ဒီနေ့မှာ ကျရောက်တဲ့ စိုင်းစိုင်းရဲ့ အသက်(၃၉)နှစ်ပြည့် မွေးနေ့
ဒီကနေ့ ဧပြီ (၁၀) ရက်နေ့ကတော့ ပရိသတ်တွေရဲ့ အချစ်တော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ အသက် (၃၉)နှစ်ပြည့် မွေးနေ့လေး ပါ။ စိုင်းစိုင်းကတော့ မိန်းကလေး ပရိသတ်တွေရဲ့ သဲသဲလှုပ် ၀န်းရံခြင်းကို ဆယ်စုနှစ် အတော်ကြာတဲ့အထိ သိမ်းပိုက် ထားနိုင်၊ သိမ်းပိုက်ထားဆဲ အနုပညာရှင် တစ်ယောက်ပါ။
အဓိက, ကတော့ ဂီတဘက်နဲ့ နာမည်ကြီး ကျော်ကြားတာဖြစ်ပြီး Hip -Hop ၊ Performance နဲ့ ကျော် ကြား တာဖြစ်ပြီး အခုအချိန်ထိ ပရိသတ်တွေ စိုင်းစိုင်းမှ စိုင်းစိုင်းဖြစ်နေရတဲ့ အကြောင်းအရင်းတွေ ထဲမှာတော့ သူ့ ရဲ့ Social Skill ကလည်း တစ်ခု အပါအ၀င်ပါ။
စိုင်းစိုင်းကိုတော့ (၁၉၇၉) ခုနှစ် ဧပြီ (၁၀) ရက်နေ့က မွေးဖွားခဲ့တာပါ။ အဆိုတော် ၊တေးရေး ၊မော်ဒယ်၊ မင်းသား၊ စာရေးဆရာ တစ်ယောက်ပါ။ တောင်ကြီးသား လေးပါ။ စိုင်းစိုင်းကတော့ “၀မ်းနည်း မှတ်တမ်း”၊ ”နွေရာသီ လမ်းခွဲ” ” မိန်းကလေး တစ်ယောက်ကို ချစ်မိရင်” အစရှိတဲ့ သီချင်းတွေနဲ့ နာမည်ကြီးလာပြီး ပရိသတ်တွေရဲ့ တခဲနက် အားပေးမှုကို ရခဲ့သူပါ။ ချောကလက်ရောင် ရေခဲအိမ်မျက်များ ဆိုတဲ့ အယ်ဘမ်ကတော့ သူ့ရဲ့ ပထမဆုံး အယ်ဘမ်ပါ။
အဲ့ဒီနောက်မှာတော့ “သူငယ်ချင်း များစွာ” ဆိုတဲ့ အယ်ဘမ်ကို (၂၀၀၁) မှာ ထွက်ရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ “စိုင်းစိုင်းဟု ခေါ်သည်” “ဒိတ်ဒိတ်ကြဲ” အစရှိတဲ့ အယ်ဘမ်တွေ ထွက်ရှိခဲ့ပြီး စိုင်းစိုင်းရဲ့ (၉) ခုမြောက်အယ်ဘမ် ဖြစ်တဲ့ “စိုင်းစိုင်းက စိုင်းစိုင်း” ကိုတော့ (၂၀၁၈) ဧပြီ (၁) ရက်နေ့မှာ ထွက်ရှိခဲ့ပါတယ်။
နှစ်စဉ်နှစ်တိုင်း သူ့ရဲ့ မွေးနေ့၊ ဧပြီလတိုင်းမှာ Show ပွဲ ကျင်းပလေ့ရှိတဲ့ စိုင်းစိုင်းကတော့ ဒီနှစ်မှာလည်း ပရိသတ်တွေနဲ့ အတူတွေ့ဆုံဦးမှာပါ။ (၂၀၀၄) မှ (၂၀၁၆) အထိ Show ပွဲပေါင်း(၁၂) ပွဲလောက် ကျင်းပခဲ့ပါတယ်။ ဂီတဘက်မှာ ထူးချွန်တဲ့ စိုင်းစိုင်းက သရုပ်ဆောင် အလုပ်တွေကို လုပ်တော့လည်း ပရိသတ်တွေက တခဲနက် လက်ခံ အားပေးခဲ့ပါတယ်။
သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး လူတစ်ချို့ရဲ့ ဝေဖန်ထိုးနှက်မှုတွေ နဲ့ ခံရပေမယ့်လည်း စိုင်းစိုင်းကေ တာ့ ဝေဖန်ထိုးနှက်မှု ဒဏ်တွေကို ကျေကျေနပ်နပ် လက်ခံ တုံ့ပြန်ပေးခဲ့တဲ့ အတွက် သူ့ရဲ့ fan တွေ အတွက်ကတော့ ပိုပြီး အချစ်ပိုစရာ ဖြစ်ခဲ့ပါတယ်။ ဂီတ၊ သရုပ်ဆောင် အလုပ်တွေပါ လုပ်တဲ့ စိုင်းစိုင်းကတော့ “မင်ရည်ကျဲ၏ မကျဲ၏ ” နဲ့ စက္ကူ ငှက်ဆိုတဲ့ ၀တ္ထုတွေကိုလည်း ရေးသားခဲ့ဖူးပါတယ်။
Happy Birthday par Sai Sai !! ဒီ့ထက်ပိုပြီးအောင်မြင်မှုတွေ အများကြီး ပိုင်ဆိုင်ပါစေ...
photos from sai sai













Post a Comment