Header Ads

ချစ်သူကို သတိရတဲ့ အခါမှာ ဘာလုပ်ရမလဲ ....


ကိုယ့် ချစ်သူကို အရမ်း သတိရတဲ့ အခါ ဘာလုပ်ရမလဲ လို့ မိတ်ဆွေ တယောက်က မေးပါတယ် ။ ဒီတော့
မေတ္တာပို့ပါ လို့ ပြန်ဖြေပေးလိုက် ပါတယ် ။

ကိုယ်ချစ်တဲ့ သူလေး တယောက်
ရွှင်လန်း အေးချမ်းပါစေ ။
ဘေးအန္တရယ်တွေနဲ့ ဝေးပါစေ ။
ဘယ်တော့မှ စိတ်မဆင်းရဲ ပါစေနဲ့ ။
ခန္ဓာဆင်းရဲကို မခံစားရ ပါစေနဲ့ ။
ရည်မှန်းချက်တွေ အောင်မြင်ပါစေ ။
အကြံစေည်တိုင်း ဖြစ်ထွန်း ပါစေ ။
လူယုတ်မာတွေရဲ့ ရန်က ဝေးပါစေ ။
သူတော်ကောင်းတွေနဲ့သာ ဆုံတွေ့ ပါစေ ။
စတဲ့ မေတ္တာလေးတွေ ပေးပို့လိုက်ပါ ။

ဒီကမ္ဘာပေါ်မှာ အမြန်ဆုံး ယာဉ်ဟာ စိတ်ဖြစ်သလို ခွန်အား အကြီးမားဆုံးကလည်း စိတ်ရဲ့ စွမ်းအင်ပဲ ဖြစ်ပါတယ် ။

ဒီလို အမြန်ဆုံးနဲ့ စွမ်းအားအကြီးဆုံး စိတ်ကို အသုံးချပြီး မေတ္တာပို့တဲ့ အခါ မေတ္တာတရားရဲ့ အကျိုးကို တကယ်ပင် ရရှိပါတယ်။

အချစ်ရယ် လိုဆိုကြရင် မနက်လင်းရင် ဖုန်းဆက်ရမယ် ။ မက်ဆေ့ခ်ျ ပို့ရမယ်။ ဂရုစိုက် ရမယ်။ လာတွေ့ရမယ်။ လက်ဆောင် ပို့ရမယ်။ အမှတ်တရ နေ့စွဲတွေကို သတိရ ရမယ်။ ရစ်ရင် သည်းခံ ရမယ်။ ကုတ်ခြစ်ရင် ငုံ့ခံ ရမယ်။ အိပ်ပျော်ချိန် အထိ ဖုန်းပြောရမယ် ။ နှစ်ယောက် အနာဂတ်ကို အကောင်းဆုံး ဖန်တီးပေး ရမယ် စတဲ့ ငါ့အတွက် ဆိုတဲ့ အလိုလောဘတွေ နဲ့ပဲ တည်ဆောက်မိတဲ့ အခါ ပျော်ရွှင်ခြင်းထက် ပူလောင်မှုကို နှစ်ယောက်စလုံး ခံစားရ ပါတယ်။

ဒီတော့ ချစ်ခြင်းတခုမှာ မေတ္တာတရားကို ထပ်ပေါင်းထည့်လိုက်တဲ့ အခါ ကိုယ်က သတိရတိုင်း မေတ္တာပို့၊ လွမ်းတိုင်း မေတ္တာပို့၊ သူ့နာမည်လေး ရွတ်မိတိုင်း မေတ္တာပို့သပေး လိုက်ပါ ။
မေတ္တာတရား ဆိုတာ အပြန်အလှန် အကျိုးပြုတဲ့ အစွမ်း သတ္တိ ရှိတာကြောင့် မေတ္တာပို့သူ ကိုယ်တိုင် အေးချမ်းခြင်းကို ခံစားရပြီး မေတ္တာ ရရှိသူလည်း အေးချမ်းရ ပါတယ် ။
မေတ္တာတရား ပြည့်ဝနေတဲ့ သူရဲ့ ရုပ်သွင်ဟာ အေးချမ်းတယ် ။ အေးချမ်းတော့ မျက်နှာထား ကြည်လင်လာတယ်။ မြင်ရတာ အေးချမ်းပြီး အသံကြားရတာ ကြားရသူကိုလည်း အေးချမ်းစေတယ်။

လူတိုင်းအပေါ် မေတ္တာစိတ် အမြဲထားတဲ့ သူရဲ့ အသားအရေဟာ ကြည်လင်တောက်ပ နေတယ် ။

အသားအရေကြည်တော့ အလှတွေ တိုးတယ် ။ မေတ္တာတရား အချိန်ပြည့် ရှိနေတော့ ဒေါသလည်း မထွက်တော့ဘူး။ ဒေါသ မရှိတော့ စိတ်ကြည်ပြီး အလုပ်အကိုင်တွေ ဆောင်ရွက်ရာမှာ အမှား မရှိဘဲ ဆုံးဖြတ်လုပ်ကိုင်လာ နိုင်တယ် ။

ဒါဆိုရင် အောင်မြင်မှု ပိုရပြီ ။ အောင်မြင်တဲ့ မိန်းမ တယောက်၊ ယောကျာ်း တယောက်ကို ဘယ်ချစ်သူကမှ စွန့်ခွာ မသွားတော့ဘူး ။ ဒီတော့ ပျော်ရွှင်မှုတွေကို ပိုင်ဆိုင်ရပါရော ။

ဒါ့ကြောင့် ချစ်သူကို သတိရတဲ့ အခါတိုင်း မေတ္တာပို့ပေးပါ ..... ။

ဒေါ်ကရုဏာ

No comments

Powered by Blogger.