အမျိုးသမီးအင်္ဂါက အသားစနှစ်ခုကို ဖြတ်ပီးအလှဆင်ခဲ့တဲ့ အမျိုးသမီးငယ်
တနေ့တမျိုး မရိုးရအောင် ကြားသိနေရတဲ့ ထူးထူးဆန်းဆန်း တွေအထဲမှာ ဒီနေ့အတွက်တော့ ဗြိတိန်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ယောက် အကြောင်းလဲ ပါဝင်လာပါတယ် ။ သူမကတော့ ကမ္ဘာပေါ်မှာ ဘယ်သူမှ မလုပ်သေးတဲ့ ထူးထူးဆန်းဆန်း အလှဆင် ပစ္စည်းတစ်ခုကို ပြုလုပ်ခဲ့ပါတယ် ။
ဒါကတော့ Tracy Kiss လို့ခေါ်တဲ့ အမျိုးသမီးဟာ သူမရဲ့အမျိုးသမီး အင်္ဂါဟာ တခြားသူများထက် ထူထဲလွန်းနေတာကို မနှစ်မြို့တာကြောင့် ပါးလွှာသွားအောင် ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ် ။ ဖြတ်တောက်ပြီးလို့ ရရှိလာတဲ့ အဂါင်္အစိတ်အပိုင်း နှစ်ခုကို လှပတဲ့ လော့ကတ်သီးလေး တစ်ခုပြောင်းလဲကာ အလှဆင်ခဲ့တာပဲ ဖြစ်ပါတယ် ။
ဒီအင်္ဂါ အစိတ်အပိုင်း နှစ်ခုကိုတော့ ခရစ်စတယ်အဖြစ် သွင်းလောင်းကာ တောက်ပပြီးလှပတဲ့ ခရစ်စတယ် အမှုန်ကလေးများနဲ့ ထပ်မံရောစပ်ကာ အလှဆင်ခဲ့တယ် လို့ ဆိုပါတယ် ။ ဒီလို ထူးထူးဆန်းဆန်း လုပ်ခဲ့တဲ့ သူမရဲ့ အပြုအမူအပေါ် သူမကတော့..
“ ကျွန်မကိုယ်တိုင် မနှစ်မြို့ခဲ့တဲ့ အင်္ဂါ အစိတ်အပိုင်းတွေက အခုဆိုရင်တော့ တလတ်လတ် တောက်ပကာ လှပ လွန်း တဲ့ ရတနာလေးတစ်ခု အဖြစ် ပြောင်းလဲနိုင်ခဲ့ပြီ ဒီအတွက်ကြောင့် အရမ်းကို ဂုဏ်ယူမိ တယ်လို့ " ဆိုပါတယ် ။
Source – myanmarload.com











Post a Comment