သိန်း 8000 တန်ကား လက်ဆောင်ပေးတဲ့ ယောက်ျားကို လိုချင်ရင်
သိန်း ၈၀၀၀ တန် ကား လက်ဆောင်ပေးတဲ့ ယောက်ျားကို လိုချင်ရင် ကိုယ် ကိုယ်တိုင်က ရုပ်ပိုင်းရော စိတ်ဓာတ်ပိုင်းပါ အနည်းဆုံး သိန်း ၄၀၀၀ လောက် တန်အောင် ကြိုးစားပါ ။
ကိုယ်ကိုယ်တိုင်က ၁၀ တန်းကလည်း မအောင် ၊ ဝင်ငွေ တလ ၂ သိန်း မပြည့် ၊ ရုပ်ရည်က ရွက်ကြမ်း ရည်ကြို ၊ မိဘက လက်လုပ် လက်စား ၊ အဲ့လိုဟာမျိုးတွေက အခုတလော နံမယ်ကြီးနေတဲ့ သိန်း ၈၀၀၀ တန် ကား လက်ဆောင်ပေးတဲ့ post ကို သူတို့ ချစ်သူကောင်လေးတွေ ဝေါမှာ လာ လာ tag ကြတာ မြင်တော့ ကောင်လေးတွေ အစား ရင်နာမိတယ် ။
RO ခွင့်က ရှိပါတယ် ။ ဒါပေမဲ့ Overtine ခွင့်တော့ မရှိဘူး ။ ဒီတော့ လက်ချင်း ချိတ်ပြီး YBS တူတူ စီးရဲတဲ့ လက်တွဲဖော် အစစ် ကိုသာ ရှာကြပါ ညီလေးတို့ရေ ။
မင်းဆီမှာ ပိုက်ဆံ ၁ သောင်းပဲ ရှိမှန်း သိရက်နဲ့ ၈၀၀၀ သုံးတဲ့ မိန်းမဟာ မင်းဆီမှာ သိန်း ၁၀၀ ရှိရင် သူ သိန်း ၈၀ ကို ဖြုန်းဖို့ ဝန်လေးမှာ မဟုတ်ဘူး ။
ဒီတော့ မင်းရဲ့ ပိုက်ဆံ ၁၀၀၀၀ ကို မုန့် ၂၀၀၀ ဖိုးလောက် စားပြီး ကျန်တဲ့ ပိုက်ဆံကို မင်းအဆင်ပြေဖို့ အလိုက်တသိ ချန်ထားပေးတဲ့ မိန်းမမျိုးသာ မင်းရဲ့ လက်တွဲဖော် ဖြစ်သင့်တယ် ။
ဟိုဆိုင်က ဘူဖေး အဝစား ဘယ်လောက် ၊ ဟိုဆိုင်မှာ ညစာ စားရင် ဘယ်လောက် ၊ ဒါမျိုးတွေ share ပြီး " လိုက်ကျွေးပါလား ကိုကို " ဆိုတာ ထက် " ကိုကို့ကို ချစ် ဒါမျိုးလေး ချက်ကျွေးမယ် " " ကိုကို ဒါမျိုးလေး ကြိုက်လား ချစ် ချက်ပေးမယ် " ဆိုတာမျိုးပဲ ရေးသင့် တင်သင့်တယ် ။
ကောင်မလေးရဲ့ ဖိနပ်ကို ဒူးထောက် စီးပေးတဲ့ post တွေကို လက်ယားလို့ share ပြီး ဒါမျိုးမှ RO တယ်လို့ ထင်တာ ထက် ရွှေတိဂုံဘုရားပေါ် ဖိနပ်လေး ကိုယ်စီ ကိုင်ပြီး လှေကားထစ်တွေပေါ်တက် မင်းမျက်နှာလေးကို တစိမ့်စိမ့် ကြည့်ပြီး ပီတိဖြစ်နေမယ့် မိန်းခလေးမျိုးကို သာ ရှာသင့်တယ် ။
