ကမ်းခြေမှာ မြင်းစီးပီးလန်းနေတဲ့ နွယ်နွယ်ထွန်းရဲ့အလှ
လတ်တလော လူမှုကွန်ယက်မှာ ဆိုရင်တော့ အနုပညာရှင် မလေးတစ်ဦးဖြစ်တဲ့ နွယ်နွယ်ထွန်းရဲ့ ပုံရိပ်လေးတွေဟာ ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို များစွာ ရရှိနေပါတယ်။ သူမကတော့ post ပေးတဲ့နေရာမှာ ကျွမ်းကျင်လှတဲ့ သူတစ်ဦးဖြစ်တာကြောင့် သူမရဲ့ ပုံရိပ်လေးတွေတိုင်းက ဆွဲဆောင်မှု ရှိလှပါတယ်။
ဒီ ပုံရိပ်လေးတွေကတော့ နွယ်နွယ်ထွန်းရဲ့ ကမ်းခြေမှာ မြင်းစီးနေတဲ့ ပုံရိပ်လေးတွေဖြစ်ပြီး ပုရိသတွေရဲ့ အသည်းနှလုံးသားကို လေပြင်း တိုက်ခတ်စေနိုင်ခဲ့တဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ ထို ပုံရိပ်လေးတွေထဲမှာတော့ သူမရဲ့မျက်နှာလေးဟာ ပြုံးပျော်နေပြီး လှပလှတဲ့ ခန္ဓာကိုယ်ကောက်ကြောင်း လေးက ပေါ်လွင်နေတာကြောင့် ပုရိသိတွေရေ မကြွေပဲ နေနိုင်ကြမယ် မထင်ပါဘူး။
နွယ်နွယ်ထွန်းဟာ လတ်တလောမှာတော့ သီချင်း Mtv လေးတွေလဲ လက်ခံရိုက်ကူးလာတဲ့ အနုပညာရှင်မလေး တစ်ယောက်ဖြစ်ပြီး တေးသံရှင် သိန်းလင်းစိုးရဲ့ “ Senorita “ ဆိုတဲ့ တေးသီချင်းလေးထဲမှာလဲ ပါဝင် သရုပ်ဆောင် ထားတာပဲ ဖြစ်ပါတယ်။ ပရိတ်သတ်တွေရော ထိုMtv လေးကို ကြည့်ပြီးကြပြီလား။ သူမရဲ့ ပုံရိပ်လေးတွေကိုလဲ ပရိတ်သတ်တွေ ရှုမြင်ခံစားနိုင်စေဖို့အတွက် တင်ဆက်ပေးလိုက်တယ်နော်။
source - Nwe Nwe Htun
Post a Comment