Header Ads

အပျိုကြီးလုပ်ခဲ့ရင် အိုဇာတာကောင်းပါ့မလား စိုးရိမ်နေသူများအတွက်


အပျိုကြီးတော့ လုပ်ချင်တယ် ။ ဒါပေမယ့် အိုဇာတာ မကောင်းမှာတော့ ကြောက်တယ် ဆိုတဲ့ မိန်းခလေး 10 ယောက်မှာ 6 ယောက်လောက် ရှိတတ်ကြ ပါတယ် ။ ဒါပေမယ့် ကိုယ့်ရဲ့ အမြင်ကတော့ ဒါဟာ ရှေးရိုးစွဲ အယူအဆ သပ်သပ်သာ ဖြစ်တဲ့အပြင် တကယ့် လက်တွေ့ဘဝက အပျိုကြီးတွေ ကလည်း သူတို့နည်း သူတို့ဟန်နဲ့ အဆင်ပြေနေကြတာ ပါပဲ ။

တခု ရှိတာ ကတော့ ကိုယ့်အနေနဲ့ အသက်ကြီးရင် ခပ်ဂေါ်ဂေါ် Independent အပျိုကြီးတယောက် ဖြစ်ဖို့ အတွက် ဒီအချက်လေးတွေ ကိုတော့ သေသေ ချာချာ ကြိုတင် ပြင်ဆင် ထားဖို့တော့ လိုပါတယ် ။ 

1) မိမိ ကျန်းမာရေးကို အထူး ဂရုစိုက်ပါ

အဓိကတော့ ကျန်းမာရေး ဆိုတာ ရုတ်တရက်တင် ဖြစ်တာမျိုးတင် မဟုတ်ပဲ အသက်ကြီးတဲ့အခါမှ ငယ်ငယ်က ဆိုးခဲ့တဲ့ ဒဏ်တွေ ပြန်ထိတာမျိုးပါ ။ ငယ်တုန်းမှာ အားကစား မလုပ်ခဲ့ရင် အသက်ကြီးတဲ့အခါ အပင်ပန်းမခံနိုင်ဖြစ်မယ် ၊ အစားအသောက် မဆင်ခြင်ခဲ့ရင် ကြီးတဲ့အခါ ရောဂါမျိုးစုံ ဖြစ်လာမယ် ။

ပြောချင်တာက အပျိုကြီးဆိုတာ အားကိုး မှီခိုနေစရာမလိုပဲ Independent ဖြစ်နေဖို့ လိုတဲ့အတွက် ကိုယ့်ရဲ့ ရေရှည်ကျန်းမာရေးကို အခုတည်းက ဂရုစိုက်သင့်ပါတယ် ။

2) ကိုယ့် မိသားစု ဆွေမျိုးတွေ နဲ့ သူငယ်ချင်းမိတ်ဆွေ တွေကို ချစ်ခင်ပါ

ကိုယ့် အသက် ကြီးလာတဲ့အခါ ကိုယ့်ရဲ့ ဘေးမှာ လင်ယောက်ျားနဲ့ ၊ သားသမီး တွေ ဆိုတာ မရှိနိုင်တဲ့ အတွက် အဖေ အမေ ၊ ညီအကို မောင်နှမ နဲ့ သူငယ်ချင်းတွေ ပဲ ကိုယ့်အတွက် တသက်တာ အားကိုး ချစ်ခင်စရာ ဖြစ်မှာပါ ။

3) ငွေကို ကြိုတင် စုထား ပါ

အိုစာ မင်းစား ရှာတယ် ဆိုတာ ဒါမျိုးကို ရည်ရွယ် တာပါ ။ ပြီးတော့ တယောက်တည်း ခရီးတွေ ထွက်ပစ်မယ် ၊ ကမ္ဘာ ပတ်မယ် ၊ ဝယ်ချင်တာတွေ ဝယ်မယ် ၊ အရေးအကြီးဆုံး တချက် ကတော့ ကိုယ့် ကျန်းမာရေး အတွက် ပါ ။ 

4) မိမိ ဝါသနာ တခုခုကို သေသေချာချာ မွေးမြူပါ

အသက်ကြီးလာ လို့ ကိုယ့် ဘေးမှာ ဘယ်သူမှ မရှိမယ့် လူတယောက်ဟာ ကိုယ့်ကိုယ်ကို ပဲ ပြန်ပြီး Entertain လုပ်ရမှာ ပါ ။ အဲ့ဒီ အတွက် ငယ်ငယ်တုန်း ကတည်းက ကိုယ်ဝါသနာ ပါတဲ့ ကိစ္စရပ် တွေကို သေသေ ချာချာ ကြိုတင် လေ့ကျင့်ထားပါ ။
( ဥပမာ စာရေးတာ ၊ စာဖတ်တာ ၊ ပန်းချီဆွဲတာ ၊ သိုးမွှေးထိုးတာ ၊ ပီယာနို တီးတာ ဘာညာဘာညာပေါ့ )

ကဲ အဲဒီတော့ အပျိုကြီး လုပ်မယ့် လူတွေကို Mention ခေါ်လိုက်ကြပါအုန်းနော် ။

လူငယ်

No comments

Powered by Blogger.