက်ဆုံး စာမေးပွဲတွင်မူ တစ်ယောက်ခြင်းသာ ဖြေရမည်ဖြစ်သည်…. ။

ပညာရေးစနစ်သစ် ပုံစံ

သားသမီးတွေ တူ တူမလေးတွေ ပညာရေးအတွက် လေ့လာနိုင်ကြဖို့ copy ယူလာတာပါ

(၁) Group Work ဆိုတာ ဘာလဲ?  ၄ယောက် တစ်အုပ်စု တိုင်ပင်ဆွေးနွေး ဖြေဆိုရသော အရည်အချင်းအကဲဖြတ်နည်း ဖြစ်ပါတယ်။

၂) ဘယ် အတန်းတွေကို ဘယ်လတွေမှာ စစ်မှာလဲ? KG, ပထမတန်း စာမေးပွဲ လုံးဝ မစစ်ရပါ။ နဝမတန်းနဲ့ ဒသမတန်းက ယခင်နှစ် အတိုင်းပါပဲ။ ဒုတိယတန်းမှ အဋ္ဌမတန်းထိ Group Work နဲ့စစ် မှာပါ။ (ဇူလိုင်လနဲ့ ဒီဇင်ဘာလမှာ စစ်မှာပါ)


၃) Group Work မှာ ပါတဲ့ ၄ ယောက်ကို ဘယ်လိုဖွဲ့မလဲ? တော်၊ သင့်၊ ညံ့ အားလုံးပါအောင် တွဲပေးရမယ်၊ ကျား(၂) + မ(၂) တွဲခိုင်းပေမယ့် အဆင်ပြေသလို စီစဉ်နိုင်ပါတယ်။

၎) မေးခွန်းနဲ့ ဖြေဆိုတာကရော? ပြဌာန်း စာအုပ်ကို ကိုးကားထားသော ဥာဏ်စမ်းမေး ခွန်း ၂၅မှတ်ဖိုး မေးရမည်၊ ဓမ္မဓိဌာန် မေးခွန်း မမေးရပါ။ အုပ်စု အားလုံး မေးခွန်းတူမှာ ဖြစ်ပြီး တစ်အုပ်စုကို မေးခွန်း တစ်ရွက် အဖြေလွှာတစ်အုပ် သာပေးမှာပါ။ ၄ ယောက် စုပေါင်း တိုင်ပင်ပြီး တစ်ယောက်ကသာ အဖြေလွှာပေါ်မှာ ရေးရမှာပါ။( ဇူလိုင် ရေးသောသူသည် ဒီဇင်ဘာတွင် မရေးရပါ) တိုင်ပင် ဆွေးနွေးမှုရှိ မရှိ သိရှိရန် အနည်းဆုံးဆရာမ ၂ယောက် ကြီးကြပ်ရမည် ရမှတ်က ၄ ယောက် အတူတူ ရမှာပါ။

၅) ဖြေဆိုချိန်၊ ပေးမှတ်၊ ရမှတ်နဲ့ အဆင့်…? မူလတန်း ၄၀မိနစ်၊ အလယ်တန်း ၄၅ မိနစ်၊ ပေးမှတ် ၂၅ မှတ်ကို ၂နဲ့ မြှောက်မှာပါ။ ၄၀ မှ ၅၀(A) , ၃၀ မှ ၃၉ (B), ၂၀ မှ ၂၉ (C),သတ်မှတ်ပြီး ဘာသာပြ မှ ကျောင်းအုပ်ထံ အပ်ရမှာဖြစ်ပြီး ကျောင်းအုပ်က အတန်းပိုင်ကို မပေးရပါ။ ရမှတ် ၂၀အောက် ကလေးများကို ဖြည့်ဆည်း သင်ကြား ၍ ပြန်လည် ကုစား ဖြေဆိုမှတ်ကို (C) သာ ပေးရပါမယ်။

၆) တော်တဲ့ကလေး နစ်နာနေပြီလား? မစိုးရိမ်ပါနဲ့၊ တစ်ဦးချင်းစီရဲ့ အရည်အချင်းကို စစ်တဲ့ စာမေးပွဲကို အောက်တိုဘာလမှာ ..ပထမနှစ်ဝက် စာမေးပွဲ၊ ဖေဖော်ဝါရီလမှာ.. အတန်းတင် စာမေးပွဲ ပုံစံနဲ့ ၅၀ မှတ်ဖိုး မေးမှာပါ၊


၇) အတန်းတင် စာမေးပွဲ ကျနိုင်သလား? အတန်းတင် စာမေးပွဲ ကျရင် Group Work နှစ်ကြိမ် စစ်၍ ရထားတဲ့ အမှတ်နဲ့ အတန်းတင် ပေးမှာပါ။ (၄တန်း ၈တန်း အစိုးရစစ်လည်း အတန်းတင် ပေးမှာပါ) ညွှန်ကြားချက် မရောက်သေးသော ကျောင်းမှ ဆရာမများကို မျှဝေချင်၍ သိသလောက် ရေးပေးတာပါ၊ လိုအပ်တာ ရှိရင် ဖြည့်ပေးနိုင်ပါတယ်။

အ.ထ.က (၂) ဒဂုံ မြို့မကျောင်း

1 comment:

  1. university တွေလဲပြောင်းပေးပါအုံး။ဂျင်းဖြစ်နေပြီ။

    ReplyDelete

Powered by Blogger.