မော်တော်ကားကို သိပ်မက်တဲ့ မိန်းမဟာ ကားရှိတဲ့ လူကို တွေ့ရင် ပါသွားမှာပဲ ။ ကားစုတ်လောက်ပဲ ရှိတဲ့သူဆီ ကနေ နောက်ဆုံးပေါ်ကား ရှိတဲ့သူဆီ ပါသွားမှာပဲ ။ ချမ်းသာတာကို မက်တဲ့ မိန်းမမျိုးဟာ မင်းထက် ချမ်းသာတဲ့ သူကို တွေ့ရင် ပါသွားမှာ ။
Six pack ကိုမှ ကြိုက်တဲ့ မိန်းမဟာ မင်းရဲ့ ဗိုက် ပူလာတဲ့ အချိန် မင်းကို ထားခဲ့မှာပဲ ။ ရုပ်ချောတာ ကြိုက်တဲ့ မိန်းမက မင်း အိုမင်းလာချိန် မင်းထက် ပိုမို ချောတဲ့သူနဲ့ တွေ့ရင်ပါသွားမှာပဲ ။ မင်း ဖြစ်နေလို့ကို မင်းကို ချစ်နေတဲ့ မိန်းမမျိုး ကသာ မင်းကို သစ္စာရှိရှိနဲ့ တသက်လုံး ချစ်နေမှာ အသေအချာပဲ ။
မင်းမှာ ရှိတဲ့ မင်းမလုပ်နိုင်တဲ့ အရာတွေကို အပြစ်မြင် စောင်းမြောင်းနေမဲ့ အစား မင်း မလုပ်နိုင်တာ တွေကို သူ ဝိုင်းကူပြီး မင်လုပ်နိုင်စွမ်း ရှိတာတွေကိုလည်း အပြုံးတွေနဲ့ ချီးကျူးနေမယ့် မိန်းမမျိုး ကပဲ မင်းကို တဘဝလုံးစာ လက်တွဲထားနိုင်မှာ ။
မင်းဆီက ပို့လိုက်မဲ့ ချောကလက်နဲ့ ပန်းစည်းကို မျှော်နေတာထက် မင်းရဲ့ စာမေးပွဲ မင်းရဲ့ အလုပ်တွေ အတွက် ဘုရား ဆွမ်းတော်ကပ် ပန်းပူဇော်ပြီး မင်းနောက်ကွယ်မှာ မင်းအတွက် ဆုတောင်းပေးနေမယ့် မိန်းခလေးမျိုး ကသာ အမိနဲ့ တူသော မိန်းမ ညီမနှင့် တူသော မိန်းမမျိုးပါ ။
အဲဒီတော့ ဘုရားပွဲဈေးက ရဟက်စီးလည်း အတူတူ ၊ လေယာဉ်ကြီး စီးပြီး ရှော့ပင်း ထွက်လည်း အတူတူ ၊ နေကြာစေ့ တထုပ်ကို နှစ်ယောက် မျှ စားလည်း အတူတူ ၊ ဒေါ်လာ ၄၀ တန် ဘူဖေး စားကြလည်း အတူတူ ၊ မင်းငိုရင် တစ်ရှူး ထုတ်ပေးပြီး မင်းပျော်နေရင် သူလိုက်ရယ်ပေးနိုင်မယ့် မိန်းမမျိုး ကသာ ရိုးမြေကျ ဆိုတဲ့ စကားလုံးကို ကောင်းကောင်း နားလည်ပေးမှာ ။
တကယ် ချစ်စရာ ကောင်းပြီး တကယ် မေတ္တာ ရှိတဲ့ မိန်းခလေးက မင်းတို့အတွက် တနေရာမှာ စောင့်နေမှာပါ ။
အဲဒီတော့ နောက်ဆုံး မှာချင်တာကတော့ ၃၀,၀၀၀ တန် ပီဇာ တပြား စားရဖို့ အငတ်ခံ ငွေစုနေရ ဦးမယ့် အစား ၁၀၀ တန် စမူစာလေး စားပြီး ပိုငွေကို စုထားကြပါ ညေးတို့ ။
Sir Swa
Post a Comment