ချစ်သူကို တန်ဖိုးထားတတ်ပါစေ..
ကောင်လေးတယောက် သူ့ချစ်သူဆီ မက်ဆေ့ပို့နေတယ် ...
Boy - hi ချစ် နေကောင်းရဲ့လား.. ငါတော့ ဒီနေ့ အရမ်းပျော်နေတယ်..
Girl - နေဦး ခဏနေမှ မက်ဆေ့ ပို့ရအောင်.. ငါဒီမှာ Thesis အတွက် ခေါင်းရှုပ်နေလို့ ..
Boy - အဲ့ဒါတွေကို နောက်မှ လုပ်လို့ မရဘူးလားဟာ.. နင့်ကို အရမ်း လွမ်းနေလို့ပါ..
Girl - မရဘူးဟ.. ငါ ဒါကို အပြီး လုပ်ရမှာ..
Boy - တောင်းဆိုတာပါ.. အဲ့ဒါတွေကို နောက်နေ့ နင် ပြီးအောင် လုပ်နိုင်မှာပါ..
Girl - ဘာလဲဟာ နင်က ငါ့အခြေအနေကို နားမလည်တော့ ဘူးလား.. ငါ့မှာလည်း ငါ့ဘ၀နဲ့ငါ ရှိသေးတယ်.. အခု လောလောဆယ်တော့ ငါတယောက်ထဲ နေပါရစေ.. မက်ဆေ့ ဆက်မပို့နဲ့တော့ဟာ ဒါဘဲ..
Boy - အင်းပါ Sorry ပါ ချစ်ရေ.. အရမ်းချစ်တယ်.. နောက်မှပဲ မက်ဆေ့ ထပ်ပို့လိုက်တော့ မယ်နော် ဘိုင့်ဘိုင့်..
.
.
.
Boy - ချစ်ရေ ည ရှစ်နာရီတောင် ရှိနေပြီ.. ငါနင့်ဆီ မက်ဆေ့ မပို့ဘဲ အကြာကြီး မနေနိုင်ဘူး.. ငါနင်နဲ့ စကားတွေ ပြောချင်နေတယ်..
Boy - ငါ့ မက်ဆေ့ တွေ Reply လည်း ပြန်မလုပ်ဘူးနော်.. နင့် Thesis အတွက် လုပ်နေတာရော ပြီးသွားပြီလား..
Boy - မက်ဆေ့ ပြန်ပါကွာ ငါ အရမ်း စိတ်ပူလာပြီ
.
.
.
Boy - ဆယ်နာရီတောင် ထိုးသွားပီ.. ငါနင့်ဆီ မက်ဆေ့ ပို့နေတာ နှစ်နာရီတောင် ရှီနေပီ.. နင်ငါ့ကို Reply လေး တခုတောင် မလာဘူးနော်.. ငါနင့်ကို အရမ်းလွမ်းတယ် အရမ်းလည်း ချစ်တယ်..
Boy - နင်တော်တော် နေနိုင်တယ်နော်.. ဘာပဲ ဖြစ်ဖြစ် နင့်ဘေးမှာငါ အမြဲတမ်း ရှိနေမှာပါ.. ငါနင့်ကို အရမ်း ချစ်တယ်..
Girl - ငါ့ဆီ မက်ဆေ့ မပို့နဲ့တော့လို့ ငါပြောထားတယ် မှတ်လား.. ငါ Thesis ပြီးတဲ့ အချိန် Reply ပြန်လုပ်မှာပေါ့.. နင်ဒါကို နားမလည်ဘူးလား.. ငါမအားသေးဘူး ဆိုတာကို လက်ခံ ပေးဖို့ အဲ့ဒီလောက်တောင် ခက်ခဲနေလား.. နင့်အတွက် မနက်ဖြန် ဆိုတာ မရှိတော့ သလိုပဲ.. သိပ်ပြီးတော့ Over ဖြစ်မနေနဲ့ နင် အိပ်ပျော်အောင် အိပ်သင့် နေပြီ..
Boy - နင့်အတွက် အနှောက် အယှက်ဖြစ်သွားလို့ တောင်းပန်ပါတယ်.. နင်အိပ်စေချင်ရင် ငါအိပ်ပါတော့မယ် Good Night Chit.. နင့်ကိုယ်နင်လည်း အမြဲတမ်း ဂရုစိုက်နော်.. ငါနင့်ဘေးမှာ နေပြီး အမြဲတမ်း လမ်းပြပေးနေမှာပါ.. ငါတကယ်ကိုပဲ နင့်ဘေးမှာပဲ ရှိနေမှာပါ.. ငါ နင့်ကို ဘယ်တော့မှ ထားခဲ့မှာ မဟုတ်ဘူး..
နောက်တနေ့ .....
