ကိုယ်ပိုင်အစွမ်းအစရှိတဲ့ မိန်းမတယောက်ဟာ...
မိန်းမထဲက မိန်းမ တယောက်ပါ ။ ဒါပေမဲ့ ကိုယ်ပိုင် အစွမ်းစ ရှိတဲ့ မိန်းမ တယောက်ဟာ လူတဖက်သားအပေါ် အားကိုးချင်စိတ် မရှိသလို ဖိအားလည်း မပေးတတ်ဘူး ။
ကိုယ့်ရဲ့ ကိုယ်ပိုင် အစွမ်းအစနဲ့ ကိုယ့်အားပဲ ကိုယ်ကိုးချင်တယ် ။ တခြားလူတွေရဲ့ ဖိအားပေးမှု ကိုလည်း လက်မခံ တတ်ဘူး ။ ကိုယ့်အစွမ်းအစနဲ့ အရာရာတိုင်းကို ရင်ဆိုင်ရဲတဲ့ သတ္တိရှိသလို ၊ ဒုက္ခတွေ့ရင်လည်း စိတ်အေးအေးနဲ့ ဖြေရှင်းတတ်တယ် ။
သူတို့ဟာ လူတိုင်း လူတိုင်း အပေါ်မှာ လေးလေး စားစား နဲ့ ဆက်ဆံတတ် သလို သူတို့ အပေါ်ကိုလည်း လေးလေး စားစား ဆက်ဆံတာကိုဘဲ လိုလားတယ် ။
ကိုယ်ပိုင်အစွမ်းအစ ရှိတဲ့ မိန်းမတွေမှာ ပိုင်ဆိုင်ထားတဲ့ အဓိက အရည်အချင်းကတော့ " ကိုယ့် ကြောင့် တပါးသူကို ဘယ်သော အခါမှ ဝန်ထုပ်ဝန်ပိုး မပေးတတ်ကြခြင်း " ဖြစ်ပါတယ် ။
သူတို့ရဲ့ နှစ်သက်စရာ အကောင်းဆုံး အမူ အကျင့် ကတော့ တပါးသူတွေ အပေါ် ဘယ်သော အခါမှ သံသယ စိတ်နဲ့ မဆက်ဆံတတ်ကြ တာကို လေးစားစရာ အကောင်းဆုံးဘဲ ဖြစ်တယ် ။
သူတို့တွေဟာ တော်တန်ရုံ တိုက်ခိုက်ခံရတဲ့ ကိစ္စတွေ ၊ သူတို့ နောက်ကွယ်က မကောင်းပြောကြ တာတွေ လောက်ကို ဦးဏှောက်ထဲ ထည့်မစဉ်းစား တတ်ကြဘူး ။
သူတို့ရဲ့ ချစ်စရာ အကောင်းဆုံး အမူအကျင့်လေးကတော့ လူတွေ အပေါ်မှုာ ဘယ်လို ကူညီရ ကူညီရ အပြုံးမပျက် တတ်တာပါပဲ ။
တခါ တရံမှာ ယောက်ျားဆန်တဲ့ သူတို့ရဲ့ အပြုအမူတွေဟာ မိန်းမသားချင်း အပြစ် မလွတ်သလို မြင်ရပါလိမ့်မယ် ။ ဒါပေမဲ့ အဲဒီလိုနေထိုင် တတ်တာ သူတို့ရဲ့ စရိုက် လက္ခဏာလို့ ပြောရင်လည်း မမှားပါဘူး ။
တခုလေးပဲ ။ လူတွေ အပေါ်မှာ သူတို့ ပြန်လိုချင်တာက စာနာစိတ်နဲ့ ပြန်ပေးတဲ့ နွေးထွေးတဲ့ မေတ္တာရယ် ကြင်ကြင်နာနာ နဲ့ ဆက်ဆံရေးလေးပါ ။
MayNoe

Post a Comment