Header Ads

ချစ်သူအပေါ် လိုတာထက် ပိုသဝန်တိုတတ်တဲ့ A သွေး


A သွေးလေးတွေက 👉စိတ်က ဓားလိုပြတ်တယ်။ 😌 ဂိတ်ဆုံးထိ သည်းခံ တတ်တယ်။ လွန်လာရင်တော့ ပြန်ချေပ လိုက်ရမှ ကျေနပ်ကြတယ်။😌 စိတ်ဆိုး ၊ဒေါသထွက်ရင် ခဏလေးနဲ့ ပြန်ပြေသွားတတ်ပေမယ့် စိတ်နာသွားရင်တော့ ဆွေမျိုးတောင် ပြန်လှည့်မကြည့် တတ်ကြဘူး😌

A သွေးလေးတွေက 👉သူငယ်ချင်း အများကြီး မရှိဘူး။ ရှိတဲ့သူငယ်ချင်းကိုပဲ စိတ်ရင်းနဲ့ ပေါင်းတယ်😌 သူငယ်ချင်းတွေ အတွက်ဆို အတိုင်ပင်ခံ အမတ်လေးနဲ့ တူတယ်😊 ဘာမဆို တိုင်ပင်လို့ရတယ်😊 အကောင်းဆုံး အကြံပေး တတ်ကြတယ်😊 မပြောပလောက်တဲ့ ကိစ္စဆိုရင် ဟာသနှောပြီး တစ်ဖက် သူငယ်ချင်းကိုအာရုံပြောင်းပေး လိုက်ကြတယ်☺

A သွေးလေးတွေက 👉စိတ်အားငယ်ပြီး နားလည်ရခက်တဲ့ သွေးပိုင်ရှင်တွေပါ😔 သူတို့ကို စိတ်ရှည်ရှည်နဲ့ နားလည် နှစ်သိမ့်ပေးနိုင်မယ့် လူတစ်ယောက် အမြဲ လိုအပ်ပါတယ်😔 ဘာလို့လဲဆိုတော့ စိတ်ဓာတ်တက်ကျ အရမ်းလွယ် အရမ်းမြန် တတ်ကြလို့ပါ😔 လက်တွေ့မှာတော့ ကိုယ်� ကိုယ်�ကိုပဲ အားပေးနှစ်သိမ့်နေ တတ်သူတွေပါ😌😌😌

A သွေးလေးတွေက 👉ကိုယ့်ကို လိမ်နေတယ် ဆိုတာ ကြိုသိနေတတ်ကြပါတယ်😌 ဒါပေမဲ့ ပြောလိုက်ရင် တစ်ဖက်သား ရှက်သွားမလား ဆိုတဲ့ စိတ်နဲ့ သိရက် အလိမ်ခံတတ်ကြပါတယ်😌

A သွေးလေးတွေက 👉 လူတိုင်းကို တော်ရုံ မျက်လုံးချင်းဆုံပြီး စကားမပြောတတ်ကြဘူး👀 သူတို့ကိုလည်း တော်ရုံ ဘယ်သူမှ မျက်လုံးချင်း စူးစိုက် မကြည့်နိုင်ကြဘူး👀 A သွေးတွေရဲ့ ဆွဲဆောင်မှုက 👀မျက်လုံး ဆိုလားပဲ😁😁😁

A သွေးလေးတွေက 👉အိပ်ကောင်းတုန်း လာနှိုးတဲ့အချိန် 👉 ကတိဖျက်ခံရတဲ့အချိန် 👉 သစ္စာဖောက်ခံရတဲ့အချိန် 👉 အကြာကြီးစောင့်ရတဲ့အချိန် အဲ့လိုအချိန်မှာပေါက်ကွဲမှုက လက်ပစ်ဗုံးလောက်တော့သနားတယ်😂😂😂

