လမ်းခွဲကြမယ်တဲ့လား...
လမ်းခွဲကြမယ်တဲ့လား... သိပ်လွယ်ကူပါတယ် ရေစက်ပါလို့  ဆုံခဲ့ကြတယ် ရေစက်ကုန်ချိန် ကိုယ့်လမ်းကိုယ် လျှောက်ကြယုံပေါ့ .
မလွယ်ကူတာက ဘာလဲ.. ထားခဲ့မိတဲ့ သံယောဇဉ်ကြိုးတွေ အလွယ်တကူ ဖြတ်မရ နိုင်တာပဲ .
ပြန်တွေးကြည့်တော့ အပြစ်မလုပ်ထားတဲ့သူကို လမ်းခွဲဖို့ လွယ်လွယ် ပြောတဲ့သူတွေက အပြစ်ရှိနေတဲ့သူ အများစု ဖြစ်နေခြင်းပဲ အံ့သြမိတယ် .
အပြစ်မလုပ်ထားသူတွေဆိုတာ အမြဲလိပ်ပြာသန့် နေလို့  လွယ်လွယ်နဲ့  လမ်းခွဲစကားမပြောတတ်သလို ကိုယ်ကတန်ဖိုးထား ချစ်ရသူမို့  မရက်စက်ရက်ကြဘူး .
နောက်တစ်ခုက စာနာစိတ်ရှိတဲ့သူတွေ ရယ် အကြောင်းကြောင်းထောက်ထား တတ်သူတွေဆိုတာ လမ်းခွဲဖို့ စပြီး ဘယ်သောအခါမှ မပြောတတ်ကြပါဘူး . လမ်းခွဲကြပြီဆိုရင်တောင် သိက္ခာရှိရှိ နဲ့  ကျောခိုင်းသွားကြပါတယ်။ တဖက်သားကို နာကျင်စရာ ချန်မထားတတ်ခဲ့ကြပါဘူး ..
လမ်းခွဲချင်တဲ့သူတွေဟာ တချို့ ဆို ကလိမ်စေ့ဥာဏ်နဲ့  တဖက်လူကို စိတ်ပျက်အောင် စိတ်နာအောင် အမျိုးမျိုး လုပ်တတ်ကြတယ် . ပြဿနာသေးသေးကို ကြီးကြီးဖြစ်အောင်လုပ်တယ် . စကားသေးသေးကို အကျယ်ချဲ့  တတ်ကြတယ် . တဖက်စိတ်နာကျင်စရာတွေ ချန်ထားပြီးမှ ယုတ်မာစွာ လမ်းခွဲသွားတတ်ကြပါတယ် .
သူတို့ တွေ မသိလို့ ပါေ။ ရစက်ကုန်သွားရင် ဘယ်လောက်ချစ်တဲ့သူဖြစ်ပါစေ ဘယ်လို မေတ္တာထားတတ်သူဖြစ်ပါစေ ဘယ်လောက် သဘောထားကြီးသူဖြစ်ပါစေ လမ်းခွဲခြင်းအတွက် ပြင်ဆင်စရာမလိုသလို ကြံစည်ဖို့ လည်း မလိုအပ်ပါဘူး။ ကံတရားက ဖယ်ထုတ်ပေးလိုက်ပြီးသား .
လမ်းခွဲခြင်းမှာ ဘယ်သူအရှုံး ဘယ်သူအမြတ်လို့  မပြောသင့်ပေမဲ့ ဆုံးရှုံးသူက စပြောသူပါ . မကောင်းတဲ့သူကို စောစောလမ်းခွဲခွင့်အတွက် လူကောင်းတွေအတွက်တော့ အမြတ်ပါပဲ .
လူတစ်ဖက်သားရဲ့စိတ်ဒဏ်ရာ ပေးခဲ့သူဆိုတာ သူများစိတ်ထဲက နာကျင်မှု ဝမ်းနည်းမှုတွေရဲ့ မျက်ရည်အတွက် တသက်လုံး တချိန်မဟုတ် တချိန်ကတော့ လောကကြီးရဲ့ နိယာမအတိုင်း အကြွေးပြန်ဆပ်ရမယ်ဆိုတာ မြေကြီး လက်ခပ်မလွဲပါဘူး .
လူတဖက်သားစိတ်ကို နာကျင်အောင် လုပ်ထားပြီးရင် ကိုယ့်အလှည့် ကျရင်လည်း ခံနိုင်ရည်ရှိဖို့ လိုပါတယ် . ကိုယ်ကစပြီး လမ်းခွဲမယ် ပြောထားဖူးရင် ကိုယ့်အလှည့်ကျရင်လည်း သိက္ခာရှိရှိ လမ်းခွဲတတ်ဖို့  ပြင်ဆင်ထားသင့်ပါတယ် . အနိုင်ရတုန်း ပြုံးဖူးခဲ့ပြီး ကိုယ့်အလှည့်ကျရင်လည်း ပြုံးနိုင်ရပါမယ် . တူသောအကျိုးဆိုတာ စာနာမှု ခေါင်းပါးစွာနဲ့  ကိုယ်ကစ လမ်းခွဲခဲ့သူတွေ ပေးမှာ မဟုတ်ပါဘူး။ လောကပါဏ္ဍတရားက ပေးခြင်းပဲဖြစ်ပါတယ် .
credit#MayNoe
Post a Comment