Header Ads

အောင်စာရင်း သွားကြည့်သော သားတော်မောင်


ဒီနေ့ ဆယ်တန်း ​အောင်​စာရင်း ထွက်သည် ။ အောင်စာရင်း သွားကြည့်သော သားဖြစ်​သူ ပြန်​ရောက် မလာ ​သေးသဖြင့် Facebook သုံးရင်း သား ဖြစ်သူ ပြန်​အလာကို​ စောင့်​နေသည်​ ။

ထိုအချိန်မှာ​ ကျွန်ုပ်​၏ chat box သို့ လူတ​​ယောက်​ လာ hi သဖြင့် ...

" Hi "

ကျနော်ကလည်း ...

" Hi ပါ "

ထိုလူက

" ဦးဇင်း ​သောကပါ "

" တင်​ပါ့ ဘုရား "

" ၁၀ တန်း​တွေ ​အောင်​စာရင်း ထွက်​ပြီဆို ဒကာကြီး "

" တင်​ပါ့ ဘုရား  ဒီ​နေ့ပဲ ထွက်​ပါတယ်
အိမ်​က သား​တောင်​ ​အောင်​စာရင်း သွားကြည့်တာ ပြန်​မလာ​သေးလို့ ​စောင့်​​နေတာပါ ဘုရား  "

" အ​ခြေအ​နေ ဘယ်​လိုရှိလဲ ဒကာကြီး "

" ဘယ်လိုရှိလဲတော့ မ​ပြောတတ်​ပါဘူး ဘုရား
ဒီ​ကောင်​ ၁၀ တန်း​ကို ဖြေ​နေတာ ၃ နှစ်​ ရှိပါပြီ ဘုရား
တပည့်​တော်​တို့ မိဘ​တွေဘက်​ က​တော့ လို​လေ​သေး မရှိ​အောင်​ ဖြည့်ဆည်း​ပေးထား ပါတယ်​ ဘုရား "

" အင်း ... ​ခြေ​ချော်​ လက်​​ချော်​ ဖြစ်​သွားရင်ရော​ ဘယ်​လိုလုပ်​ဖို့ စီမံထားလဲ ဒကာကြီး "

" တပည့်​တော်​ က​တော့ ဒီတ​ခါကျရင်​ အသားကုန်​ ဗျင်းပြီး အိမ်​က နှင်​ချ​တော့မှာပါ ဘုရား "

" အော် ဒကာကြီးရယ် ကိုယ်မွေးထားတဲ့ သားသမီးပဲ နည်းနည်းတော့ သည်းခံ​ပေးအုံး​ပေါ့ "

" No ပါ ဘုရား
သူ့ကို သည်းခံတဲ့ အတိုင်းအတာ ကုန်​သွားပါပြီ ဘုရား
အခု​တောင်​ ​အောင်​စာရင်း သွားကြည့်​​နေတာ ဒီအချိန်​ထိ ပြန်​မလာ​သေး လို့ စိတ်​တို​နေတာပါ ဘုရား
ဖုန်းဆက်​​တော့လည်း မကိုင်​ဘူး ဘုရား "

" ထင်​ပါတယ်
ဦးဇင်းလည်း ဒီအ​ရေး​တွေကို ကြို​တွေးမိလို့ ခုလို စီမံလိုက်​တာပါ
ဒကာကြီးရဲ့ စိတ်​ကို ဦးဇင်း သိ​နေတယ်​​လေ ငိငိ "

" ဟာာ ....  ဒါဆို ဦးဇင်းက ဟို ​မြေနိုးး အဲ ဟုတ်​​ပေါင်​ ​ဒေါင်းဇားက ဦးဇင်းးး အာ ..... "

Credit

No comments

Powered by Blogger.