A သွေးလေးတွေက 👉ကိုယ့်ကို အသားလွတ် လာတိုက်ခိုက်ရင် တုံ့ပြန်သင်တ့ယ် ထင်ရင် တုံ့ပြန်ပါလိမ့်မယ်😌 မပြောပလောက်တဲ့ ကိစ္စလို့ ထင်ရင် အေးဆေး နှုတ်ဆိတ်နေပါလိမ့်မယ်😌

A သွေးလေးတွေက 👉ခရီးထွက်ရတာ၊ သီချင်း နားထောင်ရတာကို အရမ်း သဘောကျ တတ်ကြပါတယ်။ သီချင်းတစ်ပုဒ် ကြိုက်ရင် နောက်ကြိုက်တဲ့ သီချင်း အသစ် မတွေ့မချင်း ထပ်တလဲလဲ နားထောင်တတ်ကြပါတယ်😁😁😁

A သွေးလေးတွေက 👉သူတို့ရဲ့ အားနည်းချက် သူတစ်ပါးသိသွားမှာ အရမ်း ကြောက်တတ်ကြပါတယ်😔

A သွေးလေးတွေက 👉 ချစ်သူအပေါ် လိုတာထက် ပိုသဝန်တိုတတ် ကြပါတယ်😁 သူ့ချစ်သူကို ဆတ်ဆတ်ထိ မခံကြဘူး။ စနောက်လို့ မရဘူး😁 ချစ်သူနဲ့ ပတ်သတ်ရင် အစွဲအလမ်း ကြီးတတ်ကြတယ်။😌 အသေးအဖွဲကအစ အလေးအနက် ထားတတ်ကြတယ်😌 တခါတလေ စိတ်ကောက်နေပေမဲ့ ချစ်သူ စိတ်ပျက်မှာဆိုးလို့ ဘာမှ မဖြစ်ဘူးလို့ လိမ်လေ့ရှိတယ်😁 ချစ်သူကို အပြင် မှာနူးနူးညံ့ညံ့ မဆက်ဆံ တတ်ကြပေမဲ့ တကယ်တမ်းတော့ ရင်ထဲမှာ ချစ်သူထက် ပိုပြီး ချစ်ခင်ကြင်နာ တတ်ကြပါတယ်😌

A သွေးလေးတွေ 👉အများအားဖြင့် အမုန်းကို လျှိုဝှက်ထားတတ်ကြပါတယ်😌 လူတစ်ယောက်ကို အေးစက်စက် ကြည့်နေပြီ ဆိုရင်တော့ အဲ့လူကို သေလောက်အောင် မုန်းနေပါပြီ😌

A သွေးလေးတွေက 👉 စိတ်ဆိုးသွားရင် ဘာစကားမှ မပြောတော့ဘဲ တိတ်ဆိတ်သွားတတ်ကြတယ်😷 မေးကြည့် စိတ်မဆိုးဘူးပဲ ပြန်ဖြေလိမ့်မယ် တခြားဘာမှ ထပ်မပြောကြတော့ဘူး😂

A သွေးလေးတွေက 👉တစ်ယောက်တည်း နေရတာ သဘောကျပြီး အဆွေး သီချင်းတွေ ကြိုက်တတ်ကြတယ်😌 လူစည်ကားတဲ့ နေရာဆို မသွားတတ်ကြဘူး😌 လူနည်းနည်း များလာရင် အလိုလို စိတ်ရှုပ်လာ တတ်ကြတယ်😌

A သွေးလေးတွေက 👉အမှား တစ်ခုခု လုပ်ပြီးရင် သူတို့ မဟုတ်သလိုပဲ ခပ်တည်တည်နဲ့😂😂😂 အစအနောက်သန်တာလည်း ၂ ယောက် မရှိဘူး😁 သူများစိတ် ကသိကအောင့်ဖြစ်အောင် လုပ်တဲ့ နေရာမှာလည်းကျွမ်းကျင် ပါရဂူလေးတွေပါဗျာ😁😁😁

— feeling တူလား friတို့

Credit to original

No comments

Powered by Blogger.