Header Ads

ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့ မိန်းကလေးဖြစ်ပါစေ


ပိုက်ဆံ ချမ်းသာတဲ့ ယောက်ျားကို ဖမ်းချိတ်မှ သူဌေးသမီး ဖြစ်လာမှာ မဟုတ်ပါဘူး…

ဘယ် စိန်နားကပ်ရောင်မှ မပါဘဲ ပါးပြောင်ပြနိုင် ကိုယ်ပိုင် အရည်အချင်းနဲ့ ဘဝကို လျှောက်ပြနိုင်ရင် ကိုယ်တိုင်က သူဌေးသမီး ဖြစ်ပါတယ်။

သိပ် Perfect ဖြစ်တဲ့ လက်တွဲဖေါ်ကို ရွေးချယ်မှ ပျော်ရွှင်စရာတွေ ရလာမှာ မဟုတ်ပါဘူး…

ဘုရင်ကို ယူလိုက်မှ ဘုရင်မ ဖြစ်လာမှာမဟုတ်ပါဘူး...

ဘယ်သူ့ ရင်ခွင်မှ အမှီအခိုမပြု ဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြနိုင်ရင် ကိုယ်တိုင်က ဘုရင်မ ဖြစ်ပါတယ်။

ငွေဖြည့်ကဒ် တစ်ခုလို တစ်ခါသုံး အခြစ်ခံရပြီး လွှင့်ပစ်ခံရတဲ့ဘဝ မရောက်စေနဲ့…

i phone လို Version မြင့်လေ ပိုလှလာလေ လူတိုင်း ကြွေကျရတဲ့ မိန်းခလေးပဲ ဖြစ်နေပါစေ။

ကိုယ့်ဘဝထဲကို YBS စီးသလို တက်လိုက်ဆင်းလိုက် သဘောထားနေတာမျိုး လက်သင့်မခံပါနဲ့…

မာစီဒီးကားလို တန်ဘိုးမြင့် အနားမကပ်နိုင်တဲ့ အရှိန်အဝါရှိတဲ့ မိန်းခလေးပဲ ဖြစ်ပါစေ။

ပရုတ်လုံးလို လုံးပါးပါးပျောက်ကွယ်သွားမယ့် နူးညံ့တဲ့ မိန်းခလေး အဖြစ်မခံပါနဲ့…

ကျောက်ဆောင်လို ကြံ့ကြံ့ခိုင် နေပြနိုင်တဲ့ သံမဏိထက် မာကျောတဲ့ မိန်းခလေးပဲ ဖြစ်နေပါစေ။

မျက်ရည် ထစ်ကနဲဆို ကျတတ်တဲ့ နုံအအ မိန်းခလေး မဖြစ်စေနဲ့…

ဆတ်ဆတ်ထိမခံ ခပ်စွာစွာနေတတ်တဲ့ ပြတ်သားရက်စက်တဲ့ မိန်းခလေးပဲ ဖြစ်နေပါစေ။ 

ရေခဲတုံးလို အရည်ပျော် ပျက်စီးသွားမယ့် ပျော့ညံ့ညံ့ မိန်းခလေး မလုပ်နဲ့…

Fancy ကလစ်လို သူများခေါင်းထက် အထာကျကျ တက်နေမယ့် ခပ်သွက်သွက် မိန်းခလေးပဲ လုပ်လေ။       ။

s_m

No comments

Powered by Blogger.