Header Ads

ရေပန်းစားနေတဲ့ ဟာသဆန်ဆန် ရိုက်ကူးထားတဲ့ လုံချည်ကြော်ငြာ (ရုပ်သံ)


===============

နိုင်ငံခြားသား တွေကို ဆွဲဆောင်နိုင်ဖို့ ကမောက်ကမ ဟာသ ဆန်ဆန် ရိုက်ချက်တွေနဲ့ ဖန်တီးထားခဲ့တဲ့ လုံချည်ကြော်ငြာ ရုပ်သံ ဗွီဒီယိုဖိုင်ဟာ အင်တာနက် စာမျက်နှာတွေ ပေါ်မှာ ရေပန်းစား နေပါတယ်။ ဒီရုပ်သံ ဗွီဒီယိုဖိုင်ကို လုံချည် ညီနောင်များ (Longyi Brothers) အမည်နဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်ကတဆင့် မျှဝေ ထားခဲ့တာ ဖြစ်ပါတယ်။

ရုပ်သံ ဗွီဒီယိုဖိုင် အညွှန်းမှာတော့ “ဘောင်းဘီတွေ ဝတ်ရတာ ပင်ပန်းနေပြီလား။ ကျနော်တို့မှာ အဖြေရှိပါတယ်။ ကျနော်တို့ရဲ့ လုံချည်တွေက နူးညံ့တယ်။ ရာနှုန်းပြည့် ချည်သားတွေ။ လုံချည်က သက်တောင့်သက်သာနဲ့ အသုံးဝင် အဆင်ပြေစေတယ်လေ။ ဒီနေ့ပဲ စမ်းဝတ်ကြည့်လိုက်ပါတော့” လို့ အင်္ဂလိပ်လို ရေးသားဖော်ပြထားတာပါ။

သရုပ်ဆောင် ထားတာတွေထဲမှာတော့ ဘောင်းဘီကြပ်ကြပ်တွေ ဝတ်ပြီး ခက်ခဲ ပင်ပန်းမှုတွေကို ဟာသဆန်ဆန် အပြန်အလှန် မေးခွန်းတွေနဲ့ ရိုက်ကူးထားခဲ့တာ ဖြစ်ပြီး ဘောင်းဘီဝတ်ရတဲ့ ဒုက္ခက လွတ်မြောက်ဖို့ လုံချည်က ဘယ်လို အဆင်ပြေ လွယ်ကူတယ် ဆိုတာကို အသားပေး ရိုက်ကူးထားခဲ့တာကို တွေ့ရပါတယ်။


အလွယ်တကူ ဝတ်ရ လွယ်ကူစေတာ၊ ခါးတောင်း ကျိုက်ပြီး လိုရာပုံစံနဲ့ အတိုအနေနဲ့ ဝတ်ဆင်နိုင်တာ၊ သယ်ပိုးတဲ့ အိတ်အနေနဲ့ အသုံးပြုနိုင်တာ၊ လဲလှယ် ဝတ်ဆင်ရ လွယ်ကူတာမျိုးတွေ၊ အခင်းအနေနဲ့ အသုံးပြုနိုင်တာမျိုးတွေ စတဲ့ အသုံးဝင်တဲ့ ပုံစံအမျိုးမျိုးကို ဖန်တီးရိုက်ကူး ထားခဲ့တာပါ။


လက်ရှိမှာတော့ ဒီကြော်ငြာ ရုပ်သံ ဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၆ သောင်း ၆ ထောင်လောက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ လုံချည်ညီနောင်များ (Longyi Brothers) အမှတ် တံဆိပ်နဲ့ အာရှဒေသတွင်း ရိုးရာ ပုဆိုးတွေ ထုတ်လုပ်နေတဲ့ ဘန်ကောက် အခြေစိုက် လုံချည်လုပ်ငန်းက ကြော်ငြာထားတာ ဖြစ်ပါတယ်။

အောက်တွင် ရုပ်သံကြည့်ရှုနိုင်သည်..


By ဒီဗွီဘီ

No comments

Powered by Blogger.