ဧပြီလ ၇ ရက်မှာ မင်္ဂလာဆောင်တော့မယ် နီနီခင်ဇော်
ပရိသတ် ချစ်တဲ့ အဆိုတော် တစ်ဦးဖြစ်တဲ့ နီနီခင်ဇော် တစ်ယောက်ကတော့ မကြာခင်မှာ မင်္ဂလာဆောင်တော့မယ်လို့ ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။
တစ်ခြား အဆိုတော်တွေနဲ့ မတူပဲ ဖန်တီးမှု အပြည့်အ၀နဲ့ အဆိုပိုင်း ကျွမ်းကျင်ပိုင်နိုင်မှုတွေကြောင့် ပရိသတ် အားပေးမှုကို အပြည့်အ၀ ရယူထားသူ နီနီခင်ဇော်က ချစ်ရသူနဲ့ ဧပြီလအတွင်းမှာ မင်္ဂလာဆောင်တော့မယ့် အကြောင်းကို moda magazine ကနေ ပြောပြလာပါတယ်။
ဘယ်အချိန်မှာ မင်္ဂလာဆောင်မှာလဲ ဆိုတဲ့ မေးခွန်းကို နီနီခင်ဇော်က " မင်္ဂလာဆောင်ဖို့ အရမ်းကို နီးနေပါပီ ပရိသတ်ကြီး.. အရမ်းကို နီးနေပါပီ ၂ ပတ်လောက်ပဲ အချိန်ရှိတော့တယ်.. အဲ့ဒါ ဘာလဲဆိုတော့ ဧပရယ် ၇ ရက်နေ့မှာ စပီးတော့ မင်္ဂလာဆောင်ပါမယ်.. နီနီ ။ အင်းယားကန်မှာ မင်္ဂလာဆောင်ပါမယ် စင်ကာပူမှာ မင်္ဂလာဆောင်ပါမယ်.. ထူးခြားတဲ့ အစီအစဉ်လေးတွေ ရှိပါတယ်.. ပရိသတ်တွေ အားလုံးကို ဖိတ်ခေါ်ပါတယ် ဆိုပီး " ဖြေကြားခဲ့ပါတယ်..
source moda
loveshortnotes









Post a Comment