Header Ads

လူတစ်ယောက်ရဲ့ ဘဝထဲကို မချစ်ဘဲနဲ့ ခုန်ဝင်ဖို့ မတွေးပါနဲ့..


လူတစ်ယောက်ရဲ့ ဘဝထဲကို တကယ် မချစ်ဘဲ ခုန်ဝင်ဖို့ တွေးမနေပါနဲ့... နှစ်နှစ်ကာကာ မရှိပါဘဲ Propose လုပ်ဖို့ မကြိုးစားပါနဲ့...။

Relationships တစ်ခုကို ပေါ့ပျက်ပျက်နဲ့ တည်ဆောက်လို့ရမယ် ဆိုပြီး ထင်ထား တွေးထားရင် မှားပါလိမ့်မယ်...။

ခုလက်ရှိ ချစ်သူက Anni တွေအများကြီး ဖြတ်သန်းသွားရမယ့်သူ ဖြစ်နိုင်သလို ဆံဖြူ သွားကြိုး သေတပန်သက်တဆုံးအထိ လက်တွဲသွားရမယ့်သူလည်း ဖြစ်သွားနိုင်တယ်လေ။

စိတ်ကစားရုံ သက်သက်နဲ့တော့ သူများဘဝထဲ ယောင်လို့တောင် မသွားပါနဲ့။

Ex နေရာ အစားထိုးရုံ လောက်နဲ့တော့ နေသားကျနေတဲ့ သူများဘဝထဲ ခလောက်မဆန်ချင်ပါနဲ့။

ခဏတာတွဲဖို့ အဆင့်လောက်နဲ့တော့ Clean ဖြစ်နေတဲ့ သူများဘဝထဲ အရောင်မဆိုးချင်ပါနဲ့။

အပျော်ထားချင်တယ်ဆို အပျော်နေတတ်တဲ့ သူကိုပဲ ရွေးလိုက်ပါ။

ယုတ်မာတတ်တဲ့ အကျင့် ရှိတယ်ဆို ကိုယ်နဲ့တူရာတန်ရာ ကိုသာ ရှာယူလိုက်ပါ။

ဘဝအတွက် တိုက်ပွဲဝင်နေတဲ့ သူတွေရယ်.. မိဘ Control အောက်က မလွတ်သေးတဲ့ မနူးမနပ်လေးတွေရယ်.. အားနာတတ် သနားတတ် အယုံလွယ်တတ်တဲ့သူတွေရယ်.. Family ကို အနစ်နာခံ ပေးဆပ်နေရသူတွေရယ်.. သစ္စာတရားကို ဘုရားလိုကိုးကွယ်တဲ့ သူတွေရယ်.. သူတို့တွေကို တကယ်မချစ်ဘဲ သွားမကစားပါနဲ့။

ကိုယ့်အတွက် အပျော်ဆိုပေမယ့်... သူတို့ရဲ့ အနာဂတ်တစ်ခုလုံး ဘဝတစ်ခုလုံးကို စုတ်ပျက်သတ်သွားစေတတ်လို့ပါလေ။     ။

credit #s_m

No comments

Powered by Blogger.