Header Ads

အက်ရှင်ဇာတ်လမ်းရှည်ရိုက်ဖို့ အသက်အာမခံစာချုပ်ပါ ချုပ်ထားရတဲ့ စည်ဖြိုး


ဗီဒီယို ဇာတ်လမ်းတွေကို အားပေးကြတဲ့ မြန်မာရုပ်ရှင်ချစ် ပရိသတ်တွေရဲ့ အသည်းကျော် မင်းသားတစ်ဦး ဖြစ်တဲ့ စည်ဖြိုးကတော့ ပရိသတ်တွေရဲ့ အားပေးမှုနဲ့ ထိုက်တန်အောင် ကြိုးစားနေတဲ့ မင်းသား တစ်ဦးပါ။ ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင် သရုပ်ဆောင်တတ်တဲ့ စည်ဖြိုးကတော့ မကြာခင်မှာ အက်ရှင် ဇာတ်လမ်းတွဲ တစ်ခုကို ဇာတ်ဆောင် အနေနဲ့ ပါဝင်ပြီး ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။



အက်ရှင် ဇာတ်လမ်းတွဲတွေ များစွာ ရိုက်ကူးနေတဲ့ မင်းသားစည်ဖြိုးကတော့ မြန်မာလက်ဝှေ့လောက အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်မှာဖြစ်ပြီး သူကတော့ ဒီဇာတ်လမ်းတွဲအတွက် ပြင်ဆင်မှုတွေလည်း အများကြီး ပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒီအက်ရှင် ဇာတ်လမ်းတွဲ မရိုက်ကူးခင်မှာတော့ အသက်အာမခံအတွက် လက်မှတ်ထိုး ခဲ့ရတဲ့အကြောင်းကို စည်ဖြိုးက သူ့ရဲ့ ဖေစ်ဘုတ်ပေါ်မှာ တင်ထားတာဖြစ်ပါတယ်။




စည်ဖြိုးကတော့ ဒီစာချုပ်မှာ လက်မှတ် မထိုးခင်မှာ (၅) မိနစ်လောက်တော့ ဒီအတိုင်း ကြောင်ကြည့်နေမိခဲ့ကြောင်းကို သူရဲ့ ဖေစ်ဘုတ်ပေါ်မှာ ပြောထားပါတယ်။ ပရိသတ်တွေကတော့ စည်ဖြိုးရဲ့ အက်ရှင် ဇာတ်လမ်းတွဲကို ကြည့်ဖို့အတွက် စောင့်မျှော်နေကြပါပြီ။




Source: Si Phyo

No comments

Powered by Blogger.