Header Ads

ရည်းစား ထားရတာ ယောင်္ကျားလေးတွေ နစ်နာတယ်


ဘယ်ဘက်ကပဲ တွေးကြည့် တွေးကြည့် ယောက်ျားလေးတွေက ခံရတဲ့ ဘက်က ချည်းပဲ ။ စတွေ့ကထဲကလည်း ကိုယ်ကပဲ စ ပြီး ချစ်ရတယ် ။ အဖြေတောင်းပြန် တော့လည်း သူတို့က မူသေးတယ် ။ ဒါ ပြောရရင်တော့ ကျော်တို့ကို သက်သက် ညင်းဆဲတာဗျ ။

ပြီးတော့ အဖြေကဖြင့် မပေးရသေးဘူး ။ စည်းကမ်းက စ ထုတ်ပြီ ။ ဟိုလို စောင့်ကြည့်မယ် ၊ ဒီလို စောင့်ကြည့်မယ် နဲ့ ရည်းစားထားတာ သခင် တယောက် ဝယ်ရသလိုပဲ သူတို့ပြောသမျှကို နာခံနေရတာ ။

နည်းနည်းလေးများ ပြန်ပြောမယ် ဆိုလည်း မရွှေချောက နှုတ်ခမ်းလေးက စူပြီး မျက်စောင်း စစ်တပ်ကြီးနဲ့ ခြိမ်းခြောက်ပြန်ရော ။

အဲ အဖြေ ရပြန်တော့လည်း ကြည့်ဦး ။ သဲကို ချစ်ရင် ဒီလို မလုပ်ရဘူး ဟိုလို မလုပ်ရဘူးနဲ့ ။ နောက်တိုး စည်းကမ်းတွေက အမျိုးမျိုးပဲ ။ သူတို့ ထားသလို နေရတယ် ။ သူတို့ ပြောဆိုမှ ပြောရတယ် ။ ကိုယ့်ကိုယ်ကို တောင် အရုပ်ဖြစ်မှန်း မသိ ဖြစ်လို့ ။

ချိန်းတွေ့ရင်လည်း သူတို့က တနာရီလောက် နောက်ကျရင် အာဘွား ဘွာတေး ။ ကိုယ်တေကို ၃ မိနစ်လောက် စောင့်ရပြီဆို ပါးစပ်က ပွစိ ပွစိနဲ့ မပြီးတော့ဘူး ။ ညဘက် လိုင်းပေါ်မှာ စကားပြောလည်း ဘာထူး သလဲ ။

သူတို့များ အိပ်ချင်ပြီဆို ချက်ချင်း goodnight လုပ်တာ ။ ကိုယ်တွေများ အိပ်ချင်လို့ goodnight ရင် ... ဘာလဲ မချစ်တော့တာ လား ။ စောင်ချိုးပြောင်းတာလား ဘာလား နဲ့  စွတ်စွဲချက်တွေက ဒလဇက် ။

ချစ်သူတယောက် ရပြီ ဆိုတာနဲ့ လာပါပီ ။ ဟိုသူငယ်ချင်း မိန်းကလေးကို စာမပြန်နဲ့၊ ဟိုကောင်မလေးကို အန်ပြစ်နဲ့ ဂျစ်တိုက်သေးတာ ။ ကိုယ် သူ့ကို ရည်းစား စကား ပြောမိတဲ့ အထဲမှာ ငါ့ကို ကြိုက်သလို ထိန်းချုပ်ပါ လို့လည်း ထည့်များပြောမိ သလား လို့ ခဏခဏ ပြန်စဉ်းစား နေမိတယ် ။

ဒီထက် ဆိုးတာက မြင်ကရာ ကောက်တယ် ။ တွေ့ကရာ ကောက်တယ် ။ ကောက်စရာ မရှိရင် ရှာကြံ ကောက်တယ်။ ခေါင်းထဲ ပေါ်လာသမျှ စွတ်စွဲပြီး ကောက်တယ်။ ကိုယ်တွေမှာ မမှားပဲ သူ့ချည်း လိုက်ချော့နေရတဲ့ ဘဝ ။

မနက်ခင်း ၊ နေ့လည် ၊ ည သူ့အတွက်ကို သံပတ် နာရီ တလုံးလို အချိန်မှန် ဖုန်းက ဆက်ရ သေးတယ်။ သူ တနေရာရာ သွားချင်ပြီဆို ကိုယ်က အဆင့်သင့် အားနေ ပေးရသေးတယ် ။

သူနဲ့ အိမ်ထောင် ကျသွားလို့များ လူကြီး ဆန်သွားမယ် မထင်လိုက်နဲ့ ။ ကောက်တာက သေတောင် မပျောက်ဘူး ။ မလှတော့ရင် ထားခဲ့မှာ ကြောက်လို့ ဆိုတဲ့ ဆင်ခြေနဲ့ အလှချည်း ထိုင်ပြင်နေ ပြန်ရော ။ ဒီကြားထဲ ကိုယ့်ကို အမျိုးမျိုး စစ်ဆေးနေတာက တရားရုံးက တရားခံ တယောက်လိုပဲ ...

ဒါတွေကြောင့်ပြောတာ...

သေချာ စဉ်းစားကြည့်.. ယောက်ျားလေးတွေ ရည်းစား ထားတယ် ဆိုတာက လူ့တဖက်စာ ကျောက်တုံးကြီးကို ရွှေရည် စိမ်ပြီး လည်ပင်းမှာ ဆွဲထားရတာနဲ့ တူတယ် ။ အများ အမြင်မှာတော့ တော်တော် တောက်ပြောင်နေတယ်ပေါ့ ။

ကိုယ် ခံစားနေရတဲ့ ဒုက္ခတွေ ကိုတော့ ကိုယ်ပဲ သိတယ်လေ ။

Credit

No comments

Powered by Blogger.