Girl - ဟေ့ နင်နိုးနေပြီလား.. မနိုးသေးရင် ထတော့လေ.. ငါ နင့်ကို မနေ့ညက ပြောခဲ့မိတာတွေ အတွက် တကယ် တောင်းပန်ပါတယ်.. ငါတကယ်ကို အလုပ်တွေ အရမ်း ရှုပ်နေလို့ပါ.. မနက်စာ ထစားတော့နော်.. ငါလည်း ကျောင်းသွား ရတော့မယ်..
.
.
Girl - နင် မထသေးဘူးလား.. အတန်းချိန် နီးနေပြီလေ နင်နိုးရင် ငါ့ကို reply ပြန်လုပ်ဦး..
Girl - ဟေ့ ဘာလို့ခုထိ reply မလုပ်သေးတာလဲ.. နေ့လည်စာ စားချိန်တောင် ရောက်နေပြီ နင်ဘာလို့ အတန်းမတက်တာလဲ.. နင် Phone Bill ကုန်နေပြီလား ငါ့ကို အခု reply ပြန်ပါ..
Boy - သမီးချစ်သူက သူ့ကို ချစ်တဲ့သူတွေ အကုန်လုံးကို ထားခဲ့ပြီ သူနေမကောင်းတာ သမီး မသိဘူးလား သူ့ကို သုံးနှစ်ပဲ နေရတော့မယ်လို့ ဆရာဝန်တွေက ပြောထားတယ်လေ.. မဟုတ်ပါစေနဲ့လို့ အန်တီတို့အားလုံး လည်း ဆုတောင်းခဲ့ကြတာပဲ သမီးရယ်.. ဒါပေမယ့် သူ့နှလုံးက အလုပ် ကောင်းကောင်း မလုပ်နိုင်တော့ဘူးလေ
ဒီနေ့မနက်က သူ့ကို အန်တီ နှိုးတဲ့အခါ သူ အသက်မရှိတော့ဘူး သမီးရယ်.. ဒါကတော့ သမီးအတွက် ဆိုပြီး သူရေးခဲ့တဲ့ မက်ဆေ့ လေးပါ.. သူကိုယ်တိုင်ကတော့ မပို့နိုင်ရှာတော့ဘူးပေါ့ကွယ်..
" ချစ်ရေ ကိုယ့်ကိုယ်ကို အမြဲ ဂရုစိုက်ပါ.. ငါဘယ်ဘ၀ကို ပဲ ရောက်ရောက် ငါပျော်ပါတယ်.. ငါ့အတွက် မငိုပါနဲ့.. ငါ့ကျန်းမာရေး အခြေအနေကို နင့်ကို မပြောပြခဲ့တဲ့ အတွက် တောင်းပန်ပါတယ်.. နင် thesis အတွက် အလုပ်တွေ အရမ်း ရှုပ်နေတော့ ငါ့ကိစ္စကြောင့် နင်စိတ်အနှောက် အယှက် ဖြစ်မှာစိုးလို့ပါ.. ငါနင့်ကို မစိုးရိမ်စေ ချင်ဘူး..
နောက်နေ့ မနက် အိပ်ယာက မနိုးထနိုင်တော့မှာ စိုးလို့ ငါညတွေဆို အိပ်ရမှာ ကြောက်တယ်.. ငါ အိပ်ပျော်သွားခဲ့ရင်လည်း နောက်နေ့ မနက်မှာ နင့်ကို တွေ့ခွင့် ရပါစေ နင်နဲ့ အတူ ရှိခွင့်ရပါစေ လို့ ငါအမြဲဆုတောင်းတယ်.. ငါနင့်ကို အရမ်း ချစ်တယ်.. ဒီနေ့အတွက် နင်နဲ့ စကား အများကြီး မပြောရလို့ ငါအရမ်း ၀မ်းနည်းတယ်..
ဒါပေမယ့် ငါနင့်ကို နားလည်ပါတယ်.. နင် thesis မပြီးလို့ မဖြစ်ဘူးလေ.. ငါနင့်ကို အရမ်း အရမ်း ချစ်တယ်.. အမြဲတမ်း ကြံ့ကြံ့ ခိုင်ခိုင်နဲ့ ဘ၀ကို ရပ်တည်သွားမယ်လို့ ငါ့ကို ကတိပေးပါ.. ပြီးတော့ ငါအခု နင့်ဘေးမှာ ရှိနေတယ် အမြဲတမ်းလည်း ရှိနေမှာပါ "
ဘယ်သူမှ ကြိုပီး မမြင်နိုင်တဲ့ မနက်ဖြန်မှာ ပြောင်းလဲမှုတွေ အများကြီး ဖြစ်သွားနိုင်တဲ့ အတွက် သင် ချစ်ရတဲ့သူတွေကို တတ်နိုင်သမျှ အရာ အားလုံးထက် ပိုပြီး ဦးစားပေးသင့် ပါတယ်...
Anonymous
Post a Comment