Header Ads

မချစ်​သင့်တဲ့ လူကို မချစ်​ပါနဲ့


သင် စိတ်ညစ်နေတဲ့ အခါတိုင်း ဒီစာလေးကို ဖတ်ပါ ။

ဘယ်တော့မှ မချစ်​ပါနဲ့ ။ မချစ်​သင့်တဲ့ လူကို မချစ်​ပါနဲ့ ။

ဘယ်တော့မှ မ​မေ့ပါနဲ့ ။ ​မေ့ပစ်​သင့်တဲ့ လူ​တွေကို ​မေ့ပစ်​နိုင်​ဖို့ ။

ဘယ်တော့မှ မလွမ်းပါနဲ့ ။ မလွမ်းသင့်တဲ့ သူကို ဘယ်​​တော့မှ မလွမ်းနဲ့ ။

လူ​တိုင်းကို ကိုယ့်စိတ်​နဲ့ နှိုင်းပြီး ဘယ်​​တော့မှ မယုံကြည်​ပါနဲ့ ။ လူတိုင်းက ကိုယ့်စိတ်​လို့ မဟုတ်​ကြပါဘူး။

အခုချက်ခြင်း ပြင်​လိုက်​ပါ ။
အလကားနေ အားငယ်​တတ်​တဲ့ အကျင့်ကို ပြင်ပါ ​။
လူတိုင်း လူတိုင်းကို ယုံလွယ်​တတ်တဲ့ အကျင့်ကို ပြင်ပါ ​။
ကိုယ့်ကိုယ်ကို​ မယုံကြည်​တတ်တဲ့ အကျင့်ကို ပြင်ပါ ​။
တွေး​တွေးပြီး ၀မ်းနည်းတတ်​တဲ့ အကျင့်ကို ပြင်ပါ ​။
စိုးရိမ်​စိတ်​များနေတဲ့ အကျင့်ကို ပြင်​ပါ ။

သင်​က အားငယ်​တတ်​ရင်​ လူ​တွေက ချနင်းတယ်​ ။ တကိုယ်​​ကောင်း ဆန်​သင့်တဲ့ ​နေရာမှာ ဆန်​ပါ ။ မာနကြီးရမယ့် ​နေရာ မာနကြီးပါ။ အတ္တကြီးသင့်​တဲ့ ​နေရာ အတ္တကြီးပစ်​ပါ ။

ထစ်ခနဲဆို အားငယ်တတ်​ပြီး စိတ်​ညစ်​​နေ​ရင်​ လူတိုင်းက သင့်ကို လိမ်​ညာ လှည့်စားမှာပဲ ။ လူတ​ယောက်​က မနာလိုလို့ သင့်ရဲ့ မ​ကောင်း​ကြောင်းကို လုပ်ကြံပီး ​ပြောနေရင်​​တောင် ပြုံးပြုံး​လေး​ နေလိုက်​ပါ ။

လူတ​ယောက်​ရဲ့ လိမ်​ညာခံရခဲ့ရင်​ စိတ်​ညစ်​မ​နေနဲ့ ။ တခါပဲ လိမ်​ညာ ခံလိုက်​ပါ ။ လိမ်​ညာ ခံရတိုင်း သင့်အတွက်​ ရင့်ကျက်​မှု​တွေ ပါပဲ ။ လူ​တွေရဲ့ လှည့်စား ခံရ​လေ​လေ ကိုယ့်အတွက်​ ပညာရ​လေပါပဲ ။ အဲဒီတော့ လိမ်​စမ်းပါစေ ။ ညာစမ်းပါ စေ ။ မနာလို စမ်းပါ စေ ။ ပြုံးပြပြီး စိန်​​ခေါ်လိုက်​ စမ်းပါ ။

လူတယောက် ​ယောက်​​ကြောင့် သင်​က စိတ်​ညစ်​​နေရင်​ သင်​ဟာ အမြဲ ရှုံးနှိမ့်နေရမှာပဲ ။ ဘာ့အတွက်​ စိတ်​ညစ်​​နေ မှာလဲ ။ ကိုယ့် မိဘ ကိုယ့်မိသားစု အတွက်​ အားတင်းထားပါ ။ သင့်အတွက်​ အ​ကောင်းဆုံး​တွေ ဖန်​တီးရအုံးမယ်​ ။

သင့်​ရှေ့​ရေးအတွက်​ အကျိုးရှိတာတွေ လုပ်​ရ အုံးမယ် ​။ သင့် သံသရာ အတွက်​ ကြိုးစားရအုံးမယ် ​။ သင်​ကို လူတိုင်းကို အ​ကောင်းမြင်​ဖို့ ကြိုးစားရအုံးမယ် ​။

ဒီက​နေ့ စိတ်​ညစ်​ရင်​ ညစ်​​ပြစ်လိုက်​ပါ ။
ဒါ​ပေမဲ့ ... မနက်​ဖြန်​တိုင်းမှာတော့ သင်​ ပြုံး​ပျော်​နိုင်​ပါ​စေ ။

PTCM

No comments

Powered by Blogger.