ဒီလို စိတ်ထားလေး ထားကြည့်ပါ..
ဘယ်သူတွေ ဘယ်လောက်ပဲ ကိုယ့်အပေါ် မုန်းမုန်း ပုံမှန် စိတ်ထားလေး ထားပီး ဆက်ဆံပေး လိုက်ပါ။ အချိန်တန်ရင် သူ့ လမ်းသူ သွားပါလိမ့်မယ် ။ နောက်ကွယ်မှာ ကိုယ့် အတင်းအဖျင်း ဘယ်လောက်ပြော ကြပါစေ လိုက်မရှင်းပါနဲ့ ။ အနေမှန်အောင် နေထိုင်လိုက်ပါ အဖြေမှန် ဆိုတာ အချိန်တော့ ပေးရတယ် ။
ဒါမဲ့ ဘယ်သူ မှန်တယ် မှားတယ် ဆိုတာ ပတ်ဝန်းကျင်က ဆုံးဖြတ် ပေးပါလိမ့်မယ် ။ ကိုယ့် မကောင်းကြောင်း ဘယ်လောက်ပြောပါစေ အလုံးလည်း မလျော့ဘူး အရပ်လည်း လျော့မသွားပါဘူး ။ သူများ မကောင်းကြောင်းပြောသူကိုသာ လူတွေက စက်စုတ်ရွံရှာကြတာ သဘာဝလေ ။
ကိုယ့်ကို ဘယ်လောက် တိုက်ခိုက် နေကြပါစေ ပြန့် မတုန့် ပြန်နဲ ။ အရေးမပါတဲ့ အရာတွေအတွက် အချိန်ကုန်တယ် စိတ်ပင်ပန်းတယ် ။ ကိုယ် လုပ်စရာရှိတာ ဆက်လုပ်ပါ အချိန်တစ်ခု ရောက်ရင် ကိုယ်က စင်ပေါ်က တိုက်ခိုက်သူတွေက စင်အောက်က ဆိုတဲ့ အဖြေပေးပါလိမ့်မယ် ။
ကိုယ့်ကိုယ် အပြိုင်ဆိုင် လုပ်နေလား.. လိုက်မတုပါနဲ့.. အပြိုင်အဆိုင်ရှိမှ တိုးတက်တယ်လို့  သဘောထားပြီး မိမိ လုပ်စရာကိုသာ နှစ်ဆတိုး လုပ်လိုက်ပါ ။ အချိန်တန်ရင် ပြိုင်ဆိုင်သူထက် ကိုယ့်ခြေလှမ်းက နှစ်ဆသာနေပါလိမ့်မယ် ။
လူဆိုတဲ့ သတ္တဝါတွေရဲ့ သဘာဝကိုက အဟိတ် တိရိစ္ဆာန်တွေ ထက်ပိုတဲ့ စိတ်တစ်ခု ပါလာပါတယ် ။ အဲ့ဒါကတော့ မနာလိုစိတ် ( မစ္ဆရိယ ) အားကြီးတာပါဘဲ ။ ကိုယ့်မျက်ချေးကိုယ် မမြင်တတ်တာ လူ့ သဘာဝလေ ။ သူများကို လက်ညှိုးတစ်ချောင်း ထိုးဖို့ သာ ဝန်မလေးတာ ကိုယ့်ကို မျက်စောင်းထိုးရင် အသား ဆတ်ဆတ်တုန် နာတတ်တာလည်း လူဆိုတဲ့ သတ္တဝါတွေ ပါပဲ ။
လူစိတ်ရှိပြီး စာနာစိတ်နဲ့  နေထိုင်ဖို့  မခက်ပါဘူး ။ ဘယ်သူ တရားပျက်ပျက် ကိုယ်မပျက်ဖို ပဲ ကြိုးစားနေထိုင်မယ်။ ဘယ်သူ့ အပေါ်မှ အမုန်းတရားကို ထားစရာမလိုဘူး ။ သူလည်း သူ့ထမင်းသူ စားနေတာ ကိုယ့်ထမင်း နပ်မှန်ဖို့ ပဲ ကြိုးစားဖို့ လိုတယ် ။
ငရဲဆိုတာ ကြောက်တတ်ရင် ဝဋ်ဆိုတာ ကြောက်တတ်ရင် ဘယ်သူ့ အပေါ်မှ အငြိုးထားနေစရာ မလိုပါဘူး ။ နေရာတိုင်းမှာ ကံ ' ကံ၏ အကျိုးကို ယုံကြည်မှုနဲ့  လုပ်ကိုင်မယ် ။ ပြဿနာတိုင်းမှာ "" အောင့်နိုင်ရင် အောင်တယ် ရှောင်နိုင်ရင် ဘေးကင်းတယ် "" ဆိုတဲ့ စိတ်လေးနဲ့  ရင်ဆိုင်မယ် ။
ကိုယ်ခံလိုက်ရတဲ့ နေရာတိုင်းမှာ ပြန်မတုန့် ပြန်ပါနဲ့  " နေပါစေ သူ့ ကို ဘုရား ဆုံးမလိမ့်မယ် " ဆိုတဲ့ အသိကို လက်ကိုင်ထားမယ် ဆိုရင် ကိုယ့်ဘဝနဲ့ ကိုယ် အေးချမ်းတယ် မပူလောင်တော့ဘူး ။ ဒီဘဝမှာ စိတ်ထားကောင်းထားပါရဲ့နဲ့  ဘာလို့ ဆင်းရဲဒုက္ခ ရောက်တာလည်း အတိတ်ကံပေါ့ ။
ဒါဆိုရင် နောင်ဘဝမှာ ဆင်းရဲခြင်းက လွှတ်အောင် ဒီဘဝမှာ မျိုးစေ့ ချခဲ့ရမှာပါလား ဆိုတဲ့ အသိနဲ့ ရှင်သန် ရခြင်းဟာ နေရာတိုင်းမှာ စာနာစိတ်တွေရှိလိမ့်မယ် ။ ကိုယ့်စိတ်နဲ့ ကိုယ်လွတ်လပ်စွာ ရှင်သန်ပါ။
စော်ကားခံလိုက်ရတိုင်း ခွင့်လွှတ်လိုက်တာ မဟုတ်ပေမဲ့ " နေပါစေလေ " ဆိုတဲ့ ဥပက္ခာစိတ်မွေးမြူလိုက်ရင် အနည်းဆုံးတော့ ကိုယ့်စိတ်တွေ အေးချမ်းမှုကို ပိုင်ဆိုင် လာပါတယ် ။
လောကမှ အရှုံးကြီး ရှုံးတယ် ဆိုတာ စိတ်ထားမမှန်သူတွေ အတွက်ဖြစ်သလို စိတ်ထား ဖြူစင်သူတွေအတွက် အောင်နိုင်ခြင်းက အမြဲတမ်း လက်တစ်ကမ်းမှာ ရှိနေပြီးသားပါ။
စာကိုနှစ်သက်ရင် လွတ်လပ်စွာ share နိုင်ပါတယ်ရှင်...
MayNoe
Post a Comment