ချစ်သူကို ဆံပင်ဆွဲပီး မျက်နှာကို ဖြတ်ရိုက်တဲ့အမျိုးသား ချက်ခြင်းပြန်ခံရ (ရုပ်သံ)
အကြမ်းဖက်တယ် ဆိုတဲ့ ကိစ္စဟာ အလွန် ဆိုးရွားပါတယ်။ ဒီထဲကမှ အမျိုးသမီးတွေကို အကြမ်းဖက်တာဟာ ပိုလို့တောင် ဆိုးရွားပါသေးတယ်။ အမျိုးသမီးတွေဟာ သဘာဝအားဖြင့် ခန္ဓာကိုယ် တည်ဆောက်မှုပိုင်းမှာ နုနယ်ကြသူ တွေပါ။ ဒါကို အနိုင်ကျင့်တတ်တဲ့ အမျိုးသားတွေက သူတို့မှာ ပိုင်ဆိုင်ထားတဲ့ ခွန်အားကို အသုံးချပြီး အားနွဲ့သူ အမျိုးသမီးတွေကို နှိပ်စက်ကလူ ပြုလေ့ရှိကြပါတယ်။ ဒီကိစ္စကို သမီး ရည်းစားနဲ့ လင်မယား စုံတွဲတွေမှာ အတွေ့ရများပါတယ်။ ပြဿနာ ဖြစ်တာနဲ့ လက်ပါတတ်တဲ့ ရည်းစား ဆိုးဆိုး၊ ယောက်ျားဆိုးဆိုးများ ရထားရင် အမျိုးသမီးတွေ အထောင်း ခံပေရော့ပဲ။ တစ်ခါတစ်လေလည်း အမျိုးသမီးတွေက အသိရ ခက်လှပါတယ်။ ဒီလောက် ကိုယ့်ကို ရိုက်နှက်နေလည်း ထွက်မသွားပဲ တွယ်ကပ်ပြီး အနှိပ်စက်ခံနေကြတဲ့ သူတွေလည်း ရှိနေပြန်ပါသေးတယ်။
အောက်မှာတော့ ဗီဒီယိုလေး တစ်ခုကို တွေ့ရပါလိမ့်မယ်။ ဗီဒီယိုထဲမှာ အမျိုးသား တစ်ဦးက အမျိုးသမီး တစ်ဦးရဲ့ လက်ကို ခပ်ကြမ်းကြမ်း ဆွဲပြီး ကားထဲက ထွက်လာပါတယ်။ နောက်ပြီး သူ့ရဲ့ ယောက်ျား ခွန်အားနဲ့ ထို အမျိုးသမီးရဲ့ မျက်နှာကို လွှဲရိုက် လိုက်ပါတယ်။ ရိုက်ချက် ပြင်းလွန်းတဲ့ အတွက် သနားစရာ ထို အမျိုးသမီးလေးဟာ မြေပြင်ပေါ်ကို ပုံရက်သား လဲကျသွား ပါတော့တယ်။
ပြီးတော့ သူမက လမ်းဆက် မလျှောက်နိုင်တော့ပဲ မျက်နှာကို လက်နဲ့အုပ်ပြီး မြေပေါ်မှာ ထိုင်ချလိုက်ပါတယ်။ မကြာပါဘူး။ ဒီ အဖြစ်အပျက်ကို အစအဆုံး မြင်လိုက်တယ် လို့ ထင်ရတဲ့ လူတစ်အုပ်က ထို အမျိုးသားဆီကို ပေါက်ချလာပါတယ်။ သူ့ကို ပတ်လည် ၀ိုင်းထားပြီး တစ်ယောက် တစ်လှဲ တစ်ပြန်စီ ထိုးခဲ့ကြကာ သင်ခန်းစာ ပေးခဲ့ကြပါတယ်။
ဒီဗီဒီယိုဖိုင်လေးက လတ်တလောလေးတင်မှ အွန်လိုင်းမှာ ခေတ်စား လာခဲ့တာဖြစ်ပြီး လူတွေတော်တော်များများ ကြည့်ရှုခဲ့ကြပါတယ်။ ယေဘုယျအားဖြင့် အကြမ်းဖက်ခြင်းဟာ လူတစ်ဦးနဲ့ တစ်ဦးကြားက ပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် ဒီကိစ္စမှာတော့ တစ်ခါတစ်လေ အကြမ်းဖက်မှုဟာ တချို့နေရာတွေအတွက် သင့်တော်တယ် ဆိုတာကို တွေ့မြင်နေရပါတယ်။ ဘာကြောင့်လည်း ဆိုတော့ အမျိုးသမီးလေးကို အကြမ်းဖက်ခဲ့တဲ့ ယုတ်မာသူ အမျိုးသားဟာ ချက်ခြင်း ၀ဋ်လည် အကြမ်းဖက်ခံရပြီး သူနဲ့ထိုက်တန်တာကို သူပြန်ခံစားခဲ့ရတာပဲ ဖြစ်ပါတယ်။
အောက်တွင် ရုပ်သံကြည့်ရှုနိုင်သည်...
လင်းလင်း (ShweMom)
Source: en.stories.newsner
Post a Comment